တောနေရသေ့က မွေးစားထားသော မိန်းကလေး။ သမင်မနို့ရည်ကို တိုက်ကျွေးကာ ကြီးပြင်းလာသည်မှ ဒဏ္ဍာရီဆန်ဆန်ယုံကြည်မှု။ တောနေရသေ့၏ကျင်ငယ်ရေကိုလာသောက်လေ့ရှိသော သမင်မကမွေးသည့် လူသားစင်စစ်မိန်းကလေးဟုသာဆိုကြသည်။ ရသေ့ကမွေးစားထားပြီး အဓိဋ္ဌာန်ပြု၍ လက်ညှိုးမှ နို့ချိုထွက်စေကာ တိုက်ကျွေးမွေးမြူစောင့်ရှောက်ခဲ့ကြောင်းလည်းပါဝင်သည်။ မွေးရာပါ မျက်စေ့ကွယ်နေသဖြင့် ရေမျှောစွန့်ပစ်ခံရသော စူဠသမ္ဘာဝနှင့်မဟာသမ္ဘာဝ ညီနောင်မျက်စေ့မြင်လာပြီးနောက်ပိုင်း အပေါက်ကျဉ်းဘူးသီးခြောက်တစ်လုံးဖြင့် ရေခပ်နေသော မဗေဒါအားတွေ့ဆုံကာဗူးပေါက်ကိုချဲ့ထွင်ပေးခဲ့သည်။ (ရသေ့ကြီးက ကျောင်းသင်္ခန်းနှင့်မအပ်စပ်သော မိန်းမသားဖြစ်နေ၍ ရေခပ်ရင်းအချိန်ကုန်နေအောင်စီစဉ်ထားခြင်းဖြစ်သည်ဟုအဆိုရှိသည်။)