ရေရိုးကျချောင်းကလေးများအတွင်း၌ ၆ တောင် ၇ တောင်ခန် ့ရှည်သည့်ယင်းပြား ၃-၄ ပြားကို တစ်ပြားနှင့် ဆက်စပ်ကာ ဝိုင်းပြီးလျှင် အဝ၌ တစ်ပေခန့်အကွာ ငါးများဝင်ရန်၊ ယင်းအပြားအဖျား ၂ ဖက်ကို အတွင်းဘက်သို ကွေ့ဝင်၍ထားရသည်။ အဝတစ်ဖက်တစ်ချက်၌လည်း ယင်းပြားများဖြင့်ပင် လက်တံ ၂ ခုထားရှိရသည်။ ၎င်းကို "ဗျပ်အိုး"ဟုခေါ်သည်။ ၎င်းဗျပ်အိုးအတွင်း ဝင်သမျှ ငါးများကို ယင်းပြား အနောက်ဘက်ရှိ စပ်ကြောင်းများ၌ ချည်ထားသည် ကြိုးကို ဖြည်၍ဝင်ပြီးမိသော ငါးများကို ဖမ်းသယ်ယူကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ရွှေဝယ်ဧ ရေးသည့် တံငါကိရိယာ သိကောင်းစရာ၊ ၁၉၆၇ ခုနှစ်၊ မေလထုတ်၊ မြဝတီမဂ္ဂဇင်း စာမျက်နှာ(၆၅-၇ဝ)