(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အရဟတ္တဖိုလ်ကို ပြောကြားသည့် ပုဂ္ဂိုလ်ငါးဦးတို့ကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] အရှင်မောဂ္ဂလာန်ထေရ် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရဟတ္တဖိုလ်ကို မမှန်မကန်ပြောကြားမှုကို အကြောင်း ပြု၍ ဤဓမ္မဝိနယ သာသနာတော်၌ ကြီးပွားစည်ပင်ပြန့်ပြောခြင်းသို့ မရောက်နိုင်သော တရားဆယ်မျိုးတို့ကို ရဟန်းတို့အား အရှင်မောဂ္ဂလာန်ထေရ် ဟောကြားတော်မူသည့်သုတ်။ [၃]


ဗျာကရဏသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ကို ပြောဆိုခြင်းငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄]

ဗျာကရဏသုတ် ပြင်ဆင်ရန်

ရဟန်းတို့ အရဟတ္တဖိုလ်ကို ပြောဆိုခြင်းတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -

(ပညာ) နုံ့သည်၏ အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊ ယုတ်ညံ့သော အလိုရှိသည် အလိုဆိုး နှိပ်စက်အပ်သည်ဖြစ်၍ အရဟတ္တဖိုလ်ကို ပြောဆို၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊ အထင်ကြီးခြင်းကြောင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊ အကြောင်းမှန်အားဖြင့် အရဟတ္တဖိုလ်ကို ပြောဆို၏။

ရဟန်းတို့ အရဟတ္တဖိုလ်ကို ပြောဆိုခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၄]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၁၀၄။ အံ၊မြန်၊၂၊၁၂၇-၈။ အံ၊ဋ္ဌ၊၃၊၄၀။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၁၀) ၅-ကကုဓဝဂ္ဂ၊ တတိယသုတ်။
  2. -အံ၊၃၊၃၈၀-၂။ အံ၊မြန်၊၃၊၃၇၆-၈။ အံ၊ဋ္ဌ၊၃၊၃၂၅။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၉) ၄-ထေရဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ၄.၀ ၄.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၁၀) ၅ - ကကုဓဝဂ် ၃- ဗျာကရဏသုတ်