ဗျာပါဆံဟူသည် ရှေးမိန်းမငယ်များ နားနောက်၌ ခပ်တိုတိုဖြတ်၍ချထားသော ဆံပင်ပုံစံကို ခေါ်သည်။ အင်းဝခေတ်တွင် ပေါ်လာသော်လည်း အမရပူရခေတ်တွင် ထင်ရှားသည်။ [] ပူပန်သောက (ဗျာပါ) ရှိသူတို့ ဆံမသိမ်းနိုင်သဖြင့် ထိုသို့ကျသည်ကို တင့်တယ်ဟန်ထင်ကာ အတုလိုက်ရာမှ အလေ့ဖြစ်ဟန်တူကြောင်း ဦးဖိုးလတ်က ဆိုထားသည်။ []

မြန်မာအမျိုးသမီးတို့ ဆံပင်ပုံစံ တစ်မျိုး (ဗျာပါဆံ)

ပေါ်ပေါက်လာပုံ

ပြင်ဆင်ရန်

ရှင်မြတ်လှ (မင်းမြတ်လှ) သည် မိဖုရားကြီးဖြစ်ရန် မျှော်မှန်းသော်လည်း ဘုရင်မင်းခေါင်က မိုးညှင်းမြို့စား မင်းဥဒိန် နှင့် စုံဖက်ပေးရန် စီစဉ်သည်။ [fn ၁] အမိန့်အား မလွန်ဆန်ဝံ့ရာ မြစ်ဆိပ်သို့ဆင်း၍ လှေနံ၌ဆံထုံးတင်ဖြတ်ပြီး ရေ၌ မျှောသည်။ အထုံးပြတ်သော်လည်း ဆံတိုဆံစများမှာ ကားရယားဆင်း၍ တစ်မျိုးကြည့်ကောင်းနေရာ အမိန့်ပြန်သူ ဘိုးရာဇာက "ကပိုကရို ဗျာဆံဝိုက်နှင့် နန်းထိုက်တဲ့တို့ခင်လေး" ဟု မင်္ဂလာစကား ဆိုသည်မှသည် ဗျာပါဆံ ဟူ၍ ပေါ်ပေါက်လာသည်။ []

စာပေထဲက ဗျာပါဆံ

ပြင်ဆင်ရန်

ရာမ ရကန်

ပြင်ဆင်ရန်

ဦးတိုးက ရာမရကန်၌

ဗျာပါဆံစွယ်စုံကို အပုံကြီးလည်းမချဘူး ပါးအထက်မှာငှက်လိပ်ပြာပျံ ရွှေတာင်ပံသွဲ့ နွဲ့သနှင့်စိမ်းသနှင့် ပလိမ်းတုံးမို့ လက်သန်းလုံးခန့် ယဉ်စံ့လို့ချတတ်သည့် မိန်းမဂုဏ်စံ နည်းရစ်တန်နှင့်

ဟု ဆိုထားသည်။

သံဝေဂ လေးဆစ်သဖြန်

ပြင်ဆင်ရန်

မိဖုရား ရှင်မင်းက သံဝေဂလေးဆစ်သဖြန်တွင်

ဗျာကေ[fn ၂]ကို သာခွေရုပ်ပါလို့

ခွံလျှော်တေ ဖန်ရေအုပ်ကယ်နှင့်

လဲ့လုပ်ကဲ့ ကြော့ဒေဝီမှာ

ယောဂီတို့ ကျင့်နည်း

ဟု စပ်ဆိုဖူးသည်။

အောက်ခြေမှတ်စု

ပြင်ဆင်ရန်
  1. မဟာရာဇဝင်၌မူ မင်းဥဒိန်အား ပေးသည်မှာ မိဖုရားငယ် ရှင်မိမြတ် ဖြစ်သည်ဆို၏။ ရှင်မြတ်လှမှာ ဘုရင်မင်းခေါင်နှမ (နောင်သော် သုပဘာဒေဝီ ဘွဲ့ဖြင့် ရာဇာဓိရာဇ်၏ မိဖုရား) ဖြစ်လေရာ ဖီလာသွားနေသည်။
  2. ဗျာပါရကေသ (ပါဠိ) ဗျာပါဆံ
  1. ရွှေကိုင်းသား။ "ဆင်ယင်ထုံးဖွဲ့မှု"၊ တတိယအကြိမ်။ ကြီးပွားရေး စာအုပ်တိုက်၊ မန္တလေး။ ၂၀၀၅၊ ဒီဇင်ဘာ။
  2. ဦးဖိုးလတ်၊ သီချင်းပဒေသာ၊ ပထမအုပ်၊ စာ ၁၃၃
  3. "ရှင်မြတ်လှ၏ မိဖုရားသွေး"။ ပြုပြင်ရေး မဂ္ဂဇင်း။ ၁၉၃၅၊ ဇွန်။