ဗျူးပွိုင့်ကမ်းခြေအပန်းဖြေစခန်း(စစ်တွေ)

ဗျူးပွိုင့်ကမ်းခြေသည် စစ်တွေမြို့၏ တောင်ဘက်အစွန်းဆုံး၊ ဘင်္ဂလားပင်လယ်အော် နှင့် ကုလားတန်မြစ်နဖူးကြား တွင်တည်ရှိပြီး ပွိုင့်ကမ်းခြေဟုလည်းလူသိများသည်။ ပွိုင့်ဟုခေါ်ဆိုရခြင်းမှာ မြို့၏အစွန်ဆုံးအပိုင်းတွင် ရှိသောကြောင့် ဖြစ်သည်။ ထိုကမ်းခြေတွင် ရှုခင်းခံစားနိုင်ရန် ရင်ပြင်ကျယ်တခုရှိပြီး ရှုခင်းကြည့် တာဝါတခု၊ မီးပြတိုက်တခု၊ ရခိုင့်ရိုးရာ အထိမ်းအမှတ် သင်္ကေတဖြစ်သည့် ရခိုင့် ဒဏ္ဍာရီ ရခိုင်ဗျာလ်( နဝရူပ ဗျာလ် လည်းခေါ်ဆိုကြသေးသည်) ရုပ်တု တခု နှင့် နပန်းထိုးသတ်နေသည့်ဟန် ရခိုင့်ရိုးရာ ကျင် ရုပ်တုကိုလည်း တွေ့ရှိနိုင်သည်။ ၎င်းအပြင် ရင်ပြင်တွင် ပလွေမှုတ်နေဟန် ရုပ်တုကြီး တခုနှင့် ၅ပေခန့်ရှည်သောရှေးဟောင်းအမြောက်တစ်ခုရှိသည်။ ထိုရင်ပြင်၏အစွန်သည် တောင်ဘက်စွန်းစွန်းသို့ ဦးတည်လျက်ရှိပြီး ထိုတည့်တည့်တွင် လေးချမ်းတောင် ဟုခေါ်သော မီးပြတိုက်ဟောင်းတခု တည်ရှိသည်။[၁]

Sittwe View Point Park in 2017 March 26


ဓညဝတီရေတပ်စခန်းသည် ပွိုင့်ကမ်းခြေအနီးတွင် တပ်စွဲလျက်ရှိသည်။


ကိုးကားပြင်ဆင်