ဗြဟ္မဝိဟာရ ၄ပါး
ဗြဟ္မဝိဟာရ လေးပါး တို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ဖြစ်သည်။ ဗြဟ္မာတို့၏ နေထိုင်ပုံနှင့် တူသဖြင့် ဗြဟ္မဝိဟာရဟု အမည်တွင်သည်။ ထို့ပြင် ဗြဟ္မစိုရ်တရား ဟုလည်း ခေါ်သည်။ တရားရှုပွားရာတွင် သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အကန့်အသတ်မရှိဘဲ ရှုပွားနိုင်သဖြင့် အပ္ပမညာ လေးပါး ဟုလည်း ခေါ်သည်။[၁]
မေတ္တာဘာဝနာ
ပြင်ဆင်ရန်သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ခန္ဓာ့ဝန်ကို ကျန်းမာချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။[၁]
ကရုဏာဘာဝနာ
ပြင်ဆင်ရန်ဆင်းရဲသော သတ္တဝါတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။[၁]
မုဒိတာဘာဝနာ
ပြင်ဆင်ရန်ချမ်းသာသောသူ တစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ မိမိတို့ တရားသဖြင့် ရရှိထားသော ပစ္စည်းဥစ္စာများ မဆုတ်ယုတ်ကြပါစေနှင့်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။[၁]
ဥပေက္ခာဘာဝနာ
ပြင်ဆင်ရန်သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြု၍ သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။[၁]