ဗြိတိသျှတော်ဝင်မိသားစုတွင် အကြီးအကဲမှာ တတိယမြောက်ချားစ်ဘုရင်ဖြစ်သည်။မျိုးရိုးနာမည်(last name)မှာ Windsor (ဝင်ဆာ)ဖြစ်သည်။ဒုတိယအဲလစ်ဇဘက်ဘုရင်မကြီးနန်းတက်ပြီး‌ေနာက်ပိုင်းတွင် ကြင်ယာတော်ဖိလစ်မင်းသားကြီး၏မျိုးရိုးနာမည်‌ေမာင့်ဘက်တန် (Mountbatten)ကိုပါပေါင်းထည့်ခဲ့သဖြင့်ဗြိတိသျှမင်းမျိုးတို့၏Last Nameမှာ မောင့်ဘက်တန်-ဝင်ဆာ(Mountbatten-Windsor )ဖြစ်လာခဲ့သည်။ဗြိတိန်တွင်သားအကြီးဆုံးဖြစ်သူနန်းလျာမင်းသားအား ဝေလမင်းသားဟုခေါ်ဆိုလေ့ရှိကြသည်။၎င်းဝေလမင်းသားနှင့်ဝေလမင်းသမီးတို့သည်ဘုရင်နှင့်ဘုရင်မပြီးလျှင်ရာထူးအကြီးဆုံးဖြစ်ကြသည်။ဗြိတိန်မင်းသမီးတို့တွင် ဘုရင်၊ဘုရင်မ၏သမီးတော်အကြီးဆုံးဖြစ်သူမှာ တော်ဝင်မင်းသမီး(Princess Royal)ဘွဲ့ခံယူရ၍ဝေလမင်းသမီးပြီးလျှင်ရာထူးအကြီးဆုံးဟုဆိုနိုင်သည်။ဗြိတိန်တော်ဝင်မိသားစုဝင်များသည်မြို့စား၊နယ်စားအနေဖြင့်ချီးမြှင့်ခံရလေ့ရှိသည်။ထို့ကြောင့်မြို့စား၊နယ်စားအများစုသည်တော်ဝင်မိသားစုဝင်များဖြစ်ကြသည်ကိုတွေ့နိုင်သည်။ဗြိတိန်တော်ဝင်အစဉ်အလာအရ ဒုတိယမြောက်သားအား ယော့ခ်မြို့စား(Duke of York)အရာပေးလေ့ရှိသည်။သားအကြီးဆုံးမှာဝေလမင်းသားအပြင် Cornwallနှင့် Rothesay မြို့တို့၏မြို့စားအရာပါချီးမြှင့်ခြင်းခံရသည်။ ဗြိတိန်တော်ဝင်အဆင့်အတန်းများ-

    • ဘုရင် ၊ ဘုရင်မ
    • အိမ်ရှေ့မင်းသား(ဝေလမင်းသား)၊အိမ်ရှေ့မင်းသမီး(ဝေလမင်းသမီး)
    • မင်းသား ၊ မင်းသမီး
    • မြို့စား ၊ မြို့စားကတော်
    • နယ်စား ၊ နယ်စားကတော်
    • လော့ဒ် ၊ လေဒီ တို့ဖြစ်သည်။
      House of Windsor
      British Royal Family at balcony ဝင်ဆာမင်းမျိုးဗြိတိန်တော်ဝင်မိသားစု

လက်ရှိမိသားစုဝင်များ ပြင်ဆင်ရန်

တော်ဝင်မိသားစုဝင်များမှာ :

  • တတိယမြောက်ချားလ်ဘုရင်နှင့် မိဖုရား ကယ်မီလ်လာ ပါကာဘိုးလ်စ်
  • ချားလ်ဘုရင်၏သားတော်ကြီး ​အိမ်ရှေ့စံဝေလမင်းသားဝီလ်ယံနှင့်အိမ်ရှေ့ဝေလမင်းသမီးကတ်သရင်း(ကိတ်မစ်ဒယ်တန်)
  • မင်းသားဝီလ်ယံ၏ သားဝေလမင်းသားဂျော့ချ်
  • မင်းသားဝီလ်ယံ၏သမီးတော်လတ် ဝေလမင်းသမီး ရှားလတ်
  • မင်းသားဝီလ်ယံ၏သားတော်လေး ဝေလမင်းသားလူးဝစ်စ်
  • ချားလ်ဘုရင်၏သားတော်ငယ် ဆက်ဆပ်မြို့စား မင်းသား ဟယ်ရီနှင့် ​မြို့စားကတော်မက်ဂန်မာကယ်လ်
  • မင်းသားဟယ်ရီ၏သားတော်ကြီး ဆက်ဆပ်မင်းသားအာချီ
  • မင်းသားဟယ်ရီ၏သမီးတော်လေး ဆက်ဆပ်မင်းသမီးလီလီဘက်သ်
  • ချားလ်ဘုရင်၏ညီမ‌ေတာ် တော်ဝင်မင်းသမီးအန်းန်
  • အန်းန်မင်းသမီး၏သားတော်ကြီး ပီတာဖိလစ်
  • ပီတာဖိလစ်၏သမီးတော်ကြီး ဆာဗန်နာဖိလစ်
  • ပီတာဖိလစ်၏သမီးတော်လေး အိုင်လာဖိလစ်
  • အန်န်းမင်းသမီး၏သမီးတော်ငယ် ဇာရာတင်ဒဲလ်
  • ဇာရာ၏သမီးတော်ကြီး မီရာဂရေ့စ်တင်ဒဲလ်
  • ဇာရာ၏သားတော် လူးကပ်စ်တင်ဒဲလ်
  • ဇာရာ၏သမီးတော် လီနာ အဲလစ်ဇဘက် တင်ဒဲလ်
  • ချားလ်ဘုရင်၏ညီတော် ယော့ခ်မြို့စားအန်ဒရူးမင်းသား
  • အန်ဒရူးမင်းသား၏သမီးတော် ယော့ခ်မင်းသမီး ဘီထရစ်(Beatrice),မစ္စစ် မဖယ်လီ မော်ဇီ(Mrs Mapelli Mozzi)
  • မင်းသမီးဘီထရစ်၏သမီးတော် ဆီယားနား မဖယ်လီ မော်ဇီ
  • အန်ဒရူးမင်းသား၏သမီးတော်ငယ်​ ယော့ခ်မင်းသမီး ယူဂျီးနီ(Eugenie), မစ္စစ် ဘရွတ်ခ်စ်ဘန့်ခ် (Mrs Brooksbank)
  • မင်းသမီးယူဂျီးနီး၏သားတော်ကြီး အောဂတ်စ် (August)
  • မင်းသမီးယူဂျီးနီး၏သားတော်ငယ် အားနက်စ် (Ernest)
  • ချားလ်ဘုရင်၏ညီတော်ထွေးအက်ဒင်ဘာ့ မြို့စားအက်ဒွပ်မင်းသား

နှင့် မြို့စားကတော်ဆိုဖီ

  • အက်ဒွပ်မင်းသား၏သမီးတော် လေဒီလူးဝစ်ဝင်ဆာ
  • အက်ဒွပ်မင်းသား၏သားတော် ဝက်ဆက်နယ်စားဂျိမ်းစ်

ကိုးကား ပြင်ဆင်ရန်