ဗွီ-၁ ဗုံးပျံ
ဗွီ-၁ ပျံသန်းဗုံး (ဂျာမန်: Vergeltungswaffe 1)[၃] သည် ဂျက်အင်ဂျင်တပ် ခရုဆိုင်းမစ်ဆိုင်းတို့၏ ရှေးပြေးလက်နက်တစ်ခုဖြစ်သည်။ ယင်းအား ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျာမန်တို့က တီထွင်ခဲ့ပြီး ၁၉၄၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် လန်ဒန်မြို့၌ ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့သည်။ ဗွီ-၁ လက်နက်၏ အအောင်မြင်ဆုံးအချိန်၌ အင်္ဂလန်အရှေ့ဘက်ခြမ်းတွင် တစ်ရက်လျင် ဗွီ-၁ လက်နက် အစင်း ၁၀၀ ထက်မက ပစ်ခတ်ခဲ့သည်။ ယင်းလက်နက်ကြောင့် လူထိခိုက်သေကြေမှု စုစုပေါင်း ၂၂၈၉၂ ဦးအထိရှိခဲ့သည်။ အများစုမှာ သာမန်ပြည်သူများဖြစ်ကြသည်။ ဗြိတိသျှတို့သည် ဗုံးပျံများ ပစ်မှတ်သို့မရောက်မီ တားဆီးရန်အတွက် သေနတ်များ၊ တိုက်လေယာဉ်များပါဝင်သော တာဆီးရေးစီမံချက်များကိုလုပ်ဆောင်ခဲ့ကြသည်။ ဒူးလေးစစ်ဆင်ရေး (Operation Crossbow) အဖြစ် ဗွီ-၁ ပစ်စင်များနှင့် သိုလှောင်ရုံများအား ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။[၄]
V-1 flying bomb Fieseler Fi 103 Flakzielgerät 76 (FZG-76) | |
---|---|
အမျိုးအစား | Guided missile |
မူလထုတ်လုပ်ရာ | နာဇီဂျာမနီ |
သုံးစွဲမှု မှတ်တမ်း | |
တာဝန်ထမ်းချိန် | 1944–1945 |
အသုံးပြုသူ | Luftwaffe |
စစ်ပွဲများ | ဒုတိယကမ္ဘာစစ် |
ထုတ်လုပ်မှု မှတ်တမ်း | |
ဒီဇိုင်းထုတ်သူ | Robert Lusser |
ထုတ်လုပ်သူ | Fieseler |
တစ်ခုချင်းတန်ဖိုး | 5,090 RM[၁] |
အသေးစိတ်အချက်အလက် | |
အလေးချိန် | ၂,၁၅၀ kg (၄,၇၄၀ lb) |
အလျား | ၈.၃၂ m (၂၇.၃ ft) |
အကျယ် | ၅.၃၇ m (၁၇.၆ ft) |
အမြင့် | ၁.၄၂ m (၄ ft ၈ in) |
ထိပ်ဖူး | Amatol-39 |
ထိပ်ဖူး အလေးချိန် | ၈၅၀ kg (၁,၈၇၀ lb) |
အင်ဂျင် | Argus As 109-014 pulse jet engine |
စစ်ဆင်နိုင်သည့် အကွာအဝေး | ၂၅၀ km (၁၆၀ mi)[၂] |
အရှိန် | ၆၄၀ km/h (၄၀၀ mph) flying between ၆၀၀ to ၉၀၀ m (၂,၀၀၀ to ၃,၀၀၀ ft) |
ထိန်းချုပ်မှု စနစ် | gyrocompass based autopilot |
ဒီဇိုင်းနှင့်တိုးတက်မှုများ
ပြင်ဆင်ရန်၁၉၃၆ နှောင်းပိုင်းတွင် အာဂတ်မိုတိုရင် (Argus Motoren) ကုမ္ပဏီ၏ စေခိုင်းချက်အရ ဖရစ်ဂေါ့စ်လို (Fritz Gosslau) သည် အဝေးထိန်းလေယာဉ်များဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကိုင်ခဲ့သည်။ အာဂတ်သည် အဝေးထိန်းစောင့်ကြည့်ရေးလေယာဉ် AS 292 (military designation FZG 43) ကို ထုတ်လုပ်ပြီးဖြစ်သည်။
၁၉၃၉၊ နိုဝင်ဘာ ၉ တွင် ကီလိုမီတာ ၅၀၀(၃၁၀မိုင်) သို့ ဝန် ၁၀၀၀ကီလို (၂,၂၀၀ပေါင်) တင်ဆောင်နိုင်သော အဝေးထိန်းလေယာဉ်ပုံစံ အကြံပြုချက်အား ဂျာမန်ပျံသန်းရေးဝန်ကြီးဌာန RLM (German Air Ministry) သို့တင်ပြနိုင်ခဲ့သည်။ အာဂတ်သည် Lorentz AG ၊ Arado Flugzeugwerke တို့နှင့်ပူးပေါင်းပြီး စီမံကိန်းကို ပုဂ္ဂလိကပိုင်အဖြစ် ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၁၉၄၀၊ ဧပြီတွင် တိုးချဲ့လေ့လာထားသော "Fernfeuer"စီမံကိန်းကို ဂေါ့စ်လိုက Project P 35 "Erfurt"အဖြစ် ဂျာမန်ပျံသန်းရေးဝန်ကြီးဌာနသို့ လွှဲပေးခဲ့သည်။
ဖော်ပြချက်
ပြင်ဆင်ရန်ပါဝါပေးစနစ်
ပြင်ဆင်ရန်ပဲ့ထိန်းစနစ်
ပြင်ဆင်ရန်လုပ်ငန်းတာနှင့် စွမ်းဆောင်ရည်
ပြင်ဆင်ရန်အတွေ့အကြုံနှင့် ရေရှည်အပြောင်းအလဲ
ပြင်ဆင်ရန်တန်ပြန် ကာကွယ်ရေးများ
ပြင်ဆင်ရန်လေယာဉ်ပစ်သေနတ်များ
ပြင်ဆင်ရန်ဗွီ-၁ တိုက်ခိုက်မှုအဆုံးသတ်
ပြင်ဆင်ရန်၁၉၄၄ စက်တင်ဘာတွင် ပြင်သစ်ကမ်းခြေရှိ ဗွီ-၁ပစ်စခန်းများသို့ မဟာမိတ်တပ်ဦးကသိမ်းပိုက်နိုင်သည်ဖြစ်ရာ အင်္ဂလန်သို့ဗွီ-၁ခြိမ်းခြောက်မှုများရပ်တန့်သွားပြီဖြစ်သည်။ ဗွီ-၁ ဗုံပျံပေါင်း ၄,၂၆၁စင်းတို့အား တိုက်လေယာဉ်များ၊ လေယာဉ်ပစ်စက်သေနတ်များ၊ မိုးပျံပူဖောင်းများဖြင့်ဖျက်ဆီးနိုင်ခဲ့သည်။
ဂျပန်ထုတ်မူကွဲများ
ပြင်ဆင်ရန်၁၉၄၃တွင် အာဂတ်ဂျက်အင်ဂျင်များကို ဂျာမန်ရေငုပ်သင်္ဘောများဖြင့် ဂျပန်သို့ပို့လိုက်သည်။ တိုကျိုတော်ဝင်တက္ကသိုလ်လေကြောင်းသိပ္ပံနှင့် ကာဝါရှီလေယာဉ်ကုမ္ပဏီ (Kawanishi Aircraft Company) တို့ပူးပေါင်း၍ အလားတူအင်ဂျင်မျိုးဖြင့် လူထိန်းလေယာဉ်တွင်တပ်ဆင်ရန် ဖြစ်တန်စွမ်းကို လေ့လာခဲ့ကြသည်။
စစ်ပြီးခေတ်
ပြင်ဆင်ရန်စစ်ပြီးခေတ်တွင် ပြင်သစ်၊ ဆိုဗီယက်ပြည်ထောင်စုနှင့်အမေရိကန်ပြည်ထောင်စုတို့သည် ဗွီ-၁ စမ်းသပ်မှုများပြုလုပ်ခဲ့ကြသည်။
ကိုးကား
ပြင်ဆင်ရန်- မှတ်စုများ
- ↑ Zaloga 2005, p. 11.
- ↑ Werrell 1985, p. 53.
- ↑ Vergeltungswaffe "vengeance weapon 1" (Vergeltungs can also be translated as retribution, reprisal or retaliation)
- ↑ "American Sub Rescues Airmen"။ Universal Newsreel။ 1944။ 21 February 2012 တွင် ပြန်စစ်ပြီး။
- Bibliography
- Cooper၊ Michael "Mike" (1997)၊ Meteor Age၊ Doncaster, UK: Mark Turner.
- Crowdy၊ Terence "Terry" (2008)၊ Deceiving Hitler: Double Cross and Deception in World War II၊ Oxford, UK: Osprey၊ ISBN 978-1-84603-135-9.
- Haining၊ Peter (2002)၊ The Flying Bomb War -Contemporary Eyewitness Accounts of the German V1 and V2 Raids On Britain 1942-1945၊ London: Robson Books၊ ISBN 978-1-86105-581-1.
- Irons၊ Roy (2003)၊ Hitler's Terror Weapons: The Price of Vengeance၊ New York: Harper Collins၊ ISBN 978-0-00-711263-0.
- Jackson၊ Robert (2007)၊ Britain's Greatest Aircraft၊ Barnsley, UK: Pen & Sword၊ ISBN 978-1-84415-383-1.
- Jones၊ R.V. (1978)၊ Most Secret War: British Scientific Intelligence, 1939–1945၊ London: Hamish Hamilton၊ ISBN 978-0-241-89746-1.
- Kay၊ Anthony L. (1977)၊ Buzz Bomb (Monogram Close-Up 4)၊ Boylston, Massachusetts: Monogram Aviation Publications၊ ISBN 978-0-914144-04-5.
- King၊ Benjamin; Kutta၊ Timothy (1998)၊ Impact: The History of Germany's V-Weapons in World War II၊ New York: Sarpedon၊ ISBN 978-1-885119-51-3.
- Masterman၊ John C. (1972) [1945]၊ The Double-Cross System in the War of 1939 to 1945၊ London: Avon.
- Mindling၊ George; Bolton၊ Robert (2009)၊ US Air Force Tactical Missiles, 1949–1969, The Pioneers၊ Raleigh, North Carolina: Lulu.com၊ ISBN 978-0-557-00029-6.
- Montagu၊ Ewen (1978)၊ Beyond Top Secret Ultra၊ New York: Coward McCann & Geoghegan၊ ISBN 978-0-698-10882-0.
- Ramsay၊ Winston (1990)၊ The Blitz Then & Now၊ 3၊ London: Battle of Britain Prints၊ ISBN 978-0-900913-58-7
- Reuter၊ C. (2000)၊ The V2 and the German, Russian and American Rocket Program၊ Missisagua, Ontario, Canada: German Canadian Heritage Museum၊ ISBN 978-1-894643-05-4.
- Sharp၊ C. Martin; Bowyer၊ Michael JF (1995)၊ Mosquito၊ Somerset, UK: Crécy၊ ISBN 978-0-947554-41-5.
- United States Air Force Museum Guidebook၊ Wright-Patterson AFB, Ohio: Air Force Museum Foundation၊ 1975.
- Werrell၊ Kenneth P. (1985)၊ The Evolution of the Cruise Missile၊ Maxwell Air Force Base, Alabama: Air University Press.
- Young၊ Richard Anthony (1978)၊ The Flying Bomb၊ Shepperton, Surrey, UK: Ian Allan၊ ISBN 978-0-7110-0842-7. (1978, USA, Sky Book Press, ISBN 978-0-89402-072-8).
- Zaloga၊ Steven (2005)၊ V-1 Flying Bomb 1942–52၊ Oxford, UK: Osprey Publishing၊ ISBN 978-1-84176-791-8.
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- V Weapon Imagery – National Collection of Aerial Photography Archived 30 March 2012 at the Wayback Machine.
- V-1 Launch Site Archived 28 September 2007 at the Wayback Machine.
- Vergeltungswaffe V-Weapons, archived version of Daniel Green's World War II Air Power website
- A film clip of FZG 76 – V-1 is available at the Internet Archive
- The V-Weapons, from Marshall Stelzriede's Wartime Story website with June 1944 UK/US news reports on V-1 attacks
- Fi-103/V-1 "Buzz Bomb", from the Luftwaffe Resource Center website, hosted by The Warbirds Resource Group; with 42 photos
- The Lambeth Archives, includes a sound recording of an incoming V-1, circa 1944
- Site with casualty numbers in South London
- V1 weapon of despair by Yannick Delefosse France
- V1 Secret weapon Museum of Tosny France by Jean Erisay
- The first Flying Bomb examined in Stonehouse Glos England – Stonehouse History Group Archived 17 February 2013 at the Wayback Machine.
- V1 Replica with original parts, open, to explain the inner workings – Museum Vliegbasis Deelen [လင့်ခ်သေ]