ဘက်ဂနက်ကန်
ဘက်ဂနက်ကန်သည် နီပေါနိုင်ငံ၊ ကတ်စ်ကီ (Kaski) ခရိုင် ပိုခါရာလက်ခ်နက်မြို့တွင် တည်ရှိသည့် ကြည်လင်သည့်ရေကန်တစ်ခု ဖြစ်သည်။[၄] ပိုခါရာလွင်ပြင်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။[၁][၃] နီပေါနိုင်ငံ၏ တတိယမြောက်အကြီးဆုံးကန် ဖြစ်သည်။ ဒုတိယအကြီးဆုံးကန်မှာ ဖီဝကန် ဖြစ်သည်။ ပိုခါရာလွင်ပြင်၌ ရေကန်ပေါင်း ရှစ်ကန်ရှိသည်။ ဆည်မြောင်းသွယ်ခြင်း၊ ကန်ရေကိုအသုံးချမှုရှိခြင်း၊ မိုးရွာသွားခြင်း စသည်တို့အပေါ်မူတည်၍ ကန်ရေ၏ ရေမျက်နှာပြင်သည် အတက်အကျရှိသည်။ ကန်ရေအမြင့်ကို ထိန်းချုပ်နိုင်သည့် တမံတစ်ခုကို ၁၉၈၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အနောက်ဘက်ရှိ ရေထွက်သည့်ချောင်းဖြစ်သည့် ခုဒိခိုလာ (Khudi Khola) ချောင်းတွင် ဤတမံကို တည်ဆောက်ခဲ့သည်။[၂][၅]
ဘက်ဂနက်ကန် बेगनास ताल | |
---|---|
Begnas Lake | |
တည်နေရာ | Kaski, Nepal |
ကိုဩဒိနိတ် | 28°10′26.2″N 84°05′50.4″E / 28.173944°N 84.097333°Eကိုဩဒိနိတ်: 28°10′26.2″N 84°05′50.4″E / 28.173944°N 84.097333°E |
ရေအိုင်အမျိုးအစား | Natural Freshwater[၁] |
ပင်မ ရေဝင်စီးကြောင်း | Syankhudi & Talbesi[၁] |
ပင်မ ရေထွက်စီးကြောင်း | Khudi Khola[၁] |
ရေစုဝေးရာ နေရာ | ၄၉ km2 (၁၉ sq mi)[၂][၃] |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Nepal |
မျက်နှာပြင် ဧရိယာ | ၃.၂၈ km2 (၁.၃ sq mi)[၃] |
ပျမ်းမျှအနက် | ၆.၆ m (၂၂ ft)[၃] |
အနက်ဆုံး အနက်အရှိုင်း | ၁၀ m (၃၃ ft)[၃] |
ရေထုထည် | ၀.၀၂၉၀၅ km3 (၀.၀၀၆၉၇ cu mi)[၃] |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၆၅၀ m (၂,၁၃၃ ft)[၃] |
ကန်၏ စီးပွားရေးဆိုင်ရာ
ပြင်ဆင်ရန်ဘက်ဂနက်ကန်ဧရိယာတွင် အပန်းဖြေနားနေသည့်နေရာများစွာ တည်ရှိသည်။ ပိုခါရာသို့လာရောက်လည်ပတ်သူများအကြားတွင် ထင်ရှားသည့် နေရာတစ်ခုလည်း ဖြစ်သည်။[၆] ကန်၏ ရေကို ဆည်ရေပေးဝေရာတွင် အသုံးပြုပြီး အချို့အပိုင်းများတွင်မူ လှောင်အိမ်ကို အသုံးပြု၍ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။[၅] ဘက်ဂနက်ကန်ဧရိယာ ပတ်ဝန်းကျင်တွင် စိမ့်မြေများစွာ တည်ရှိသည်။ ၎င်းစိမ့်မြေနေရာများကို လယ်ကွင်းများအဖြစ်သို့ ပြောင်းလဲခဲ့သည်။[၇] အန်နာပူရနှင့် မာနာဆလူတောင်တန်းများကို ဘက်ဂနက်ရေကန်မှ ရှင်းလင်းပြတ်သွားစွာ မြင်နိုင်သည်။
အခြားနေရာများ
ပြင်ဆင်ရန်Rupa-Begnas view Tower
Pachhabhiya Deurali Temple
Majhikuna
Sundari Danda
Gorakhnath Temple
International Zoological park of Pokhara
Begnas Highest Cote
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ Oli၊ Krishna Prasad (1997)။ A local level conservation strategy for Begnas and Rupa lake watershed area။ Kathmandu, Nepal: International Union for Conservation of Nature and Natural Resources, Nepal. Rāshṭriya Yojanā Āyoga, Nepal National Conservation Strategy Implementation Programme။
- ↑ ၂.၀ ၂.၁ National Lake Conservation Development Committee (2010)။ Conservation of Begnas Lake, Nepal: A Case of Conflict to Collective Action in Resource Sharing (Multiple Water Use) (PDF)။ Shiga University, Japan: Outline of Lake Basin Governance Research Promotion Activities, 2008-2010။ 14 February 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 12 December 2020 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ Rai, Ash Kumar (2000). "Limnological characteristics of subtropical Lakes Phewa, Begnas, and Rupa in Pokhara Valley, Nepal". Limnology 1 (1): 33–46. doi: .
- ↑ Seven Vanishing Lakes of Lekhnath။ Ekantipur.com (2 April 2010)။ 27 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2014 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ D. B, Swar (1988). "Introduction and cage culture of exotic carps and their impact on fish harvested in Lake Begnas, Nepal". Hydrobiologia 166 (3): 277–283. doi: . ISSN 1573-5117.
- ↑ Kawamura၊ Masahiro (June 2011)။ One Village One Product agrotourism promotion: Perceptions of visitors to Begnas area။ JICA။ 2015-04-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Wagle, Suresh Kumar (July–September 2007). "Cage fish culture and fisheries for food security and livelihoods in mid hill lakes of Pokhara Valley, Nepal: Post community based management adoption". Aquaculture Asia 12 (3): 21–29. ISSN 0859-600X.