ဘက်ဒူလာကြေးညိုရုပ်ပွားတော်

ဘက်ဒူလာကြေးညိုရုပ်ပွားတော် သည် အနုရာဒပူရခေတ်ကာလက ပြုလုပ်ကိုးကွယ်ခဲ့သည့် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓရုပ်ပွားတော်တစ်ခု ဖြစ်သည်။ ၎င်းရုပ်ပွားတော်ကို သီရိလင်္ကာနိုင်ငံ၊ ဘက်ဒူလာမြို့တွင် တွေ့ရှိနိုင်သည်။ ၎င်းကို အေဒီ ၆ ရာစုဝန်းကျင်က ပြုလုပ်ခဲ့သည်။ ကြေးညိုဖြင့် ပြုလုပ်ထားသည့် အတွင်းဘက်အခေါင်းပါ ရုပ်ပွားတော်ဖြစ်သည်။ အမြင့်သည် ၅၄.၅ စင်တီမီတာ ရှိသည်။ ယခုအခါတွင် ကိုလံဘိုအမျိုးသားပြတိုက်တွင် ပြသထားသည်။[၁]

ဘက်ဒူလာကြေးညိုရုပ်ပွားတော်
ခုနစ်c. 6th century AD (Anuradhapura period)
အမျိုးအစားsculpture
ဒိုင်မင်းရှင်း54.5 cm (၂၁.၅ လက်မ)
တည်နေရာColombo National Museum, Colombo

ရုပ်ပွားတော် ပြင်ဆင်ရန်

ရုပ်ပွားတော်၏ ပုံစံသည် ဗုဒ္ဓ ၏ ဝိရသန (Virasana ) ပုံစံဖြစ်ကာ လက်ယာဘက်လက်တော်သည် vitarka မုဒြာပုံစံ ဖြစ်သည်။ ရုပ်ပွားတော်သည် ဗုဒ္ဓသည် တရားဟောပြောနေဟန် ဖြစ်သည်။ လက်ဝဲဘက်လက်တော်သည် သင်္ကန်းကို ကိုင်တော်မူထားကာ ataka hasta မုဒြာပုံစံ ဖြစ်သည်။ အနုရာဒပူရခေတ်ကာလက ဗုဒ္ဓရုပ်ပွားတော်များတွင် usnisha ရုပ်ပွားတော်များကို အတန်အသင့် တွေ့ရတတ်သည်။ ဤရုပ်ပွားတော်ကို တွေ့ရှိခဲ့စဉ်က ရုပ်ပွားတော်သည် ပျက်စီးနေသည့် အခြေအနေ ဖြစ်သည်။[၂][၂]

ကိုးကား ပြင်ဆင်ရန်

  1. Badulla Preaching Buddha Statue, Colombo National Museum။ Lanka Pradeepa။ 2019-05-13 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Ranjith Hewage (2012)။ "විතර්ක මුද්‍රාව නිරූපණය කෙරෙන බුදු පිළිම වහන්සේ"။ විස්මිත අතීත උරුමයන්။ Susara Publishers။ ISBN 9789556761658