ဘကြီးအောင် ညာတယ် (ဝတ္ထု)
ဘကြီးအောင် ညာတယ် ဝတ္ထုမှာ ၁၉၃၁ ခုနှစ်ထုတ် တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း တွင် ပါဝင်ခဲ့သော မြန်မာ စာရေးဆရာ မင်းသုဝဏ်၏ ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည်။[၁]
ဇာတ်လမ်းအကျဉ်း
ပြင်ဆင်ရန်မောင်ချစ်အမည်ရှိ ဘုန်းကြီးကျောင်းသားကလေးမှာ ပန်းပုဆရာ ဦးအောင်ချာထုလုပ်သည့် ဆင်စွယ်ယမင်းရုပ်အား လိုချင်သောကြောင့် ဈေးမေးသည်။ ဦးအောင်ချာလည်း ကလေးမရှိနိုင်လောက်သည့် ငွေပမာဏကိုဆိုတာ လက်လျှော့စေသည်။ သို့သော် လိုချင်စိတ်ပြင်းနေသည့် မောင်ချစ်မှာ အစာငတ်ခံ၍ ငွေစုသည်။ ကျောက်တံရောင်း၍ ငွေစုသည်။ ဤသို့ဖြင့် ငွေတစ်ကျပ်ပြည့်အောင် အသည်းအမည်းစုနေလေသည်။ အခြားကလေးများ သရေစာစားတိုင်း လောဘကြီးအတွက် လောဘသေးများကို ချိုးနှိမ်ရသည်မှာ အခါခါပင်ဖြစ်သည်။ ငွေပြည့်သောနေ့တွင် ဦးအောင်ချာထံ ဒုန်းစိုင်းသွားရာ သူ့ကဲ့သို့ပင် သဘောကျပြီး တောင်းယူနေသည့် ဝန်ထောက်မင်းကို တွေ့ရလေသည်။ အဆုံး၌ အပူလုံးကြွသည့် မောင်ချစ်မှာ ဆင်စွယ်ရုပ်သွားပေးသည့် ဦးအောင်ချာ ရွာပြန်မရောက်မီပင် လူလုံးမလှဖြစ်ပြီး တိမ်းပါးတော့သည်။
နောင်သော် ရွာနောက်ဘက်၌ "လို၍မရသောဆင်းရဲ" ဟု စာတန်းထိုးထားသည့် အုတ်ဂူတစ်လုံးကို ထီးထီးတွေ့ရတော့သည်။
အဓိကဇာတ်ဆောင်များ
ပြင်ဆင်ရန်- မောင်ချစ် (ဆင်စွယ်ရုပ်အား လိုချင်သူ)
- ဦးအောင်ချာ (မောင်ချစ်အခေါ် ဘကြီးအောင်)
- ဝန်ထောက်မင်း (ဆင်စွယ်ရုပ်အား ယူသွားသူ)
အနုပညာအသွင်ပြောင်းမှုများ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ စာတည်းအဖွဲ့ (၂၀၀၅) "၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀"၊ သီဟရတနာစာပေတိုက်။