ဘဂ်ဂူများ သည် ကျောက်ကိုထွင်းထားသည့် ဂူကိုးခုအစုအဝေးဖြစ်ပြီး အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ်၊ Dhar ခရိုင်၊ ဘဂ်မြို့ (Bagh ) ရှိ Vindhya တောင်တန်း၏ ဆင်ခြေလျှောတွင် တည်ရှိသည်။ Dhar မြို့မှ ၉၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ဤနေရာသည် ရှေးခေတ်အိန္ဒိယ ကျွမ်းကျင်သည့် ပန်းချီဆရာများ၏ အုတ်နံရံရှိ ပန်းချီများကြောင့် အထူးထင်ရှားသည်။ အိန္ဒိယတို့၏ ကျောက်ထွင်းဗိသုကာလက်ရာတစ်ခု ဖြစ်၍ "ဂူ" ဟူသည့်စကားလုံးအသုံးပြုသည်မှာ အနည်ငယ် မသင့်မလျော်ဖြစ်နေသည်။[၁]

ဘဂ်ဂူမျာ
Bagh Caves
The Bagh caves
The Bagh caves
ဘဂ်ဂူများ သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
ဘဂ်ဂူများ
အိန္ဒိယနိုင်ငံအတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်22°19′21.63″N 74°48′22.36″E / 22.3226750°N 74.8062111°E / 22.3226750; 74.8062111ကိုဩဒိနိတ်: 22°19′21.63″N 74°48′22.36″E / 22.3226750°N 74.8062111°E / 22.3226750; 74.8062111
အမျိုးအစားBuddhist caves

ဘဂ်ဂူများသည် အဇန္တလိုဏ်ဂူ ကဲ့သို့ပင် ကျွမ်းကျင်သည့် လက်မှုပညာရှင်များက ထောင်လိုက်ကျနေသည့် ကျောက်တုံးများကို ထွင်းထုခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓစာပေ၌ ဂူကိုးခု ရှိသည်ဟု ဖော်ပြထားသော်လည်း ငါးခုသာ ကျန်ရှိတော့သည်။ ဂူများအားလုံးသည် ဝိဟာရများ ဖြစ်ကြပြီး လေးထောင့်ပုံသဏ္ဌာန်ရှိကာ ရဟန်းတော်များ နားနေရန်အတွက် ပြုလုပ်ထားသည့် ကျောင်းတော်များ ဖြစ်သည်။ နောက်ဘက်တွင် အခန်းငယ်တစ်ခုပါရှိကာ စေတီတစ်ခု ရှိပြီး ဆုတောင်းဝတ်ပြုခန်းလည်း ဖြစ်သည်။ ဤဂူငါးခုထဲမှ အရေးကြီးသည့် ဂူမှာ ဂူအမှတ် (၄) ဖြစ်သည်။ ဤဂူအမှတ် (၄) ကို Rang Mahal (အရောင်များ၏ နန်းတော်) ဟု သိကြသည်။

ဘဂ်ဂူများကို အေဒီ ၅ - ၆ ရာစုက တူးခွဲခဲ့ကြသည်။ ထိုအချိန်သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓသာသနာ၏ နောက်ပိုင်းအချိန်ကာလလည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ၂ ရာစု သို့မဟုတ် ၁ ရာစုကတည်းက အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် ဂူများစွာကို တည်ဆောက်ခဲ့ကြသည်။[၂]

ထိုဂူများကို ၅ - ၇ ရာစုအတွင်းဖြစ်သည့် Satavahana မင်းဆက်တွင် တည်ဆောက်ခဲ့သည်ဟု ယုံကြည်ကြသည်။ အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနလေ့လာရေးက ထိုဂူများကို လွန်ခဲ့သည့် ၁၇ နှစ်ကျော်က ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ခဲ့သည်။[၃]

ပန်းချီများ ပြင်ဆင်ရန်

ဂူရှိ ဝိဟာရ၏ နံရံနှင့် မျက်နှာကြက်တို့တွင် ရေးဆွဲထားသည့် နံရံပန်းချီများကို ဂူ ၃ နှင့် ဂူ ၄ တွင် ယခုထက်တိုင် တွေ့မြင်နိုင်သေးသည်။ (ဂူ ၂, ၅, ၇ တို့တွင်မူ အကြွင်းအကျန်ပန်းချီများကို မြင်တွေ့နိုင်သေးသည်)။ ပန်းချီများသည် စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာ အသားပေးပန်းချီများ ဖြစ်သည်။ ဂူ၏ အောက်ကြမ်းပြင်သည် နီညိုရောင်ကျောက်ခဲများ ခင်းထားပြီး ရွှံ့အင်္ဂတေထူထဲစွာ ကိုင်ထားသည်။[၄]

အချိန်ရက်စွဲများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 16 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 October 2020 တွင် ပြန်စစ်ပြီး။
  2. Dutt၊ Sukumar (1988)။ Buddhist Monks and Monasteries of India: Their History and Their Contribution to Indian Culture (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Motilal Banarsidass။ p. 162။ ISBN 9788120804982
  3. Bagh Caves: Palace of Colours - Outlook Traveller
  4. Bagh Caves – rock cut Buddhist temples။ 23 April 2010 တွင် ပြန်စစ်ပြီး။