ဘန်ကောက် မိုးပျံရထား
ဘန်ကောက်မိုးပျံရထား(အင်္ဂလိပ်: Bangkok Mass Transit System(BTS or the Skytrain) ထိုင်း: รถไฟฟ้า) သည်ဘန်ကောက်မြို့၏မြင့်မားသော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည်။မြောက်ဘက်နှင့် အရှေ့ဘက်သို့ပြေးဆွဲရာ ဆူခူဗစ်လိုင်းနှင့် ဘန်ကောက်၏စီးပွားရေးဇုန်ဖြစ်သော ဆိုင်မွန်နှင့် ဆသန်ဘက်သို့ပြေးဆွဲရာ ဆိုင်မွန်လိုင်းတို့ဖြစ်သည်။ ဆူခူဗစ်လိုင်းသည် မိုချစ်နှင့်ဆယ်မရွန်၊ဆိုင်မွန်လိုင်းသည် အမျိုးသားအားကစားရုံနှင့် ဘန်ဝတို့တွင် အစ~အဆုံးဖြစ်သည်။ မိုချစ်ဘူတာရုံသည် ဒွန်မောင်းလေဆိပ်မှထွက်လာသောဧည့်သည်များ၏ ရထားစီးရန်နေရာအစဖြစ်သည်။လေဆိပ်မှ အထူးဘတ်စ်ကားစီး၍ဤဘူတာ၌ရထားစီးကာလိုရာသို့သွားနိုင်သည်။ လိုင်း၂လိုင်းသည် အမျိုးသားအားကစားရုံအနီးရှိ "ဆိုင်ရမ်"ဘူတာတွင် လိုင်းပြောင်းကာစီးနင်းနိုင်သည်။
Overview | |||
---|---|---|---|
Native name | รถไฟฟ้า | ||
ပိုင်ဆိုင်သူ | Bangkok Metropolitan Administration (in Bangkok) Mass Rapid Transit Authority of Thailand|Mass Rapid Transit Authority (outside Bangkok) | ||
ဒေသ | ဘန်ကောက်၊ ထိုင်းနိုင်ငံ | ||
ပို့ဆောင်ရေးအမျိုးအစား | လျင်မြန်သောပို့ဆောင်ရေး | ||
လမ်းကြောင်းအရေအတွက် | 2[၁][၂] | ||
ဘူတာရုံပေါင်း | ၃၅[၁][၂] | ||
နေ့စဉ်စီးနင်းသူ | 697,907[၃] | ||
တည်ထောင်ခြင်း | |||
လည်ပတ်မှုစတင် | ၅ ဒီဇင်ဘာ ၁၉၉၉ | ||
စီမံခန့်ခွဲသူ | BTS Group Holdings | ||
ယာဉ်အရေအတွက် | ၅၂ | ||
နည်းပညာအချက်အလက် | |||
ပတ်လမ်းအရှည် | ၃၆.၄၅ km (၂၂.၆၅ mi)[၁] | ||
လမ်းကြောင်းစံအတိုင်းအတာ | ၁၄၃၅ mm (4 ft 8 1⁄2 in) standard gauge | ||
Electrification | Third rail 750 V DC | ||
ပျမ်းမျှမြန်နှုန်း | ၃၅ km/h (၂၂ mph) | ||
အမြင့်ဆုံးမြန်နှုန်း | ၈၀ km/h (၅၀ mph) | ||
|
ထို့အပြင် ဘန်ကောက်မြို့သယ်ယူပို့ဆောင်ရေးတွင် မြေအောက်ရထား(MRT)နှင့် သုဝဏ္ဏဘူမိလေဆိပ်ရထားလိုင်း(SARL)တို့လည်းပါဝင်သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်အမြန်သယ်ယူပို့ဆောင်ရေးစနစ်(Mass Transit System)ကို ဘန်ကောက်မြို့၌၁၉၈၀အစောပိုင်းတွင်စတင်ခဲ့သည်။
ဘူတာရုံပုံစံများ
ပြင်ဆင်ရန်ဘူတာအားလုံးကိုမြင့်မား၍အများအားဖြင့်၂ထပ်အဖြစ်ဆောက်လုပ်ထားသည်။ လမ်းမကြီးများ၏လမ်းလယ်ကျွန်းများတွင်ဖောင်ဒေးရှင်းချထားသည်။ ပလတ်ဖောင်းများပေါမှနေ၍လှေကားဖြင့်လည်းကောင်း၊စက်ကှေားဖြင့်လည်းကောင်းတက်နိုင်သည်။ အချို့ရုံများတွင်ဓာတ်လှေကားများပါရှိသည်။
ပထမထပ်တွင် လက်မှတ်စက်၊စားသောက်ဆိုင်များဆိုင်သေးသေးလေးများနှင့်လက်မှတ်စစ်ဂိတ်များရှိသည်။ ဒုတိယထပ်(ဆိုင်ရမ်တွင်တတိယထပ်ပါ)ဘူတာစကြ်န်နှင့် ရထားလမ်းများရှိသည်။ ဆိုင်ရမ်ရုံတွင်လိုင်းပြောင်းရန်မှာ မျက်နှာချင်းဆိုင်ရထားပေါသို့တက်ရန်သာဖြစ်သည်။
ဆလာဒန်၊အဆုတ်နှင့်မိုချစ်တို့တွင် မြေအောက်ရထားနှင့်ကူးပြောင်းစီးနိုင်သည်။
လက်မှတ်နှင့်စီးနင်းပုံ
ပြင်ဆင်ရန်ရထားလက်မှတ်ဝယ်ရန်အင်မတန်လွယ်ကူသည်။၂၀၀၇တွင် "ဘီတီအက်စ် စမတ်ပတ်စ် ကတ်များ "ထုတ်ပေးခဲ့ပြီးမေလ၂၀၁၂တွင် "ရတ်ဘစ်ကတ်(Rabbit card)"များဖြင့်အစားထိုးခဲ့သည်။ ရတ်ဘစ်ကတ်မှာ မိုးပျံရထားနှင့် BRTဘတ်စ်ကားများတွင်သုံးနိုင်သောအီလတ်ထရောနစ်ကတ်ဖြစ်သည်။ ထို့အပြင် BTSနှင့်မိတ်ဖက်ဖြစ်သောMcDonald's, Burger King, Starbucks တို့တွင်လည်းသုံးနိုင်သည်။
ဘူတာရုံပထမထပ်ရှိလက်မှတ်စက်တွင်လက်မှတ်ဝယ်ယူနိုင်သည်။ စက်ဘေးရှိမြေပုံတွင်မိမိသွားလိုသောဘူတာ၏ကုန်ကျငွေကိုကြည့်ကာ စက်ထဲ၌နှိပ်၍ကျသလောက်ငွေထည့်ရသည်။ ထိုအခါစက်မှ လက်မှတ်ထွက်လာမည်။ ထိုလက်မှတ်ကို အချိန်၂နာရီအွင်းသာအသုံးပြုနိုင်သည်။ ထိုလက်မှတ်ကိုလက်မှတ်စစ်ဂိတ်ရှိ စက်ထဲသို့ထည့်လိုက်လျှင်မောင်းတံပွင့်ကာလက်မှတ်ပြန်ထွက်လာမည်။ ထို့နောက်လက်မှတ်ကိုယူကာဒုတိယထပ်ရှိ စကြ်န်တွင်ရထားစီးကာဆင်းမည့်ဘူတာရှိလက်မှတ်ဂိတ်တွင် လက်မှတ်ကိုပြန်ထည့်လိုက်ရသည်။ လက်မှတ်မှန်ကန်မှသာ မောင်းတံပွင့်ပေမည်။ အကူအညီလိုပါက သတင်းအချက်အလက်ဂိတ်များတွင်အကူအညီတောင်းနိုင်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ BTS SkyTrain System - Structure of Routes and Stations။ Bangkok Mass Transit System Public Company Limited။ 20 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-06-26 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedroutes
- ↑ ၃.၀ ၃.၁ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namednatbts12