ဘန်းဟတ် ရီးမန်း ( အင်္ဂလိပ်: Bernhard Riemann)သည် ဂျာမနီနိုင်ငံတွင် ၁၈၂၆ ခုနှင် စင်တင်ဘာလ ၁၇ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၈၆၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကွယ်လွန်သွားသော ဂျာမန်လူမျိုး သင်္ချာပညာရှင်ကြီးဖြစ်သည်။ ဘားနတ်ဒ်ရိုင်းမင် ၏ နာမည်အပြည့်အစုံမှာ ဂျော့ချ်ဖရ်ဒ် ဒရစ်ချ်ဘားနတ်ဒ် ရိုင်မင်း ( George Friedrich Bernhard Rie-mana ) ဖြစ်သည်။ သူ့သည် နံပါတ် သီအိုရီ ခေါ် ကိန်းသီအိုရီ နှင့် ဂျီဩမေတြီ သင်္ချာဘာသာရပ်များအတွက် သင်္ချာသီအိုရီ အများအပြား တီထွင်ခဲ့သော သင်္ချာပညာရှင်ကြီး ဖြစ်သည်။ ဘားနတ်ဒ်ရိုင်းမင်၏ သင်္ချာသီအိုရီများသည် နောက်ပိုင်းတွင် ယေဘုယျနှိုင်းရသီအိုရီ (General Relativity )သင်္ချာပညာရပ် ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် အထောက်အထားပြုခဲ့သည်။ သူ့သည် အီတလီနိုင်ငံတွင် အသက် ( ၄၀ ) အရွယ်တွင် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့သည်။

ဂျော့ခ်ျဖရက်ဒရစ်ခ်ျ ဘန်းဟတ်ဒ်ရီးမန်း ဟာ ဂျာမန်လူမျိုး သင်္ချာပညာရှင်တစ်ယာက်ဖြစ်ပြီး number theory နဲ့ differential geometry ပိုင်းမှာ လုပ်ဆောင်ချက်များစွာပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ရီးမန်းကို ဂျာမနီနိူင်ငံ ဘရီဆဲလန့်ဇ် ဆိုတဲ့ရွာငယ်ကလေးမှာ ဖွားမြင်ခဲ့ပါတယ်။ ဆင်းရဲလှတဲ့ရီးမန်းဖခင်ကတော့ အဲ့ဒီရွာရဲ့ ပရိုတက်စတင့်ဘာသာဝင် pastor တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆင်းဆင်းရဲရဲနဲ့ ငယ်ဘဝကိုဖြတ်သန်းခဲ့ရတဲ့ ရီးမန်းဟာ ငယ်စဉ်ကတည်းက သင်္ချာစွမ်းရည်မြင့်မားခဲ့သူလည်း ဖြစ်ပါတယ်။ အသက် (၁၉) နှစ်အရွယ်မှာ ဖခင်က ပိုက်ဆံစုဆောင်းရှာဖွေပြီး ဂေါ့ထင်ဂင် တက္ကသိုလ်ကို ပို့ခဲ့ပါတယ်။ အဲ့ဒီတက္ကသိုလ်မှာပဲ ရီးမန်းဟာ ဆရာဖြစ်သူ ဂေါက်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

           ရီးမန်းဟာ complex number တွေကို လေ့လာရာမှာအထူး ထူးချွန်သူဖြစ်ပြီး သူ့ရဲ့ complex surface အယူအဆများမှတဆင့် manifold ဆိုတဲ့ အသိသညာတွေဖြစ်ပေါ်လာရပါတယ်။ ရီးမန်းရဲ့ နာမည်အကြီးဆုံး စာတမ်းကတော့ စာမျက်နှာ(၈)မျက်နှာသာပါတဲ့ “the number of primes less  than a given quantity” ဆိုတဲ့ စာတမ်းပဲဖြစ်ပြီး သင်္ချာလောကတစ်ခုလုံးကို ယနေ့အချိန်အထိ လုပ်ကိုင်ထားနိူင်တဲ့ စာတမ်းလည်း ဖြစ်ပါ တယ်။ အဲ့ဒီစာတမ်းထဲမှာ Riemann zeta function ၊ Riemann hypothesis စတာတွေပါဝင်ပါတယ်။ Riemann hypothesis ဟာ zeta function နဲ့ prime number များဆက်သွယ်မှုပဲဖြစ်ပြီး ရီးမန်းထားရှိခဲ့တဲ့ မပြီးပြတ်သေးတဲ့ အရာလည်းဖြစ်ပါတယ်။ ဒါကိုဖြေရှင်းနိူင်ရင် ဒေါ်လာတစ်သန်း ဆုချမယ်လို့လည်း Clay University က ဆုငွေထုတ်ထားပါတယ်။ ခေတ်အဆက်ဆက် သင်္ချာပညာရှင်များ လက်မှိုင်ချရတဲ့ ရီးမန်းရဲ့ ဉာဏ်ပညာကြီးမားမှုကို အမှန်တကယ်တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ ကမ္ဘာမှာအထင်ရှားဆုံးဖြစ်တဲ့ အိုင်းစတိုင်း ရဲ့ relativity များဟာလည်း ရီးမန်းရဲ့ metric tensor ၊ manifold စတဲ့ အသိသညာတွေအပေါ် လုံးဝမှီခိုနေတာကို တွေ့ရမှာလည်း ဖြစ်ပါတယ်။

ကိုးကား ပြင်ဆင်ရန်