သတင်းစာဆရာ ဦးဘဖေကို ၁၉၀၆ ခုနှစ်၊ နိုဝင်ဘာလတွင် လှည်းကူးမြို့နယ်၊ ဒါးပိန်၌ မြေပိုင်ရှင် အဖ ဦးဖိုးလူ၊ အမိ ဒေါ်ရွှေချုံ တို့မှ မွေးဖွားခဲ့သည်။ ဦးဘဖေသည် ၁၉၂၆ ခုနှစ်တွင် နိုင်ငံတော်အစိုးရ ပထမလတ် စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ပထမကြီး စာမေးပွဲ အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာရေးတွင်ဘီအေ (ဘီ) တန်း အောင်မြင်ခဲ့သည်။ ဦးဘဖေသည် ၁၉၃၅ ခုနှစ်တွင် ဘာသာပြန်နှင့် သတင်း အယ်ဒီတာ အဖြစ် ရန်ကုန်မြို့ ဆန်းသတင်းစာ တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဟံသာဝတီ သတင်းစာ ၌ ဘာသာပြန်နှင့် အယ်ဒီတာ၊ ၁၉၅၈ ခုနှစ်တွင် အယ်ဒီတာချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဦးဘဖေသည် မြန်မာနိုင်ငံသတင်းစာဆရာအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ကြီးမြို့မအဖွဲ့နှင့် မင်္ဂလာဗျုဟာအသင်းဝင်လည်းဖြစ်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းသို့ သွားရောက် ခဲ့သော သတင်းစာ ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု က ဦးဆောင် ပြုလုပ်သော နှီးနှောဖလှယ်ပွဲ ကျင်းပရာတွင် ရောမမြို့သို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။

ဦးဘဖေသည် ၁၉၈၇ ခုနှစ်တွင် ရန်ကုန်မြို့၊ အမှတ် (၉၃)၊ မြောင်းကြီးလမ်း၊ ရေကျော်ရပ်ကွက်၌ ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. (ဖျာပုံ)၊ သောင်းညွန့် (၂၀၀၇)။ ထင်ပေါ်ကျော်ကြား မြန်မာသတင်းစာဆရာကြီးများ။ ပထမအကြိမ်။ စာပေဗိမာန်