ဘရက်ဇစ်

ဥရောပသမဂ္ဂထံမှဆုတ်ခွာ

ဘရက်ဇစ် ဆိုသည်မှာ အင်္ဂလိပ်စာလုံး ဗြိတိသျှ(British) နှင့် အိတ်ဇစ်(exit) နှစ်လုံးကို ပေါင်းစပ်ထားသော စကားလုံး ဖြစ်ပြီး ဥရောပသမဂ္ဂ (အီးယူ) မှ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ (ယူကေ) နုတ်ထွက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇွန်လ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အပြီးတွင် ၅၂% မှ နုတ်ထွက်ရန် ဆန္ဒပြုခဲ့သဖြင့် ယူကေ အစိုးရမှ ၂၀၁၇ ခုနှစ် မတ်လတွင် ဥရောပသမဂ္ဂမှ နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဘရက်ဇစ် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ယူကေသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီ (ဂရင်းဝစ်စံတော်ချိန်) တွင် နုတ်ထွက်ရန် အချိန်သတ်မှတ်ထားသည်။ ထို့နောက် အကူးအပြောင်း ကြားကာလအဖြစ် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားသည်။ [၁] ထိုအချိန်ကာလအတွင်း ယူကေနှင့် အီးယူတို့ အနာဂတ်ကုန်သွယ်မှု ဆိုင်ရာ ဆက်ဆံရေးများအတွက် ဆွေးနွေးကြမည် ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Asa Bennett။ "How will the Brexit transition period work?"၊ 27 January 2020။