ဘရာဇီးနိုင်ငံရှိ ကလေးအလုပ်သမား

ဘရာဇီးနိုင်ငံ၏ အရေးပါဆုံးလူမှုရေးပြဿနာတစ်ခုမှာ အစိုးရကသတ်မှတ်ထားသည့်ဥပဒေအရ အသက်မပြည့်သေးသော ကလေးသူငယ်များကို အလုပ်ခန့်အပ်ထားခြင်း ကိစ္စရပ်ဖြစ်သည်။ ဘရာဇီးနိုင်ငံ ပထဝီဝင်နှင့် စာရင်းအင်းဌာန(IBGE)မှ ထုတ်ပြန်ခဲ့သော သတင်းအချက်အလက်များအရ ဘရာဇီးနိုင်ငံတွင် ၂၀၁၅ခုနှစ်၌ အသက် ၅နှစ်မှ ၁၇နှစ်အတွင်း အရွယ်မရောက်သေး သူ ကလေးအလုပ်သမား ၂.၇သန်းကျော် အထိရှိပြီး ထိုကလေးလုပ်သားထဲမှ ၇၉,၀၀၀ယောက်ဟာ အသက် ၅နှစ်မှ ၉နှစ်အတွင်း ကလေးများဖြစ်ကြသည်။[၁][၂] ဘရာဇီးဥပဒေအရ အလုပ်သမားအဖြစ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအသက်မှာ ၁၆နှစ်ဖြစ်ပြီး အလုပ်သင်အဖြစ် အလုပ်ခွင်သို့ ဝင်ရောက်လုပ်ကိုင်းနိုင်သော အနိမ့်သောအသက်မှာ ၁၄နှစ်ဟု သတ်မှတ်ထားသည်။

See caption
ဗွက်တောထဲ၌ အမှိုက်ကောက်နေသော ကလေးငယ်တစ်ဦး

ခန့်မှန်းခြေအားဖြင့် ကလေးလုပ်သား ၃၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကိုလုပ်ကိုင်ကြရသည်။ ကိန်းဂဏန်း တွက်ချက်မှုများအရ ကလေးလုပ်သားဦးရေ၏ ၇၀ရာခိုင်နှုန်းမှာ ယောက်ျားလေးများဖြစ်ကြသည်။ အာဖရိက-ဘရာဇီး လူမျိုးများဖြစ်ကြသည့် ကလေးလုပ်သားဦးရေးကို ၆၅ရာခိုင်နှုန်းထိတွေ့ရသည်။[၁]

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏အဆိုအရ ကမ္ဘာပေါ်ရှိ ကလေးအလုပ်သမားများ (ဘရာဇီး အပါအဝင်) ဖြစ်ရခြင်း၏အဓိက အကြောင်းမှာ ဆင်းရဲမွဲတေမှုပြဿနာကြောင့်ဟုဆိုခဲ့သည်။ ဆင်းရဲမွဲတေမှုကြောင့် မိသားစုဝင်ငွေရရှိစေရန်၊ ပညာရေး ဆက်လက်လေ့လာနိုင်စေရန်နှင့် လူနေမှုဘဝများတွင် ရှင်သန်နေထိုင်ရန်အတွက် ကလေးသူငယ်များသည် ကလေးလုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းခြင်းခံကြရသည်။[၃][၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Braziliense၊ Correio။ "Trabalho infantil atinge 2,7 milhões de crianças e adolescentes no Brasil" (in pt-BR)၊ Correio Braziliense၊ 2017-06-11။ 
  2. "Brasil registra aumento de trabalho infantil entre crianças de 5 a 9 anos" (in pt-br)၊ Agência Brasil၊ 2017-06-12။ 
  3. Convenções da OIT intesificam combate ao trabalho infantil | BBC Brasil | BBC World Service။ 6 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2020 တွင် ပြန်စစ်ပြီး။
  4. Tire suas dúvidas sobre trabalho infantil no Brasil | BBC Brasil | BBC World Service။ 5 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2020 တွင် ပြန်စစ်ပြီး။