ဘရိုဒီယာ ကျွန်းဆွယ်

ဘတ်ဖင်းကျွန်းပေါ်ရှိ လူသူမနေသော အငူ

ဘရိုဒီယာ ကျွန်းဆွယ် (အင်္ဂလိပ်: Brodeur Peninsula) သည် ကနေဒါနိုင်ငံ၊ နူနဗွတ်နယ်မြေ၏ ခီကစ်တားလုခ်ဒေသရှိ ဘတ်ဖင်းကျွန်းပေါ်ရှိ လူသူမနေသော ကုန်းမြေကြီး ဖြစ်သည်။ ကျွန်း၏ အနောက်မြောက်ဘက် အစိတ်အပိုင်းတွင် တည်ရှိပြီး၊ ၎င်းကို ရီးဂျင့်မင်းသားဝင်ပေါက်(ရေလက်ကြား)၊ လန်ကက်စတာ ဆောင်းဒ်နှင့် အက်ဒမိုင်းရောတီဝင်ပေါက်(ရွှေခေါင်းလောင်းရေလက်ကြား)တို့ က ဝန်းရံထားသည်။ ကျွန်းဆွယ်သည် ဘတ်ဖင်းကျွန်း၏ ကျန်အစိတ်အပိုင်းကို ကျဉ်းမြောင်းသော ကုန်းမြေဖြင့် ဆက်ထားသည်။

In this satellite image, the Brodeur Peninsula can be viewed on the northwestern part of Baffin Island

ပထဝီ ပြင်ဆင်ရန်

ထိုဒေသသည် ကမ်းခြေမှာ ကျောက်တောင် ထူထပ်ပြီး၊ ကမ်းရိုးတန်းသည် တောင်စောင်းများ မတ်စောက်ကာ၊ ကြမ်းတမ်းသည်။

တိရစ္ဆာန် ပြင်ဆင်ရန်

အနောက်မြောက်ပိုင်း ဘရိုဒီယာ ကျွန်းဆွယ်သည် အရွယ်အစားအားဖြင့်  ၄၇၅ စတုရန်း ကီလိုမီတာ (၁၈၃ စတုရန်းမိုင်) ကနေဒါ၏ အရေးပါသော ငှက်ကြည့်ဒေသ ဖြစ်သည်။(#NU065).[၁] အိုင်ဗရီစင်ယော်ငှက်များ၏ မူလနေရာ ဖြစ်သော်လည်း၊ မကြာသေးမီအချိန်များက ၎င်းဒေသတွင် ငှက်များ သားပေါက်နှုန်း သိသာစွာ ကျဆင်းသည်ကို သုတေသီများ လေ့လာ တွေ့ရှိသည်။

ဘရိုဒီယာ ကျွန်းဆွယ် အနောက်ဘက်သည် ပိုလာဝက်ဝံများ မိတ်လိုက်ရာ ကွင်းပြင်အဖြစ် လူသိများသည်။

မြေအသုံးချခြင်း ပြင်ဆင်ရန်

ဤဒေသတွင် သတ္တုများ ရှာဖွေရန် အကြီးအကျယ် လုပ်ဆောင်လျက် ရှိသည်။ အမြွှာမိုင်းတွင်းကုမ္ပဏီသည် ကျွန်းဆွယ်ပေါ်၌  ၁,၃၀၀,၀၀၀ ဧက (၅,၃၀၀ စတုရန်း ကီလိုမီတာ; ၂,၀၀၀ စတုရန်းမိုင်) ကျယ်သော စိန်တွင်း ရှိသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Northwestern Brodeur Peninsula, Arctic Bay, Nunavut။ bsc-eoc.org။ 12 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-06-06 တွင် ပြန်စစ်ပြီး။
  2. Diamonds on the Brodeur peninsula: A new kimberlite province in Nunavut, Canada

ကိုဩဒိနိတ်: 72°N 088°W / 72°N 88°W / 72; -88 (Brodeur Peninsula)