ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား

ဘရူနိုင်း အများပြည်သူနှင့်ဆိုင်သော ရုပ်သံလွှင့်ဌာန

ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား ( တရားဝင် အင်္ဂလိပ် : Radio Television Brunei ၊ အတိုကောက်: RTB) သည် ဘရူနိုင်းနိုင်ငံ အစိုးရပိုင် ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်သည်။ ပထမအကြိမ် အသံလွှင့် ဝန်ဆောင်မှု ကို ၁၉၅၇ ခုနှစ် မေလ ၂ရက် ‌တွင်စတင်ခဲ့ပြီး ရုပ်မြင်သံကြားထုတ်လွှင့်မှု ကို ၁၉၇၅ ခုနှစ် မတ်လ ၁ရက်နေ့ တွင်စတင်နိုင်ခဲ့သည်။ ဘရူနိုင်းရေဒီယိုနှင့် ရုပ်မြင်သံကြား သည် ဘရူနိုင်းနိုင်ငံအတွင်း ထင်ရှားသော ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်သည်။ ဘရူနိုင်းအသံ နှင့် ရုပ်မြင်သံကြား ၏ အမှတ်တံဆိပ် သည် ဘရူနိုင်းနိုင်ငံ အမျိုးသားအထိမ်းအမှတ် တံဆိပ် အပေါ် အ‌ခြေခံထားသည်။ [၁]

Radio Television Brunei (RTB)
အမျိုးအစားအများပြည်သူအကျိုးပြု ရုပ်သံလွှင့်လုပ်ငန်း
Brandingဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား
ပထမဆုံး ထုတ်လွှင့်သည့်ရက်
၁ မတ်လ ၁၉၇၅ အဖြစ် ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား (RTB)
ဖမ်းယူရရှိနိုင်မှုနိုင်ငံတစ်ဝန်း
ကမ္ဘာတစ်ဝန်း
တည်ထောင်သည့်နှစ်၂ မေလ ၁၉၅၇ အဖြစ် ဘရူနိုင်း အသံ
၁ မတ်လ ၁၉၇၅ အဖြစ် ဘရူနိုင်း အသံနှင့် ရုပ်မြင်သံကြား
ကြော်ငြာSentiasa Bersama Biskita (Always Be With You)
(အမြဲတမ်း သင်နှင့်အတူရှိနေမယ်)
(၁၉၅၇-လက်ရှိ)
Licence area
ဘန်ဒါဆရီဘဂါဝမ်မြို့ဘရူနိုင်းနိုင်ငံ
ဌာနချုပ်ဘန်ဒါဆရီဘဂါဝမ်မြို့ဘရူနိုင်းနိုင်ငံ
ပိုင်ဆိုင်သူဘရူနိုင်းနိုင်ငံ အစိုးရ
- ပြန်ကြားရေးဝန်ကြီးဌာန , ဘရူနိုင်း အနုပညာနှင့် ဆက်သွယ်ရေး ဌာန
တရားဝင် ဝက်ဘ်ဆိုဒ်
rtb.gov.bn

သမိုင်း‌ကြောင်း ပြင်ဆင်ရန်

ရေဒီယို ပြင်ဆင်ရန်

ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား ၏ အသံလွှင့်လုပ်ငန်းများကို ၁၉၅၇ခုနှစ် မေလ ၂ရက်နေ့ တွင် ဘရူနိုင်း ဆူလ်တန်ဘုရင် ၏ အမှာစကားဖြင့် စတင်ခဲ့သည်။ ရေဒီယို အသံထုတ်လွှင့်မှု အတွက် အသံလွှင့်ခန်း တစ်ခုသာ ရှိခဲ့ပြီး ၄၅မိနစ်စာ အစီအစဉ်များကို နေ့စဉ် ည ၈နာရီ မှ ၈နာရီ ၄၅မိနစ် အထိထုတ်လွှင့်ခဲ့သည်။ အဆိုပါ ထုတ်လွှင့်မှု အား လိုင်းနှုန်း ၁၂Kw ဖြင့် ဘရူနိုင်းနိုင်ငံမြို့တော် နှင့် အနီးတဝိုက် ၅မိုင် အထိ ဖမ်းယူနား‌ဆင်နိုင်ခဲ့သည်။

၁၉၇၄ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ တစ်ဝှမ်းလုံး အား ‌လွှမ်းခြုံနိုင်သော အသံထုတ်လွှင့်မှုအား ဝန်ထမ်း ၁၇၁ယောက် နှင့် အသံလွှင့်ရုံ သုံးခု ဖြင့် လုပ်ဆောင်နိုင်ခဲ့သည်။

ရုပ်မြင်သံကြား ပြင်ဆင်ရန်

၁၉၇၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ တွင် ဘရူနိုင်း ရုပ်မြင်သံကြား စမ်းသပ်ထုတ်လွှင့်မှု အဖြစ် RTB Perdana (Channel 5) အား စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ပုံမှန် ရုပ်သံထုတ်လွှင့်မှု အား ၁၉၇၅ခုနှစ် မတ်လ ၁ရက်တွင် စတင်ထုတ်လွှင့်နိုင်ခဲ့သည်။ အဆိုပါ ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း အတွက် ဝန်ထမ်း သုံးယောက် သာရှိပြီး စက်ကိုင် လေးဦး ဖြင့်သာ ရုပ်သံလွှင့်လုပ်ငန်း စတင်ခဲ့သည်။

၂၀၁၇ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြားသည် ပိုမိုကောင်းသော ရုပ်သံလိုင်းများ ထုတ်လွှင့်နိုင်ရန် ရည်ရွယ်လျက် ရုပ်သံလိုင်းပေါင်းစည်းခြင်းနှင့် အမှတ်တံဆိပ်များ ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။ RTB1 နှင့် RTB5 အား RTB Perdana ရုပ်သံလိုင်း အဖြစ်သော်လည်းကောင်း [၂][၃] ၊ RTB2 နှင့် RTB3 HD အား RTB Aneka ရုပ်သံလိုင်း အဖြစ်သော်လည်းကောင်း ၊ RTB4  အား RTB Sukmaindera ရုပ်သံလိုင်း အဖြစ်သော်လည်းကောင်း[၂][၃] ရုပ်သံလိုင်း တစ်ခုတည်းအဖြစ် အသီးသီး ပြောင်းလဲခဲ့သည်။ ထို့ကဲ့‌သို့ ရုပ်သံလိုင်းများ အပြောင်းအလဲဖြစ်ခြင်းသည် ဘရူနိုင်း အသံနှင့် ရုပ်မြင်သံကြား ၏ အင်တာလော့ရုပ်သံထုတ်လွှင့်မှု စနစ်မှ ဒီဂျစ်တယ် ရုပ်သံထုတ်လွှင့်မှု စနစ်အဖြစ်သို့ ပြောင်းလဲ ထုတ်လွှင့်ခြင်း ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။[၂][၃]

ရုပ်သံလိုင်းများ ပြင်ဆင်ရန်

ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား (RTB) မှ အောက်ပါ ရုပ်သံလိုင်း သုံး လိုင်း အားထုတ်လွှင့်နေသည်။

  • RTB Perdana - သတင်းအချက်အလက် များကို ထုတ်လွှင့်နေသော နိုင်ငံပိုင် သတင်းရုပ်သံလိုင်း တစ်လိုင်းဖြစ်ပြီး အင်ဒိုနီးရှား ရုပ်သံဇာတ်လမ်းတွဲ များ ကိုလည်းပြသနေသည်။ အဆိုပါ ရုပ်သံလိုင်းသည် တစ်နေ့လျှင် ၁၈နာရီ ထုတ်လွှင့်ပြီး 1080p HD အရည်အသွေး ဖြင့်ထုတ်လွင့်ပြသနေသည်။[၃]
  • RTB Aneka - ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား ၏ ဒုတိယမြောက် ရုပ်သံလိုင်း တစ်ခုဖြစ်ပြီး ဖျော်ဖြေရေး ရုပ်သံလိုင်းတစ်ခုဖြစ်သည်။ အဆိုပါ ရုပ်သံလိုင်း သည် တစ်နေ့လျှင် ၁၄နာရီ ထုတ်လွှင့်ပြီး 1080p HD အရည်အသွေးဖြင့် ပြသနေသည်။[၃]
  • RTB Sukmaindera - ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား ၏ ရုပ်သံအစီအစဉ်များ အား ၂၄နာရီ ထုတ်လွှင့်ပြသနေသော နိုင်ငံတကာ ရုပ်သံလိုင်း တစ်ခုဖြစ်သည်။[၃]

ရေဒီယိုလိုင်းများ ပြင်ဆင်ရန်

ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား မှ နှစ် ၅၀မြောက် ရေဒီယိုထုတ်လွှင့်မှု အထိမ်းအမှတ် အဖြစ် ရေဒီယိုလိုင်း ၅လိုင်း အား ၂၀၀၇ခုနှစ် မေလ ၂ ရက်မှ ထုတ်လွှင့်ပေးနေသည်။

  • Nasional FM (92.3FM/93.8FM/594AM) - ဘရူနိုင်းနိုင်ငံ အစိုးရ၏ ပေါ်လစီ များ ၊ အစိုးရဆိုင်ရာသတင်းများ ၊ ပြည်တွင်းသတင်းများ ၊နိုင်ငံတော်ပွဲအခမ်းအနားများ ၊ သတင်းအချက်အလက် နှင့် ယဉ်ကျေးမှု ဆိုင်ရာများ အား ထုတ်လွှင့်နေသော ရေဒီယိုချန်နယ် တစ်ခုဖြစ်သည်။ အဆိုပါ ရေဒီယို အား ၁၉၅၇ခုနှစ် မေလ ၂ရက်တွင် စတင်ထုတ်လွှင့်ခဲ့သည်။
  • Pilihan FM (95.9FM/96.9FM) - အင်္ဂလိပ်ဘာသာ နှင့် မန်ဒရင်း ဘာသာတို့ဖြင့် ထုတ်လွှင့်နေသော ရေဒီယိုချန်နယ် တစ်ခုဖြစ်ကာ ၁၉၆၃ခုနှစ် တွင်စတင်ထုတ်လွှင့်ခဲ့သည်။
  • Pelangi FM (91.4FM/91.0FM) - ဆယ်ကျော်သက် လူငယ်များ အတွက် ရည်ရွယ်ထုတ်လွှင့်နေသော ရေဒီယိုချန်နယ် တစ်ခုဖြစ်သည်။ အဆိုပါ ရေဒီယို အား ၁၉၆၅ခုနှစ် တွင် စတင်ထုတ်လွှင့်ခဲ့ပြီး တေးဂီတ နှင့် ဖျော်ဖြေရေး အစီအစဉ်များ ၊ ပညာပေး အစီအစဉ်များ နှင့် ဘာသာရေးဆိုင်ရာအစီအစဉ် များကို ထုတ်လွှင့်နေသည်။ Pelangi FM  သည် ဘရူနိုင်းနိုင်ငံ ရှိ ရေဒီယို အသံလွှင့်ရုံများအနက် နံပါတ် တစ် ရေဒီယိုအသံလွှင့်ရုံ အဖြစ် အမြဲလိုလို သတ်မှတ်ခြင်း ခံရသည်။
  • Harmoni FM (94.1FM) - ၁၉၇၀ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ မှစတင်ထုတ်လွှင့် နေပြီး မိသားစု ဆိုင်ရာ အစီအစဉ်များ နှင့် ဘာ‌သာရေး အစီအစဉ်များ၊ ပြည်တွင်း အားကစားပွဲများ နှင့် တေးဂီတဖျော်‌‌ဖြေပွဲများ လည်း တိုက်ရိုက် ထုတ်လွှင့်‌ပေးနေသည်။
  • Nur Islam Network (93.3FM/94.9FM)-၁၉၈၄ခုနှစ် တွင် စတင်ထုတ်လွှင့်ခဲ့ပြီး အစ္စလာမ်ဘာသာရေး ဆိုင်ရာအစီအစဉ်များ အားထုတ်လွှင့်ပေးနေသည်။

ကိုးကား ပြင်ဆင်ရန်

  1. "Brunei Mansuh Siaran Analog, Kini Digital Penuh"၊ My News Hub၊ 30 June 2017။ 4 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 4 January 2019။ 
  2. ၂.၀ ၂.၁ ၂.၂ State broadcaster to revamp, digitise TV channels | Borneo Bulletin Online (in en-US)။ 14 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2018 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ Fizah Hab။ "State broadcaster to revamp, digitise TV channels"၊ Asia News Network၊ 12 April 2017။ 4 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 28 May 2019။  ကိုးကား အမှား - Invalid <ref> tag; name "State broadcaster" defined multiple times with different content

ပြင်ပလင့် ပြင်ဆင်ရန်