Blackbox3D-withGraphs.png

သိပ္ပံ၊ ကွန်ပျူတာ သို့မဟုတ် အင်ဂျင်နီယာပညာရပ်နယ်ပယ်၌ အီလက်ထရွန်းနစ် နည်းပညာဖြင့် အခြေခံတည်ဆောက်ထားသည့် မည်သည့်ပစ္စည်းကိရိယာကိုမဆို black box ဟု သုံးနှုန်းကြသည်။ ဥပမာအားဖြင့် ကွန်ပျူတာတစ်လုံးရှိ CPU (Central Processing Unit) သည် black box ဖြစ်ပြီး ၎င်းသည် အချက်အလက်များကို ကွန်ပျူတာမှ လက်ခံနိုင်ရန် သို့မဟုတ် အသုံးပြုသူမြင်နိုင်ရန် သက်ဆိုင်ရာ format များသို့ ပြောင်းလဲလုပ်ဆောင်ပေးသည်။

Black box ဟူသောဝေါဟာရကို လေကြောင်းခရီးစဉ်များတွင်သုံးစွဲသည့် အသံဖမ်းယူသိမ်းဆည်းပေးသော ကရိယာအဖြစ်ဖြင့်သာ လူသိအများဆုံးဖြစ်သည်။ (အကြောင်းတစ်စုံတစ်ခုကြောင့် လေယာဉ်ပျက်စီးပေါက်ကွဲခဲ့သည်ဖြစ်စေ သိမ်းဆည်းထားခဲ့သောမှတ်တမ်းများအား ထိခိုက်မှုမရှိစေပဲ လေယာဉ်ပျက်ရသည့်အကြောင်းအရင်း စသည်တို့ကို မှန်းဆနိုင်ရန်ရည်ရွယ်ထုတ်လုပ်အသုံးပြုကြသည်။)