တီးရေးမူးရေး ဘာကာယိုကို (အင်္ဂလိပ်: Tiemoué Bakayoko; ၁၇ ဩဂုတ် ၁၉၉၄ မွေးဖွား) သည် ပြင်သစ်ကြေးစားဘောလုံးသမားဖြစ်ပြီး လက်ရှိ အဆင့်မြင့်တန်း ချဲလ်ဆီးအသင်းနှင့် ပြင်သစ်လက်ရွေးစင်အသင်းတွင် ကစားနေသည်။ သူ၏ ကစားကွက် ကို ဟန့်တားဖျက်ဆီးနိုင်စွမ်းကြောင့် ကွင်းလယ်ခံစစ်မှူးအဖြစ် ကစားလေ့ရှိသော်လည်း ကြံ့ခိုင်မှုနှင့် လှုပ်ရှားနိုင်မှုတို့ကြောင့် ပြင်သစ်လက်ရွေးစင်အသင်း မန်နေဂျာ ဒီဒီယာ ဒက်စ်ချမ့်ပ် က သူကို "ပြီးပြည့်စုံသော ကွင်းလယ်ကစားသမား"အဖြစ် တင်စားခဲ့သည်။

တီးရေးမူးရေး ဘာကာယိုကို
၂၀၁၄ ခုနှစ်က မိုနာကိုအသင်းနှင့် တွေ့ရသော ဘာကာယိုကို
ကိုယ်ရေးအချက်အလက်များ
မွေးသက္ကရာဇ် (1994-08-17) ၁၇ ဩဂုတ်၊ ၁၉၉၄ (အသက် ၂၉)[၁]
မွေးရပ်ဇာတိ ပါရီမြို့၊ ပြင်သစ်နိုင်ငံ[၁]
အရပ်အမြင့် ၁.၈၅ m (၆ ft ၁ in)[၁]
ကစားသည့်နေရာ ကွင်းလယ်ခံစစ်မှူး
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ချဲလ်ဆီး
အင်္ကျီနံပါတ် ၁၄
လူငယ်ဘဝကလပ်များ
၂၀၀၀–၂၀၀၄ Paris 15ème O.
၂၀၀၄–၂၀၀၆ CA Paris-Charenton
၂၀၀၆–၂၀၀၈ Montrouge FC 92
၂၀၀၈–၂၀၁၃ Rennes
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၂–၂၀၁၄ Rennes B ၁၆ (၀)
၂၀၁၃–၂၀၁၄ Rennes ၂၄ (၁)
၂၀၁၄–၂၀၁၇ မိုနာကိုဘောလုံးအသင်း ၆၃ (၃)
၂၀၁၇– ချဲလ်ဆီး (၀)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၀ France U16 (၀)
၂၀၁၁ France U17 (၀)
၂၀၁၁ France U18 (၀)
၂၀၁၄ France U20 (၀)
၂၀၁၄–၂၀၁၆ France U21 ၁၃ (၀)
၂၀၁၇– ပြင်သစ် (၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၂၀ မေ ၂၀၁၇အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ၂၈ မတ် ၂၀၁၇ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ငယ်စဉ်က ခြေထောက်ကျိုးခဲ့ပြီးနောက် ဘာကာယိုကိုသည် အသက် ၁၃ နှစ်အရွယ်တွင် ရိုမ်းဘောလုံး အကယ်ဒမီတွင် လူငယ်ကစားသမားအဖြစ် ဝင်ရောက်ခဲ့သည်။ အသက် ၁၄ တွင် နာမည်ကျော် ကလဲဖွန်တိန် ဘောလုံးအကယ်ဒမီသို့ အရွေးခံသော်လည်း ငြင်းပယ်ခံခဲ့ရသည်။ သူ၏ ကစားသမားဘဝကို ရိမ်းအသင်းတွင် စတင်ခဲ့ပြီး ၂၄ ပွဲကစားပြီးနောက် ၂၀၁၄ ခုနှစ်တွင် မိုနာကိုအသင်းသို့ ယူရို ၇ သန်းဖြင့် ပြောင်းရွေ့ခဲ့သည်။[၂] မိုနာကို၌ သူ၏ ပထမနှစ်ရာသီတွင် ၃၁ ပွဲပါဝင်ကစားခဲ့ရသော်လည်း ၂၀၁၆-၂၀၁၇ ရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး မိုနာကို၏ပထမတန်း ချန်ပီယံရအောင် ပါဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ချဲလ်ဆီးအသင်းသို့ ယူရို သန်း ၄၀ ဖြင့် ပြောင်းရွေ့ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Tiemoué Bakayoko - Player Profile - Football။ 26 June 2017 တွင် ပြန်စစ်ပြီး။
  2. Monaco star Tiemoue Bakayoko 'arrives for medical ahead of £35m Chelsea move' (27 June 2017)။ 27 June 2017 တွင် ပြန်စစ်ပြီး။