ဘာဂါကင်း
ဘာဂါကင်း (အင်္ဂလိပ်: Burger King; အတိုကောက် BK) သည် အမေရိကန် ဟမ်ဘာဂါ အမြန်ပြင် စားသောက်ဆိုင်များ ဖြစ်သည်။ ဌာနချုပ်သည် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီဒိတ် ကောင်တီတွင် တည်ရှိသည်။ ၁၉၅၃ ခုနှစ်တွင် ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆန်ဗေးမြို့အခြေစိုက် InstaBurger King အမည်ဖြင့် ကုမ္ပဏီ စတင်တည်ထောင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် Insta-Burger King ကုမ္ပဏီသည် ဘဏ္ဍာရေးအကြပ်အတည်းဖြစ်ပွားခဲ့ပြီး ယင်း၏ မိုင်ယာမီအခြေစိုက် လုပ်ငန်းလုပ်ခွင့်ရသူ David Edgerton နှင့် James McLamore တို့က ကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက် "Burger King" ဟု အမည်ပြောင်းလဲခဲ့သည်။ နောက် ရာစုနှစ်ဝက်ခန့်တွင် ကုမ္ပဏီသည် ပိုင်ရှင် လေးဆက်ပြောင်းလဲခဲ့ပြီး သုံးဆက်မြောက်ပိုင်ရှင်များဖြစ်သော TPG Capital, Bain Capital နှင့် Goldman Sachs Capital Partners တို့က ၂၀၀၂ ခုနှစ်တွင် အများပိုင်အဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၁၀ တွင် ဘရာဇီး 3G Capital က အမေရိကန်ဒေါ်လာ ၃.၂၆ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာအများစုကို ရယူခဲ့သည်။
အမျိုးအစား | လက်အောက်ခံကုမ္ပဏီ |
---|---|
လုပ်ငန်း | စားသောက်ဆိုင်များ |
Genre | အမြန်ပြင် စားသောက်ဆိုင် |
လွှဲအပ်သူ | Insta-Burger King |
တည်ထောင်သည့်နှစ် | Insta-Burger King: ၁၉၅၃ ဂျက်ဆန်ဗေးမြို့၊ ဖလော်ရီဒါပြည်နယ် Burger King: ၁၉၅၄ မိုင်ယာမီမြို့၊ ဖလော်ရီဒါပြည်နယ် |
တည်ထောင်သူများ | Insta-Burger King: Keith J. Kramer and Matthew Burns Burger King: David Edgerton နှင့် James McLamore |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်ဝန်း |
အရေးပါ ပုဂ္ဂိုလ်များ | |
ထုတ်ကုန်ပစ္စည်း | |
ဝင်ငွေ | US$ ၄.၀၅ ဘီလီယံ (FY 2015)[၁]:30 |
အခွန်မဆောင်မီ ဝင်ငွေ | US$ ၃၆၃.၀ မီလီယံ (FY 2015 RBI)[၁]:30 |
အသားတင် ဝင်ငွေ | US$ ၁.၉၁၂ ဘီလီယံ(FY 2015 RBI)[၁]:30 |
ရင်းနှီးမြှုပ်နှံမှု | US$ ၁၈.၄၁ ဘီလီယံ (FY 2015 RBI)[၁]:31 |
စုစုပေါင်း ရှယ်ယာတန်ဖိုး | US$ ၂.၉၁၂ ဘီလီယံ (FY 2015 RBI)[၁]:31 |
အလုပ်သမားဦးရေ | ၃၄,၂၄၈ (FY 2015 RBI) |
မိခင်ကုမ္ပဏီ | Restaurant Brands International |
ဝက်ဘ်ဆိုက် | bk.com |