ဘာဘာအလံ

အာဖရိကမှ လူမျိုးစုအလံ

ဘာဘာအလံ (အင်္ဂလိပ်: Berber flag; ⴰⵛⵏⵢⴰⵍ ⴰⵎⴰⵣⵉⵖ, Acenyal Amaziɣ) သည် ဘာဘာလူမျိုးတို့ အသုံးပြုသည့် လူမျိုးစုအလံတစ်ခု ဖြစ်သည်။ ယင်းကို အာဖရိကနိုင်ငံ ၁၀ နိုင်ငံတို့ရှိ ဘာဘာလှုပ်ရှားမှုတို့တွင် အသုံးပြုလျက်ရှိသည်။

ဘာဘာအလံ - အချိုး ၂:၃

အယ်လ်ဂျီးရီးယား အကြီးအကဲတစ်ဦးဖြစ်သူ မူဂျာဟစ် အမည် Mohand Arav Bessaoud က ဘာဘာအလံကို အယ်လဂျီးရီးယားနိုင်ငံ၊ Ouadhia မြို့တွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့သည်။ သူသည် စာရေးဆရာတစ်ဦးဖြစ်ပြီး အယ်လ်ဂျီးရီးယား တော်လှန်ရေးတွင် တက်ကြွလှုပ်ရှားခဲ့သူဖြစ်ကာ ဘာဘာအမျိုးသားရေးလှုပ်ရှားမှု၏ ဖခင်အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။