ဘာဘီရင်မီးပြတိုက် ("ဘီရုဝလမီးပြတိုက်" ဟုလည်း ခေါ်ကြ) သည် ဘာဘာရင်ကျွန်းပေါ်တွင် တည်ရှိသည့် မီးပြတိုက်တစ်ခု ဖြစ်သည်။ ၃.၂၅ ဟက်တာ (၈ ဧက) ကျယ်သည့် ကျွန်းပေါ်၊ သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ ဘီရုဝလမြို့မှ ၀.၈ ကီလိုမီတာ (၀.၅ မိုင်) အကွာရှိ ကမ်းလွန်ပြင်တွင် တည်ရှိသည်။ အဖြူရောင်ကျောက်ဖြင့်ပြုလုပ်ထားသည့် ထုချွန်ပုံစံ တာဝါဖြစ်ကာ ၃၄ မီတာ (၁၁၂ ပေ) မြင့်သည်။[၃]

Barberyn Lighthouse
Beruwala
Map
တည်နေရာBeruwala
Kalutara District
Sri Lanka
OS grid[၁]
ကိုဩဒိနိတ်06°27′48.7″N 79°58′06″E / 6.463528°N 79.96833°E / 6.463528; 79.96833ကိုဩဒိနိတ်: 06°27′48.7″N 79°58′06″E / 6.463528°N 79.96833°E / 6.463528; 79.96833
တည်ဆောက်ခဲ့1888-89
ပထမဆုံးမီးထွန်းNovember 1889
အလိုအလျောက်no
ဆောက်လုပ်ရေးgranite tower
မီးပြတိုက်ပုံစံcylindrical tower with balcony and lantern
အမှတ်အသားwhite tower
မီးပြတိုက်အမြင့်၃၄ m (၁၁၂ ft)
ဆုံချက်အမြင့်၄၆ m (၁၅၁ ft)
Lenshyperradiant Fresnel lens Edit this on Wikidata
အကွာအဝေး၂၇ ရေမိုင် (၅၀ ကီလိုမီတာ; ၃၁ မိုင်)
ဝိသေသလက္ခဏာFl W 20s.
Admiralty numberF0826
NGA number27288
ARLHS numberSLI-002
အော်ပရေတာSri Lanka Ports Authority[၁]
အမွေအနှစ်Archaeological Protected Monument (25 March 2016)[၂]

မီးပြတိုက်သည် ၁၈၈၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပြီးစီးခဲ့သည်။ [၄]၎င်းကို အင်ပါယာမီးပြတိုက်လုပ်ငန်းက ဆောင်ရွက်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ၎င်းကို old dioptric apparatus (produced by Chance Brothers) ကို pedestal rotating beacon (Pharos Marine PRB-21 sealed beam optic and drive pedestal) ဖြင့်အစားထိုးကာ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင်လည်း ၎င်းကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး Differential Global Positioning System (DGPS) များကို စတင်အသုံးပြုခဲ့သည်။ ထို့အပြင် နိုင်ငံရှိ အခြားသော မီးပြတိုက်များဆီသို့ ကွန်ပျူတာဖြင့် ချိတ်ဆက်ကာ လုပ်ဆောင်ခဲ့သည်။ ဘာဘီရင်မီးပြတိုက်သည် သီရိလင်္ကာတွင်တည်ရှိသည့် အပြည်ပြည်ဆိုင်ရာမီးပြတိုက်လေးခုထဲမှ တစ်ခုဖြစ်သည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. တမ်းပလိတ်:Cite rowlett
  2. Gazette 1960 & 25 March 2016, p. 227.
  3. တမ်းပလိတ်:Cite rowlett
  4. "Notice to Mariners"၊ 17 September 1889။ 7 October 2014 တွင် ပြန်စစ်ပြီး