ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက် (စာအုပ်)

ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက် စာအုပ်သည် Raymond Chapman ရေးသားပြုစုခဲ့သည့် Linguistics and Literature, An Introduction to Literary Stylistics (1973) စာအုပ်ကို ဒေါက်တာဇော်ထွန်း က ဘာသာပြန်ဆိုထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင် အခန်း(၁) ဘာသာဗေဒနှင့်စာပေ မိတ်ဆွေလော ပြိုင်ဘက် ရန်သူလော၊ အခန်း(၂) စာပေနှင့်ရေးဟန်ပညာ၊ အခန်း(၃) ဘာသာစကား၊ စာပေနှင့်သမိုင်း၊ အခန်း(၄) ပြောစကားနှင့်အရေးအသား၊ အခန်း(၅) ဝါကျတည်ဆောင်ပုံ (Syntax)၊ အခန်း(၆) စကားလုံးများနှင့်အဓိပ္ပာယ်များ၊ အခန်း(၇) စကားအလင်္ကာ၊ အခန်း(၈) နရီနှင့်ကဗျာ စည်းဝါးမတြာစနစ်နှင့် အခန်း(၉) ဝါကျ၏ ဟိုမှာဘက်ဆီသို့ စသော အခန်းပေါင်း(၉)ခန်းပါဝင်သည်။ ထို့အပြင် ဒေါက်တာခင်အေး(မောင်ခင်မင် (ဓနုဖြူ))နှင့် စာရေးသူ(ဆရာ) ဒေါက်တာဇော်ထွန်းတို့၏ အမှာစာလည်း ပါဝင်သည်။

ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်
စာရေးသူဒေါက်တာဇော်ထွန်း
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားဘာသာပြန်
ထုတ်ဝေခြင်း၂ဝ၁၅ ခုနှစ် မေလ ပထမအကြိမ်
ထုတ်ဝေသူနှစ်ကာလများ

ကိုးကား ပြင်ဆင်ရန်