ဘာသာရေး လွတ်လပ်ခွင့်
ဘာသာရေး လွတ်လပ်ခွင့် သည် တစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စု ၏ လွတ်လပ်ခွင့်ကိုထောက်ခံသည့် နိယာမတရားပင်ဖြစ်သည်။ လူထု သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍတို့တွင် ဘာသာရေး သို့မဟုတ် ယုံကြည်ကိုးကွယ်မှု ကို သင်ကြားခြင်း၊ လေ့ကျင့်ခြင်း၊ ကိုးကွယ်ခြင်းနှင့် ဆည်းပူးလေ့လာမှု တို့သည်လည်း ဘာသာရေးလွတ်လပ်ခွင့်၏ နိယာမတရား ဖြစ်သည်။ ဤ အမြင်ယူဆချက်သည် ဘာသာတရားလွှဲပြောင်းကိုးကွယ်ခွင့် သို့မဟုတ် မည်သည့်ဘာသာတရားကို သာကိုးကွယ်ရမည် ဟု မဆိုလိုကြောင်း ယေဘုယျအားဖြင့် သိမှတ်ထားသည်။ ပြည်သူအများနှင့် နိုင်ငံများသည် ဘာသာရေး လွတ်လပ်ခွင့်ကို အခြေခံ လူ့အခွင့်အရေး တစ်ရပ်အဖြစ် သိရှိနားလည်ထားသည်။ သောမတ်(စ်) ဂျက်ဖာဆင် (Thomas Jefferson(1807)) ကပြောခဲ့သည်မှာ ခန့်မှန်း၍မရနိုင်သော ကျွန်ုပ် တို့၏ ကောင်းချီးများစွာထဲတွင် ကျွန်ုပ် တို့၏ ဖန်ဆင်းရှင်ကို လွတ်လွတ်လပ်လပ် ကိုးကွယ်ရခြင်းသည် ဖန်ဆင်းရှင် ၏ အလိုဆန္ဒ အတိုင်းသာ ဖြစ်ကြောင်း လက်ခံသဘောပေါက်ပြီး ဖြစ်သည်။ ဘာသာရေးဦးဆောင်မှုရှိ သည့်နိုင်ငံတွင် ဘာသာရေး လွတ်လပ်မှုဆိုသည်မှာ အစိုးရမှ သတ်မှတ်ထားသော နိုင်ငံတော် ဘာသာအပြင် အခြားသောဘာသာများ ၏ လှုပ်ရှားဆောင်ရွက်မှုများကို ခွင့်ပြုပေးပြီး အခြားဘာသာယုံကြည်သူများကို နှောင့်ယှက်နှိပ်ကွပ်ခြင်းမရှိ ကြောင်း ယေဘုယျအားဖြင့် သိရှိနားလည်သည်။
ဘာသာရေးလွတ်လပ်ခွင့်၏ သမိုင်း
ပြင်ဆင်ရန်သမိုင်းအရ ဘာသာရေးလွတ်လပ်ခွင့် ဆိုသည်မှာ အခြားသော မတူကွဲပြားသည့် အယူဝါဒယုံကြည်မှုများကိုသည်းခံ နိုင်စွမ်း အဖြစ်ရည်ညွှန်းထားခဲ့သည်။ တစ်ချိန်တည်းမှာပင် လွတ်လပ်စွာကိုးကွယ်ခွင့်ကို တစ်ဦးတစ်ယောက်၏ လွတ်လပ်စွာပြုမူ လုပ်ဆောင်မှုအဖြစ် အဓိပ္ပာယ်သတ်မှတ် သည်။ ယင်းလွတ်လပ်ခွင့်များတစ်ခုစီတွင် ပမာဏ အနိမ့်အမြင့်များ ရှိနေသည်။ အချို့သော နိုင်ငံများတွင် ဘာသာရေးလွတ်လပ်ခွင့်ကို ပုံစံတစ်မျိုးဖြင့်လက်ခံနေချိန်တွင် ယင်းလွတ်လပ်ခွင့် ကို လက်တွေ့တွင် အခွန်ထမ်းဆောင်စေခြင်းဖြင့် ဖြစ်စေ၊လူမှုရေးဥပဒေပြုမှုကို ဖိနှိပ် ထားခြင်းဖြင့် ဖြစ်စေ နိုင်ငံရေးအရ မဲပေး ပိုင်ခွင့် ကို ရုပ်သိမ်း ၍ ဖြစ်စေ တစ်နည်းမဟုတ် တစ်နည်းဖြင့် ကန့်သတ် ချုပ်ချယ် ထားသည်။ ဥပမာ နှိုင်းယှဉ်ကြည့်လျှင် တစ်ဦးတစ်ယောက်ချင်း လွတ်လပ်မှုရှိသော အီတလီ သို့မဟုတ် မွတ်စလင်မဟုတ်သည့် ဘာသာဝင်များ ကို တရားဝင် အသက်မွေး နေထိုင်နိုင်သော “တစ်ဦးတစ်ယောက်ချင်းစီကို ကာကွယ်ထားခြင်း” ဟုအဓိပ္ပာယ်ရသည့် dhimmis ၏မိရိုးဖလာမွတ်စလင်များ။
ခေတ်သစ်စိုးရိမ်ပူပန်မှုများ
ပြင်ဆင်ရန်ယနေ့တွင် မွတ်စလင် ကမ္ဘာ [citation needed] အတွင်း နှင့် တရုတ်[citation needed] ၊မြောက်ကိုးရီးယား[citation needed] ကဲ့သို့ သော ကွန်မြူနစ်နိုင်ငံများတွင် လူနည်းစု ဘာသာရေးများအပေါ် ဖိနှိပ်နေခြင်းကို စိုးရိမ် [who?] နေရသည်။ ထိုနည်းတူစွာ အခြားသော နိုင်ငံများ တွင် သည်းမခံ နိုင်သည့် အပြုအမူများ ၊ ဥပမာအားဖြင့် - မွတ်စလင်တို့၏ ခေါင်းမြီးခြုံခြင်း ကို ဥရောပနိုင်ငံကြီး အချို့မှ တားဆီးပိတ်ပင် ခြင်းကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားမရေးရာနှင့် နိုင်ငံရေး အခွင့်အရေး ညီလာခံ ချမှတ်ချက် ၏ အပိုဒ် 18 တွင်ဖော်ပြ ထားသည်မှာ - ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့် ကို ငြင်းဆိုလျှင် တရားမျှတမှု မရှိသည့် ကိစ္စ တစ်ရပ်ဖြစ် သည်ဟုပြဆိုထားသည်။ဥပဒေ အမြင်အရ ဘာသာရေးလွတ်လပ်ခွင့်သည် ဘာသာရေးနှင့်ပတ်သက်၍သဘောထားကြီးမှု၊ နိုင်ငံတော်နှင့် ဘုရားကျောင်း ကိုခွဲခြားထားမှု သို့မဟုတ် ဘာသာရေး လွှမ်းမိုးမှု မရှိသည့် နိုင်ငံတော် (laïcité). တို့နှင့် ဆက်နွယ်နေသည်။ သို့သော် ထပ်တူတစ်ထေရာတည်း မဟုတ်ပါ။
လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် အစိုးရပါ ပတ်သက်မှုမရှိသည့် နေရာများတွင် ဘာသာရေး သဘောထားကြီးမှုကို ယေဘုယျအားဖြင့် အခြားသူများ ၏ ဘာသာရေးကိုးကွယ်မှုများအား လက်ခံသောစိတ်နေသဘောထားဟု ညွှန်းဆိုကြသည်။ အချို့သော သည်းခံနိုင်မှုသည် အခြားသော ဘာသာများကို မိမိဘာသာနှင့် အညီအမျှ မှန်ကန်သည့် အမြင်ထားရန် မလိုအပ်ပါ။ ထို့ထက် နိုင်ငံသားတိုင်းတွင် လက်ခံထားရမည်မှာ အခြားသူများတွင် ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှုများကို လုပ်ဆောင်နိုင် ခွင့်ရှိသည် ဟုသိမှတ် ထားရမည်။ နောက်တွင်ပြောခဲ့သောစကား များကို အမှီပြုရလျှင် ဘာသာရေး သိမ်းသွင်း ခြင်း ဝါဒ သည် လက်ခံနိုင်ဖွယ်မရှိသော ကိစ္စတစ်ရပ်ဖြစ်နိုင်သည်။ ဘာသာရေးသိမ်းသွင်းခြင်းသည် ဘာသာတရားမရှိသောယုံကြည်ခြင်း အပါအဝင် အခြားသော ဘာသာရေး ကိုးကွယ်မှုများ၏ ကျိုးကြောင်းညီညွတ်ခြင်းများကို တိုက်ခိုက်စော်ကားခြင်း ဖြစ်သည်ဟု သိရှိနားလည်ရမည်။
ကမ္ဘာ ပေါ်ရှိ မျက်မှောက် ခေတ် ဘာသာရေး လွတ်လပ်မှု အခြေအနေ
ပြင်ဆင်ရန်
ပျူးသုတေသန ဌာန (Pew Research Center's) ၏ ဘာသာရေးနှင့် လူထုဘဝဆွေးနွေးပွဲသည် ကမ္ဘာ ပေါ်ရှိ ဘာသာရေး လွတ်လပ်ခွင့်များကို လေ့လာခဲ့ရာတွင် ကုလသမဂ္ဂ၊ အမေရိကန် ဝန်ကြီးဌာန နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့ အပါအဝင် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း 16 ခုတို့ ထံမှ အချက်အလက်များ စုဆောင်းရရှိ ခဲ့ပြီး ကမ္ဘာ့လူဦးရေ၏ 99.5 ရာခိုင်နှုန်း ကိုကိုယ်စား ပြု ထားသည်။ 2009 ဒီဇင်ဘာ လတွင် ပုံနှိပ်ထုတ်ဝေ ခဲ့သည့် လေ့လာတွေ့ရှိချက်များအရ ကမ္ဘာ့နိုင်ငံများ၏ သုံးပုံတစ်ပုံသည် ဘာသာရေးချုပ်ချယ်မှုများ သည် သို့မဟုတ်များလွန်းသည်ကို တွေ့ရှိရပြီး ကမ္ဘာ့လူဦးရေ ၏ 70 ရာခိုင်နှုန်း နီးပါးသည် ဘာသာရေးလွတ်လပ်ခွင့် ပြင်းပြင်းထန်ထန် ချုပ်ချယ်သည့် နိုင်ငံများတွင် နေ ထိုင်လျက်ရှိကြသည်။ ဘာသာရေးအပေါ် ချုပ်ချယ်ခြင်းသည် နိုင်ငံတော်အာဏာပိုင် အဖွဲ့ အစည်းများနှင့် လူမှုရေးအုပ်စု ၊ လူမှုရေး အဖွဲ့အစည်း များ နှစ်မျိုးစလုံးမှ စတင်မြစ်ဖျားခံလာသည်ကိုတွေ့ ရှိ ရသည်။
အစိုးရ ချုပ်ချယ်မှုများတွင် ဖွဲ့စည်း အုပ်ချုပ် ပုံဖြင့် ကန့်သတ်ထားခြင်း သို့မဟုတ် လွတ်လပ်စွာ ဟောပြော ခြင်းကို တားမြစ်ခြင်း တို့ ပါဝင်သည်။
လူမှုရေးတိုက်ခိုက်ရန် လို မှုများ ကို ဘာသာရေးနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှု ဝါဒ နှင့် ဘာသာရေးအုပ်စု တစ်ခုနှင့် တစ်ခု အကြမ်းဖက်မှုတို့ဖြင့် တိုင်းတာသိရှိ နိုင်သည်။
နိုင်ငံအလိုက်ဘာသာရေးချုပ်ချယ်မှုများ
ပြင်ဆင်ရန်မြောက် နှင့် တောင်အမေရိက တိုက်ရှိ နိုင်ငံများသည် ဘာသာရေး ချုပ်ချယ် မှု အနည်းဆုံးနိုင်ငံများ အဖြစ် တင်ပြကြပြီး အရှေ့အလယ်ပိုင်း နှင့် မြောက်အာဖရိကနိုင်ငံတို့ကိုမူ ချုပ်ချယ် မှု အများဆုံးဒေသအဖြစ် တင်ပြကြသည်။ ဆော်ဒီအာရေဗျ ၊ ပါကစ္စတန် နှင့် အီရန် နိုင်ငံတို့သည် အလုံးစုံ ဘာသာရေး ချုပ်ချယ်မှု အမြင့်ဆုံး နိုင်ငံများ နိုင်ငံများ အဖြစ် ထိပ်ဆုံး စာရင်း တွင် ပါရှိ သည်။ ကမ္ဘာ့လူဦးရေ ၏ 25 ရာခိုင်နှုန်း ရှိသည့် အီရန် ၊ အီဂျစ် ၊အင်ဒို နီးရှား ၊ပါကစ္စတန် နှင့် အိန္ဒိယနိုင်ငံတို့သည် ချုပ်ချယ် မှု အများဆုံး နိုင်ငံများဖြစ်ကြပြီး ဘရာဇီး ၊ ဂျပန် ၊အမေရိကန်၊ အီတလီ၊ ပြင်သစ်၊ တောင်အာဖရိက နှင့် အင်္ဂလန် နိုင်ငံ တို့သည် ချုပ်ချယ် မှု အနည်းဆုံး နိုင်ငံများဖြစ်ကြသည်။
အရှေ့အလယ်ပိုင်း ၊ မြောက်အာဖရိက နှင့် အမေရိကတိုက်နိုင်ငံများ တွင် အစိုးရနှင့် လူမှုရေး ချုပ်ချယ်မှုများ သည် များသည့်နိုင်ငံက များပြီး နည်းသည့်နိုင်ငံကနည်းနေသလိုမျိုး ၎င်း နှစ်ခု တို့သည် အစဉ်အမြဲ အတူတကွ ရွေ့လျားနေသည် မဟုတ်ပါ။ သာဓက အားဖြင့် ဗီယက်နမ် နှင့် တရုတ်နိုင်ငံ တို့တွင် ဘာသာရေးအပေါ် အစိုးရ ချုပ်ချယ်မှုများ မြင့်မား သော်လည်း လူမှုရေး ရန်လိုမှုတွင် အသင့်အတင့် သို့မဟုတ် နည်းပါးသည်ကို တွေ့ရသည်။ နိုင်ဂျီးရီးယား နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လူမှုရေး ရန်လိုမှုကမြင့်မားနေပြီး အစိုးရ ပိုင်းမှ ချုပ်ချယ်မှု အသင့်အတင့် သာ ရှိ သည်ကို တွေ့ရသည်။
လေ့လာတွေ့ရှိချက်များအရ အမေရိကန် နိုင်ငံတွင် အစိုးရ ချုပ်ချယ် မှု နည်းပါး သည်ဟု တွေ့ရှိ ရသည်ဟု ဆိုသော်လည်း ဘာသာရေး ရန်လိုမှု အဆင့်သည် ဒီမိုကရေစီ အားကောင်းသည့် ဘရာဇီးနှင့် ဂျပန်နိုင်ငံ တို့ထက် မြင့်မားနေသည် ကို တွေ့ရသည်။ နိုင်ငံအများစုတွင် ဘာသာရေးလွတ်လပ်ခွင့် နှင့်ပတ်သက်သည့်ကာကွယ်မှုများကို ၎င်းတို့၏ ဖွဲ့စည်းပုံ သို့မဟုတ် ဥပဒေ တွင် ထည့်သွင်းထားသော်လည်း လေးပုံတစ်ပုံ မျှသာ ထိုဥပဒေ လုပ်ပိုင်ခွင့် ကို အပြည့်အဝ လေးစားလိုက်နာကြောင်း တွေ့ရသည်။ နိုင်ငံပေါင်း 75 နိုင်ငံ - ကမ္ဘာပေါ် ရှိ 10 နိုင်ငံ တွင် လေးနိုင်ငံ - အစိုးရများသည် ဘာသာရေးအုပ်စုများ၏ ဘာသာရေးသိမ်းသွင်းမှု ကိုတားမြစ်ထားပြီး နိုင်ငံပေါင်း 178 နိုင်ငံတွင် - 90 ရာခိုင်နှုန်း - သော ဘာသာရေးအုပ်စုများ သည် အစိုးရထံတွင် မှတ်ပုံတင်ရမည် ဖြစ်သည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့တွင် ချုပ်ချယ်မှုပြင်းထန်သော်လည်း ဘာသာရေးအပေါ် ချုပ်ချယ်မှုများ ကွဲပြားခြားနားလျက်ရှိသည်။ တရုတ်နိုင်ငံတွင် အစိုးရ ချုပ်ချယ်မှု မြင့်မားသော်လည်း လူမှုရေး ရန်လိုမှုသည် အနည်းမှ အသင့်အတင့် အဆင့်သာရှိ သည်။ အိန္ဒိယနိုင်ငံတွင်မူ လူမှုရေး ရန်လိုမှု အလွန်မြင့်မားပြီး အစိုးရ ချုပ်ချယ်မှုများသည် အသင့်အတင့် မှ မြင့်မားသည့်အဆင့်တွင် ရှိသည်။ အစိုးရ ချုပ်ချယ်မှု များ ၏ ညွှန်းကိန်း များကို များရာမှ နည်းရာသို့ စီလျှင် ဆော်ဒီအာရေဗျ၊အီရန်၊ ဥဇဘက်ကစ္စတန်၊ တရုတ် ၊ အီဂျစ်၊ မြန်မာ၊ မော်လဒိုက၊် အီရီထရီးယား ၊ မလေးရှား နှင့် ဘရူနိုင်း နိုင်ငံတို့ဖြစ်သည်။ လူမှုရေး ရန်လိုမှု ညွှန်းကိန်း များကို များရာမှ နည်းရာသို့ စီလျှင် အီရတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် ၊ အင်ဒိုနီးရှား ၊ ဘင်္ဂလားဒေ့ရှ် ၊ဆိုမာလီယာ၊ အစ္စရေး ၊ သီရိလင်္ကာ ၊ ဆူဒန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်