ဘားနတ် အာနို့ထ်

ပြင်သစ်စီးပွားရေးသမား

၁၉၄၉ မတ် ၅ နေ့တွင် မွေးဖွားသူ ဘားနတ် အာနို့ထ်သည် ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် တယောက် ဖြစ်သည်။ Louis Vuitton, Dior နှင့် Fendi တို့အပါအဝင် ဇိမ်ခံပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ ၅၀ ကျော် ပါဝင်သည့် ဇိမ်ခံပစ္စည်းရောင်းချသည့် လုပ်ငန်းစုကြီး LVMH ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌ နှင့် CEO အဖြစ် တာဝန်ယူလုပ်ကိုင်နေသူ တယောက်ဖြစ်သည်။ Forbes စာရင်းအရ အာနို့ထ် သည် ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇.၅ ဘီလီယံခန့်ပိုင်ဆိုင်ပြီး ကမ္ဘာ့နံပါတ် ၇ အဆင့်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

'

မွေးသက္ကရာဇ် မတ်လ ၅၊ ၁၉၄၉
ရော့ဘ်ဘေ့စ် ၊ ပြင်သစ်
အလုပ်အကိုင် LVMH ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်
Christian Dior SA ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၇.၅ ဘီလျံ
ကြင်ဖော် Hélène Mercier (Pianist)
ဝက်ဘ်ဆိုက် LVMH.com

ပညာအရည်အချင်း နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ပြင်ဆင်ရန်

အာနို့ထ် ကို ရူးဗေ့မြို့ (ပြင်သစ်: Roubaix) တွင် မွေးဖွားခဲ့သည်။ Maxence Van Der Meersch High School မှ ဘွဲ့ရပြီးနောက် Ecole Polytechnique( X1969 ) တွင် တက်ရောက်ခဲ့ပြီး ၁၉၇၁ တွင် အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။

ဘွဲ့ရပြီးနောက်တွင် သူ့အဖေ၏ ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူသည် သူ့အဖေအား ပြင်သစ် ငွေသန်း ၄၀ ဖိုး ရင်းနှီးမြုပ်နှံထားသော ဆောက်လုပ်ရေးဌာနကို ဖျက်သိမ်းပြီး အိမ်ရာမြေ အကျိုးဆောင် လုပ်ငန်း ပြောင်းလဲလုပ်ကိုင်ရန် ပြောဆိုခဲ့သည်။ Ferinel ဟူသော အမည်ကို အသုံးပြုပြီး အားလပ်ရက် အနားယူသည့် အထူးအိမ်ရာလုပ်ငန်း စတင်ခဲ့သည်။ ၁၉၇၉ တွင် သူ ၏ အဖေသည် ထိုကုမ္ပဏီ ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ လုပ်ကိုင်ခဲ့သည်။

၁၉၈၁ တွင် Francois Mitterrand သည် ပြင်သစ်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ အာနို့ထ် သည် အမေရိကန်ပြည်ထောင်စုသို့ ခိုလှုံခဲ့ပြီး Ferinel Inc ကို တည်ထောင်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် ဆောက်လုပ်ရေးသက်ဆိုင်သည့် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး တိုက်ခန်း ပေါင်းများစွာ ဆောက်လုပ်ရသော ရှယ်ယာကန့်သတ်ထားသော စီးပွားရေးလုပ်ငန်းပုံစံသည် West Palm Beach, Florida တွင် တိုးတက်လာခဲ့သည်။ ထိုလုပ်ငန်းသည် ချေးငွေစာချုပ် လက်မှတ်ထိုးပြီး သိပ်မကြာခင် မှာပင် ပျက်ကွက်ခဲ့သည်။

ရှယ်ယာဝယ်ယူပြီး ရင်းနှီးမြုပ်နှံသူများသည် သူတို့၏ ရှယ်ယာ ရင်းနှီးမြုပ်နှံမှုများအားလုံး ဆုံးရှုံးခဲ့ပြီး ငွေ ကြေးရင်းနှီးမြုပ်နှံထား သူ စာချုပ်ပိုင်ရှင်များသည် လည်း ဆုံးရုံးခဲ့ရသည်။ သူသည် ထိုသူများတွင် တယောက် အပါအဝင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် မည်သည့် အောင်မြင်မှုမှ မရခဲ့ပေ။ ၃ နှစ်ခန့် ကြာပြီးနောက် ပြင်သစ်ဆိုရှယ်လစ်များသည် လက်ရှိထက် ပိုမိုရှေးရိုးဆန်သည့် စီးပွားရေးလမ်းစဉ်သို့ ပြောင်းလဲ ကျင့်သုံးသောအခါ အာနို့ထ် သည် ပြင်သစ်သို့ပြန်လာပြီး ဇိမ်ခံပစ္စည်း ကုမ္ပဏီ Financiere Agache တွင် ရင်းနှီးမြုပ်နှံခဲ့ပြီး CEO ရာထူးဖြင့် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။

လက်ရှိ အနေအထားအရ ရှယ်ယာဈေးနှုန်း မတည်မငြိမ်ဖြစ်နေသော Boussac အထည်အလိပ်လုပ်ငန်းအား ဆက်လက်ဆိုးရွားမသွားစေရန် ဂတိပြုပြီး၊ ထိုဂတိနှင့် အလဲအလှယ်လုပ်ပြီး Banque Lazard ရင်းနှီးမြုပ်နှံမှုလုပ်ငန်းမှ စီမံခန့်ခွဲရေး လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်သူ Antoine Bernheim ၏အကူအညီနှင့် အစိုးရထောက်ပ့ံငွေ အကူအညီများကို ရရှိခဲ့သည်။

ကြေညာထားသော ရောင်းဈေးဖြစ်သည့် ဒေါ်လာ သန်း ၈၀ တွင် မိသားစုပိုင်ငွေ ဒေါ်လာ၁၅ သန်းကို ထည့် ဝင်ခဲ့ပြီး ကျန်ငွေကို Lazard က ထောက်ပံကူညီ ခဲ့သည်။ အာနို့ထ် သည် နာမည်ကြီးတံဆိပ်တခုဖြစ်သော Christian Dior နှင့် Le Bon Marche စတိုးဆိုင်ကြီး တဆိုင်မှလွဲပြီး ကျန်ကုမ္ပဏီမှ ပိုင်ဆိုင်သည့် အဖိုးတန် ပစ္စည်းအားလုံးနီးပါးကို ရောင်းချခဲ့သည်။

၁၉၈၇ LVMH ကိုတည်ထောင်ပြီး သိပ်မကြာခင်မှာပင် Mr အာနို့ထ် သည် Moet Hennessy Company ၏ CEO Alain Chevalier နှင့် Louis Vuitton ၏ ဥက္ကဋ္ဌ Henry Recamier တို့အကြားတွင် ကြီးထွားလာသော ပဋိပက္ခ ကို အပြည့်အဝ အသုံးချခဲ့သည်။

အဆင့်မြင့် ဖက်ရှင်အသစ်ဖန်တီးရာတွင် အာနို့ထ် အားထည့်ပါဝင်ခဲ့သည့် Dior ရေမွှေးလုပ်ငန်း၏ လုပ်ပိုင်ခွင့်များကို အဖွဲ့သစ်မှ ကိုင်ထားခဲ့သည်။ အာနို့ထ်သည် အခြား ကုမ္ပဏီများနှင့် အကျိုးတူရှယ်ယာပေါင်းထားသည့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။ ထို အကျိုးတူ စုပေါင်း ကုမ္ပဏီတွင် အာနို့ထ် က ရှယ်ယာ ၆၀% ပိုင်ပြီး၊ Moet-Hennessy Company နှင့် ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ သဘောတူညီမှု ရယူထားသူ Guinness က ၄၀ % ပိုင်ဆိုင်သည်။ ၁၉၈၇ အောက်တိုဘာ ရှယ်ယာဈေးကွက် ပြိုလဲပျက်စီးချိန်တွင် ရှယ်ယာပေါက်ဈေးအနည်းငယ်ဖြင့် ရင်းနှီးမြုပ်နှံခဲ့ပြီး သိပ်မကြာခင်မှာပင် LVMH ၏ ရှယ်ယာ ၄၃ % အထိ ပိုင်ဆိုင်လာခဲ့သည်။ သူသည် ၁၉၈၉ တွင် chairman နှင့် CEO အဖြစ် တရားဝင် ရာထူးနှစ်ခုပေါင်းမယူခင် ကြီးကြပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသော သူ့အဖေ Jean Leon အာနို့ထ် အပါအဝင် ကုမ္ပဏီ နှစ်ခုလုံးမှ အလုပ်အမှုဆောင်ရာထူးများကို ဖယ်ရှားခဲ့သည်။

၂၀၀၇ တွင် အာနို့ထ် သည် ပြင်သစ်နိုင်ငံတွင် အကြီးမားဆုံးစူပါမားကတ်လက်လီဖြန့်ချိမှု၏ ၁၀.၆၉%ကို ရရှိပြီး၊ California Property Firm Colony Capital နှင့် အကျိုးတူပိုင်ဆိုင်သည့် သူ၏ Blue Capital မှတဆင့် Carrefour (ကမ္ဘာ့ဒုတိယ အကြီးဆုံး စားသောက်ကုန်ဖြန့်ဖြူးသည့် လုပ်ငန်း) အဖြစ် သို့ ရောက်ရှိခဲ့သည်။ သူသည် LVMH ကုမ္ပဏီကို ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်း ကုမ္ပဏီ တခုဖြစ်စေရန် ရည်မှန်းချက် ကြီးကြီးဖြင့် အစီအစဉ်များဆွဲပြီး ဆွစ် ဇိမ်ခံပစ္စည်းကုမ္ပဏီကြီး Richemont၊ ပြင်သစ် အခြေစိုက် ကုမ္ပဏီ တခုဖြစ်သော PPR Group တို့နှင့်အတူ ပူးပေါင်းလုပ်ကိုင်ခဲ့သည်။ အခြား ကုမ္ပဏီများအကြားတွင် အာနို့ထ် သည် အနုပညာလက်ရာများကို လေလံရောင်းချသည့် လုပ်ငန်း Phillips de Pury Company ကို လဲပိုင်ဆိုင်ခဲ့သည်။

ကိုယ်ပိုင်မိသားစုဘဝ ပြင်ဆင်ရန်

အာနို့ထ် သည် နှစ်ကြိမ်တိုင်တိုင်လက်ထပ်ခဲ့ပြီး ကလေး ၅ ယောက်အဖေ ဖြစ်သည်။ သူ့သမီးဖြစ်သူ Delphine အာနို့ထ် မှာ LVMH ကုမ္ပဏီ ၏ စီမံခန့်ခွဲမှုလုပ်ငန်းများမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်လျက် ရှိသည်။ သူ၏ ဒုတိယဇနီးဖြစ်သူ Helene Mercier မှာ Quebec မှ စန္ဒရားဆရာမတယောက် ဖြစ်သည်။ သူ့တူဖြစ်သူ Harry Seaman သည်လည်း LVMH တွင် နိုင်ငံခြားအရောင်းနှင့်ပက်သက်ပြီး လုပ်ကိုင်လျက် ရှိသည်။ လက်ရှိတွင် Australia တွင် တိုးချဲ့ရန် လုပ်ကိုင်လျက် ရှိသည်။ Aranult သည် မှတ်သားဖွယ်ရာ အနုပညာလက်ရာ စုဆောင်းသူတယောက် ဖြစ်သည်။ Arnualt ကဲ့သို့ နောက်ပိုင်းပေါ်ထွက်လာသည့် စီးပွားရေးသမား အနုပညာရှင်မှာ Francois Pinault ဖြစ်သည်။ သူသည် ခေတ်ပေါ်အနုပညာအတွက Lousi Vuitton ကို တည်ထောင်ခဲ့ပြီး သူလက်ရာများကို ၂၀၁၀ တွင်ပြုလုပ်မည့် Jardin d’acclimatation ၌ ပြသသင့်သည်။ ပြင်သစ် သမ္မတ Nicolas Sarkozy နှင့် Cecilia Ciganer-Albeniz တို့၏ လက်ထပ်မင်္ဂလာပွဲသို့အသိသက် သေ အဖြစ်တက်ရောက်ခဲ့သည်။ သူသည် ပြင်သစ်နိုင်ငံ ၏ French Legion of Honor ဆုကို ချီးမြှင့်ခံခဲ့ ရသည်။

စီးပွားပြိုင်ဘက်များ ပြင်ဆင်ရန်

အာနို့ထ် ၏ အဓိက စီးပွားပြိုင်ဘက်များမှာ Gucci တံဆိပ် ကုန်ပစ္စည်းများထုတ်လုပ်သော PPR အကျိုးတူစုပေါင်းကုမ္ပဏီကို ပိုင်ဆိုင်သည့် ပြင်သစ် စီးပွားရေး လုပ်ငန်းရှင် Francois-Henri Pinault၊ Yves Saint Laurent, Stella McCartney, Sergio Rossi, Bottega Veneta, Boucheron, Roger & Gallet, Bédat & Co နှင့် Christie တို့ ဖြစ်ကြသည်။ Cartier ပိုင်ဆိုင်သည့် ဆွစ်အခြေစိုက် Richemont, Van Cleef & Arpels, Piaget, Baume et Mercier, IWC, Jaeger-LeCoultre, A. Lange & Söhne, Officine Panerai, Vacheron Constantin, Dunhill, Lancel, Montblanc, Old England, Purdey, Chloé နှင့် Shanghai Tang တို့ဖြစ်ကြသည်။

ဘားနတ် အားနို့ထ်နှင့် ပက်သက်၍ အငြင်းပွားစရာများ ပြင်ဆင်ရန်

၂၀၀၇ ဇန်နဝါရီ တွင် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Tony Blair ၏ သမီးဖြစ်သူ Kathryn Blair သည် ပြင်သစ် နိုင်ငံ Sorbonne University တွင် ပြင်သစ်စကားနှင့် ယဉ်ကျေးမှု မွမ်းမံ အထူးသင်တန်းကို တက်ရောက် ပြီး စီးခဲ့သည်။ ဘားနတ် အာနို့ထ်ထံမှ ဖိတ်ကြားချက်ကို သူမ၏ ကိုယ်စား လက်ခံခဲ့သောကြောင့် Tony Blair သည် ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ ရသည်။ ၂၀၀၆ အောက်တိုဘာ ၁၂ မှ ၂၀၀၇ ဇန်နဝါရီ ၂၆ အတွင်း သူမထိုသင်တန်းကို တက်ရောက်နေစဉ် သူမအတွက် နေရာထိုင်ခင်း၊ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် ယူရိုငွေ ၈၀,၀၀၀ နီးပါး ထောက်ပံ့ပေးခဲ့သည် ဟုထင်ရသည်။