ဘားမားကမ်ပိန်း ယူကေ
ဘားမားကမ်ပိန်း ယူကေ(ဘီစီယူကေ)သည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိစေရန် ၁၉၉၁ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဘီစီယူကေသည် ဥရောပရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများတွင် လှုံ့ဆော်မှုလုပ်ငန်းများ အကြီးဆုံးဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းဟု ဆိုနိုင်ပေသည်။