ဘားအံပညာရေးဒီဂရီကောလိပ်
ဘားအံပညာရေးဒီဂရီကောလိပ် (အင်္ဂလိပ်: Hpa-an Education Degree College; HEC [၁][၂])သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ ဘားအံ-အိန္ဒုကားလမ်းမကြီး[၂]၌ တည်ရှိကာ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရှိသည်။
သံလွင်ဆောင်၊ ဘားအံပညာရေးကောလိပ် | |
အမျိုးအစား | အများဆိုင် |
---|---|
ကျောင်းအုပ်ကြီး | ဒေါ်ခင်မူမြင့် |
တည်နေရာ | ဘားအံမြို့နယ်, ကရင်ပြည်နယ်, မြန်မာနိုင်ငံ |
၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ဘားအံပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။[၃]
အုပ်ချုပ်ရေး
ပြင်ဆင်ရန်ကျောင်းအုပ်မှာ ဒေါ်ခင်မူမြင့် ဖြစ်သည်။[၃] ၂၁ ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာလက်မှတ် အပ်နှင်းပွဲအခမ်းအနား၌ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ သင်တန်း သိပ္ပံကျောင်းသား ၂၁၀ ဦး၊ ဝိဇ္ဇာကျောင်းသား ၁၄၆ ဦး ၊ စုစုပေါင်း ၃၅၆ ဦး ဘွဲ့ရသည်။[၃] ဇန်နဝါရီ ၂၇၊ ၂၀၂၀ တွင် ဆေးလိပ်ငွေ့ကင်းစင် ကောလိပ်ဖြစ်ကြောင်း ကြေညာသည်။ [၄]
ဘွဲ့နှင်းသဘင်
ပြင်ဆင်ရန်ခုနှစ် | လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာသင်တန်းဆင်းပွဲ | ဘွဲ့ရ | မှတ်ချက် |
---|---|---|---|
၂၀၁၉ | ၂၁ ကြိမ်မြောက် | ၃၅၆ | ၂နှစ် |
2020 | ၂၂ ကြိမ်မြောက် | ၄၀၉ |
ကိုးကား
ပြင်ဆင်ရန်- ↑ ဘားအံပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ, Education College, Hpa-an (2020)[လင့်ခ်သေ]
- ↑ ၂.၀ ၂.၁ Hpa-an Education College။ 19 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2020 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ ဘားအံပညာရေးကောလိပ်တွင်(၂၁) ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာလက်မှတ်အပ်နှင်း | Kayin State Government Office။ 8 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2020 တွင် ပြန်စစ်ပြီး။
- ↑ Ministry Of Health And Sports