ဘာဂျစ် ရောက်ဆင်း

ဆွီဒင်လူမျိုး အနုပညာရေးရာ သမိုင်းပညာရှင်နှင့် ပရဟိတသမား
(ဘာ​ဂျစ်​ ရောက်​ဆင်း မှ ပြန်ညွှန်းထားသည်)

၁၉၂၄ ခုနှစ်တွင် မွေးဖွားသော ဒေါက်တာ ဘာဂျစ်ရောက်ဆင်း သည် ဆွီဒင်လူမျိုး အနုပညာရေးရာ သမိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ဆင်းရဲချို့တဲ့သူများကို ငွေကြေးဖြင့် ကူညီထောက်ပံ့ ပေးသော ချမ်းသာ ကြွယ်ဝသူတစ်ဦး ဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဂတ်ရောက်ဆင်း ၂၀⁠၀၀ ခုနှစ်တွင် ဆုံးပါးသွားပြီးနောက်ပိုင်း ကုန်ပစ္စည်းများကို ထုတ်ပိုးပြင်ဆင်သော လုပ်ငန်းကြီး ဖြစ်သည့် Tetra Laval ကိုအမွေ ဆက်ခံခဲ့ပြီး ကလေးသုံးယောက်နှင့်အတူ နေထိုင်လျက် ရှိသည်။ ၁၉၄၄ ခုနှစ်တွင် သူမ၏ ယောက္ခမ ဖြစ်သူက အချိုရည်နှင့် နွားနို့ကဲ့သို့ သော ကုန်ပစ္စည်းများ ထုတ်ပိုး ပြင်ဆင်မှုကို တစ်ခေတ်ဆန်းသစ် စေသည့် Tetra pak ကို တည်ထောင် ခဲ့သည်။ Forbes မဂ္ဂဇင်း ၏ အဆိုအရ သူမသည် ဆွီဒင်နိုင်ငံ၏ တတိယမြောက် အချမ်းသာဆုံးဖြစ်ပြီး ဒေါ်လာ ၁၃ ဘီလျံ ဝန်းကျင်ပိုင်ဆိုင်သည်ဟု ခန့်မှန်းရသည်။

ဘာဂျစ် ရောက်ဆင်း
မွေးသက္ကရာဇ် ၁၉၂၄ ခုနှစ်

လူမျိုး ဆွီဒင်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ
သားသမီး ၃ ဦး