ဘိကရမ်ပါဝိဟာရ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Munshiganj ခရိုင်၊ Bikrampur မြို့၊ Raghurampur ရွာတွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာဝိဟာရတစ်ခု ဖြစ်သည်။[၁]

Bikrampur Vihara

တည်နေရာ ပြင်ဆင်ရန်

ကျောင်းတော်သည် Munshiganj ခရိုင်၊ Union of Sadar Upazila လက်အောက်ရှိ Raghurampur ရွာတွင် တည်ရှိသည်။

သမိုင်း ပြင်ဆင်ရန်

ဒေသတွင်းလူမှုယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Agrasar Bikrampur ဖောင်ဒေးရှင်းနှင့် Jahangirnagar တက္ကသိုလ်၏ ရှေးဟောင်းသုတေသနဌာနတို့ ပူးပေါင်းကာ တူးဖော်မှုများကို ပြုလုပ်ခဲ့ပြီး လေးနှစ်ကြာပြီးနောက် ရှာဖွေတွေ့ရှိမှုများကို ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ တူးဖော်မှုအတွက် ဘင်္ဂလားဒေ့ရှ်ယဉ်ကျေးမှုဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် Bikrampur ဒေသ၏ ရှေးဟောင်းသုတေသန တူးဖော်ရေးနှင့် သုတေသန ဒါရိုက်တာက ၁၀၀၀ ခုနှစ် ကြာမြင့်ပြီဖြစ်သည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လ အထိ အဖိုးတန် ရုပ်တုနှင့် ပန်းပုများ ၁၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။

ဤကျောင်းတော်သည် ဓမ္မပါလ ဧကရစ် (Dharmapala )က သူအုပ်ချုပ်ခဲ့စဉ် c. 820 အတွင်း တည်ဆောက်ခဲ့သည့် ကျောင်းတော် အခု ၃၀ ထဲမှ တစ်ခုလည်း ဖြစ်သည်။ ဓမ္မပါလဧကရာဇ်သည် Pala အင်ပါယာ၏ ဒုတိယမြောက် ဘုရင်လည်း ဖြစ်သည်။ ဤကျောင်းတော်သည် တိဘက်ဗုဒ္ဓဘာသာ၏ ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်ဖြစ်သည့် Atiśa နှင့် ဆက်နွယ်မှုရှိသည်။ Atiśa ခေတ်ကာလအတွင်း ထိုဒေသသည် ထိုနေရာသို့ တရုတ်၊ တိဘက်၊ နီပေါနှင့် ထိုင်းနိုင်ငံများမှ ကျောင်းသားများနှင့် ပါမောက္ခများ ၈၀၀၀ တို့၏ ဗုဒ္ဓဘာသာပညာရေး သင်ကြားရာ ဗဟိုနေရာ ဖြစ်ခဲ့သည်။ [၂][၃][၄]

ဗဟိုကျောင်းတော် ပြင်ဆင်ရန်

တူးဖော်တွေ့ရှိသမျှအရ ရဟန်းများ နေထိုင်ရာအ ခန်းငါးခန်းရှိပြီး ၃.၅ x ၃.၅ မီတာ (၁၁ ပေ x ၁၁ ပေ) အရွယ်အစား ရှိသည်။ ကျောင်းတော်၏ အရွယ်အစားကို ယခုအချိန်တွင် တိတိကျကျ မပြောဆိုနိုင်သေးပေ။

ကိုးကား ပြင်ဆင်ရန်

  1. Archaeology - Ancient Buddhist Vihara found in Munshiganj။ 17 June 2017 တွင် ပြန်စစ်ပြီး။
  2. "Ancient Buddhist Vihara found in Munshiganj"၊ 23 March 2013။ 17 June 2017 တွင် ပြန်စစ်ပြီး 
  3. "Ancient Buddhist monastery found in Munshiganj"၊ 24 March 2013။ 17 June 2017 တွင် ပြန်စစ်ပြီး 
  4. "Bangladeshi 1000yr old relic"၊ 2 April 2015။ 17 June 2017 တွင် ပြန်စစ်ပြီး