(၁၁)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဇရာမရဏ, ဇရာ မရဏ သမုဒယ, ဇရာမရဏနိရောဓ, ဇရာမရဏနိရောဓဂါမိနီပဋိပဒါမှ သင်္ခါရလေးမျိုးတို့ကို ကွဲကွဲပြားပြားသိသော ရဟန်းကို ဒိဋ္ဌိသမ္ပန္န၊ ဒဿနသမ္ပန္န၊ ဣမံ သဒ္ဓမ္မအာဂတ၊ ဣမံ သဒ္ဓမ္မံ ပဿတိ၊ သေက္ခာယ ဝိဇ္ဇာယသမန္နာဂတ, ဓမ္မသောတ သမာပန္န, အရိယနိဗ္ဗေဓိကပည, အမတဒွါရအာဟစ္စတိဋ္ဌတိ-ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်ပုံကို တစ်ပါးစီ တစ်ပါးစီ အကျယ် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားလျက်အရ လာဘသက္ကာရအန္တရာယ်ပြုနိုင်, မပြုနိုင်သောပုဂ္ဂိုလ်တို့ကို ခွဲခြားဟောကြားတော်မူပြီး လာဘ သက္ကာရ သိလောက၏ ကြမ်းကြုတ်ခက်ထန်ပုံ အနုတ္တရ ယောဂက္ခေမကိုရရန် အန္တရာယ်ပြုနိုင်ပုံ ဖြစ်ပေါ်လာသော လာဘသက္ကာရ သိလောကကိုပယ်စွန့်ရန်၊ လာဘ သက္ကာရ သိလောကသည် ကုသိုလ်စိတ်ကို မကုန်ခန်းစေရန် ပြုကျင့်ရမည်ဟု အရှင်အာနန္ဒာအား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဝေဒနာတို့ကို ၂-ပါး၊ ၃-ပါး၊ ၅-ပါး၊ ၆-ပါး၊ ၁၈-ပါး၊ ၃၂-ပါး၊ ၁၀၈-ပါးဟု အကြောင်း ပရိယာယ်အားဖြင့် ဟောတော်မူပုံ၊ ထိုဟောကြားတော်မူခြင်းနှင့်ဆက်စပ်၍ ငြင်းခုံ, ခိုက်ရန် ဖြစ်တတ်ပုံ၊ ညီညွတ်ကြပုံ၊ ကာမဂုဏ်ငါးပါးရှိပုံ၊ သညာဝေဒယိတနိရောဓ၌ သုခဟု ပညတ်တော်မူခြင်းနှင့်ဆက်စပ်၍ တိတ္ထိယတို့ ငြင်းခုံပြောဆိုလာလျှင် ချမ်းသာရ နိုင်ရာဌာန၌သာ ချမ်းသာကိုရအပ်နိုင်၏ဟု ပြောကြားရမည်”ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ ရဟန်း၏ မေးလျှောက်ချက်အရ ဗောဇ္ဈင်္ဂမည်ပုံ၊ ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓ နိဿိတ, ဝေါဿဂ္ဂပရိဏမီဖြစ်အောင် ဗောဇ္ဈင်ခုနစ်ပါးကိုပွားများလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်နိုင်ပုံကို ဗောဇ္ဈင်တစ်ပါးစီပွားများပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၅] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အညတရ ရဟန်း၏ ပဋိပတ်လုပ်ငန်း ကြိုးပမ်းအားထုတ်လိုပါကြောင်း လျှောက်ထားချက်အရ- သီလ ဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပြီးလျှင် သတိပဋ္ဌာန်လေးပါးကို အဇ္ဈတ္တ, ဗဟိဒ္ဓ, အဇ္ဈတ္တ ဗဟိဒ္ဓ သုံးမျိုးဖြင့် ရှုမှတ်ပွားများပုံအကျယ်ကို ဟောတော်မူပါသည်။ ယင်းဟောတော် မူအပ်သော ဒေသနာတော်အတိုင်း ကျင့်သုံးပွားများသော အညတရ ရဟန်း ရဟန္တာ ဖြစ်သွားပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[၆] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အတိတ်ကာလ, အနာဂတ်ကာလနှင့် ယခု ပစ္စုပ္ပန်ကာလတို့၌ အာသဝက္ခယ, အနာသဝ, စေတောဝိမုတ္တိ, ပညာဝိမုတ္တိကို မျက်မှောက်ဘဝ၌ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်သိကြပြီး မျက်မှောက်ပြုနိုင်သော ရဟန်းတော်အားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများကြ ကြိမ်ဖန်များစွာပွားများကြခြင်းကြောင့်ပေတည်း-ဟု မိန့်ကြားတော်မူပြီး ဣဒ္ဓိပါဒ်လေးပါးပွားများပုံကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၇] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဣဒ္ဓိပါဒ်လေးပါးကို ပွားများ, ကြိမ်ဖန်များစွာပွားများကြသော ရဟန်းတော်များသည် အာသဝက္ခယ, အနာသဝ, စေတောဝိမုတ္တိ ပညာဝိမုတ္တိကို မျက်မှောက်ဘဝမှာပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်ထိုးထွင်းသိ မျက်မှောက်ပြုနိုင်ပုံ ဣဒ္ဓိပါဒ်လေးပါးပွားများပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၈] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဣဒ္ဓိပါဒ၊ ဣဒ္ဓိပါဒ ဘာဝနာ၊ ဣဒ္ဓိပါဒဘာဝနာဂါမိနီပဋိပဒါတို့ကို ရဟန်းတို့က မေးလျှောက် ကြသဖြင့် ယင်းတို့ကို ဘုရားရှင် ဟောတော်မူသည့် သုတ်တော်များ။


[၉] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ပါဏာတိပါတီ, အဒိန္နာဒါယီ, အဗြဟ္မစာရီ, မုသာဝါဒီ, သုရာမေရယ မဇ္ဇပမာဒဋ္ဌာယီ တရားငါးပါး တို့နှင့်ပြည့်စုံသောရဟန်းသည် ငရဲသို့ကျရောက်မည်၊ ယင်းတရားငါးပါးတို့ကို ရှောင်ကြဉ်သောရဟန်းသည် နတ်ပြည်သို့ရောက်မည်-ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၁၀] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ, ရာဂ, ဒေါသ, မောဟ, မာန တရားခုနစ်ပါးကို ပယ်ခြင်းကြောင့် ဘိက္ခုဖြစ်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၁၁]


ဘိက္ခုသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားခုနစ်မျိုးကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၁၂]

ဘိက္ခုသုတ် ပြင်ဆင်ရန်

ရဟန်းတို့ တရားခုနစ်မျိုးကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏။ အဘယ်ခုနစ်မျိုးနည်း ဟူမူ -[၁၂]

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • စွဲမက်မှု ‘ရာဂ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • အမျက်ထွက်မှု ‘ဒေါသ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • တွေဝေမှု ‘မောဟ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
  • ထောင်လွှာမှု ‘မာန’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။[၁၂]

ရဟန်းတို့ ဤတရားခုနစ်မျိုးကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏ ဟု(မိန့်တော်မူ၏)။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၂၅၈-၉။ သံ၊မြန်၊၁၊၂၆၄-၅။ သံ၊ဋ္ဌ၊၂၊၇၁။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၃-ဒသဗလဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -သံ၊၁၊၄၃၄။ သံ၊မြန်၊၁၊၄၂၃။ သံ၊ဋ္ဌ၊၂၊၁၉၄၊ သံ၊ဋီ၊၁၊၁၇၇။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၆-လာဘသက္ကရသံယုတ္တ၊ ၃-တတိယဝဂ္ဂ၊ ဒသမသုတ်။
  3. -သံ၊၂၊၄၂၇။ သံ၊မြန်၊၂၊၄၂၂-၃။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၂-ဝေဒနာသံယုတ္တ၊ ၂-ရဟောဂတဝဂ္ဂ၊ ဒသမသုတ်။
  4. -သံ၊၃၊၆၅။ သံ၊မြန်၊၃၊၆၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၁-ပဗ္ဗတဝဂ္ဂ၊ ပဉ္စမသုတ်။
  5. -သံ၊၃၊၁၂၄-၅။ သံ၊မြန်၊၃၊၁၂၈-၁၃၀။ သံ၊ဋ္ဌ၊၃၊၂၃၄။ သံ၊ဋီ၊၂၊၄၆၈-၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၁-အမ္ဗပါလိဝဂ္ဂ၊ တတိယသုတ်။
  6. -သံ၊၃၊၂၂၄-၅။ သံ၊မြန်၊၃၊၂၂၆-၇။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၁-စာပါလဝဂ္ဂ၊ သတ္တမသုတ်။
  7. -သံ၊၃၊၂၄၁။ သံ၊မြန်၊၃၊၂၄၄။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၂-ပါသာဒကမ္ပနဝဂ္ဂ၊ အဋ္ဌမသုတ်။
  8. -သံ၊၃၊၂၅၀-၁။ သံ၊မြန်၊၃၊၂၅၄။ -သံ၊၃၊၂၅၁-၂။ သံ၊မြန်၊၃၊၂၅၄-၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၃-အယောဂုဠဝဂ္ဂ၊ နဝမသုတ်နှင့် ဒသမသုတ်။
  9. -အံ၊၂၊၂၄၃။ အံ၊မြန်၊၂၊၃၁၃။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၂-ဘိက္ခုပေယျာလ၊ ပဌမသုတ်။
  10. -အံ၊၂၊၅၀၈။ အံ၊မြန်၊၂၊၆၃၃။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၉-သမဏဝဂ္ဂ၊ ပဌမသုတ်။
  11. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  12. ၁၂.၀ ၁၂.၁ ၁၂.၂ ၁၂.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ် မာတိကာ၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၉-သမဏဝဂ်၊ ၁-ဘိက္ခုသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။