ဘိယဂမရေသန့်စင်စက်ရုံ သည် သီရိလင်္ကာနိုင်ငံ၊ ဘိယဂမမြို့ရှိ Kelani မြစ်ကမ်းပေါ်တွင် တည်ရှိသည့် ရေသန့်စင်စက်ရုံတစ်ခု ဖြစ်သည်။ တစ်နေ့လျှင် ရေပမာဏ 160,000,000 l/d (1,900,000 l/ks) ထုတ်လုပ်ပြီး နိုင်ငံတွင် ဒုတိယမြောက် အကြီးဆုံး ရေသန့်စင်စက်ရုံလည်း ဖြစ်သည်။ စက်ရုံမှ Gampaha ခရိုင်အပါအဝင် Wattala, Ja-Ela, Kelaniya, Biyagama, Ragama, Kandana, Kadawatha, Kiribathgoda, Seeduwa နှင့် Ganemulla ရှိ ခန့်မှန်းခြေလူတစ်သန်းအတွက် သောက်ရေများ ထုတ်လုပ်ပေးလျက်ရှိသည်။[၁][၂]

Biyagama Water Treatment Plant
ဘိယဂမရေသန့်စင်စက်ရုံ သည် သီရိလင်္ကာနိုင်ငံ တွင် တည်ရှိသည်
ဘိယဂမရေသန့်စင်စက်ရုံ
Location of Biyagama Water Treatment Plant
Map
ရေသန့်စက်ရုံ
ကိုဩဒိနိတ်06°56′44″N 79°57′27″E / 6.94556°N 79.95750°E / 6.94556; 79.95750ကိုဩဒိနိတ်: 06°56′44″N 79°57′27″E / 6.94556°N 79.95750°E / 6.94556; 79.95750
‌‌‌‌‌‌‌နေ့စဉ်သိုလှောင်ပမာဏ၁၆၀,၀၀၀,၀၀၀ l/d (၃၅,၀၀၀,၀၀၀ imp gal/d)
လုပ်ငန်းစတင်‌ရက်စွဲဇူလိုင် ၂၂၊ ၂၀၁၃ (၂၀၁၃-၀၇-၂၂)

စက်ရုံတည်ဆောက်သည့်လုပ်ငန်းကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် စတင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့တွင် သမ္မတ Mahinda Rajapakse က ဖွင့်လှစ်ပေးခဲ့သည်။ စက်ရုံတွင် Kelani မြစ်ထဲရှိ ရေများကို အသုံးပြုသည်။ [၁]ရေသန့်စင်သည့် လုပ်ငန်းစဉ်တွင် ရေသယ်ယူပို့ဆောင်ခြင်း၊ ရေဂယက်ဖြစ်ခြင်းနှင့် ရေထဲမှ ရွှံ့စသည့်အနည်များကို ဖယ်ရှားခြင်း စသည်တို့ကြောင့် ဆုံးရှုံးရသည့်အများဆုံးရေပမာဏသည် ၅ ရာခိုင်နှုန်းရှိသည်။[၂]

Design capacity of treatment units [၂]
Unit Quantity Nominal capacity Maximum capacity
Intake structure 2 ၃၈၁,၈၀၀ m3/d (၁၃,၄၈၀,၀၀၀ cu ft/d)
Raw water regulation tank 1 ၁၈၇,၃၀၀ m3/d (၆,၆၁၀,၀၀၀ cu ft/d)
Mixing chamber 1 ၁၈၇,၃၀၀ m3/d (၆,၆၁၀,၀၀၀ cu ft/d)
Flocculator/clarifier 6 ၃၁,၂၀၀ m3/d (၁,၁၀၀,၀၀၀ cu ft/d) ၃၇,၅၀၀ m3/d (၁,၃၂၀,၀၀၀ cu ft/d)
Filter 8 ၂၃,၄၀၀ m3/d (၈၃၀,၀၀၀ cu ft/d) ၂၆,၈၀၀ m3/d (၉၅၀,၀၀၀ cu ft/d)
Clean water/contact tank 1 ၁၈၁,၈၀၀ m3/d (၆,၄၂၀,၀၀၀ cu ft/d) ၁၈၇,၃၀၀ m3/d (၆,၆၁၀,၀၀၀ cu ft/d)

တိုးချဲ့ခြင်း ပြင်ဆင်ရန်

Kelani Right Bank Water Supply Project - Phase 2 သည် Rs. 8.5 ဘီလီယံတန်ကြေးရှိသည့် စီမံကိန်းဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ထုတ်လုပ်မှု 360,000 m3/d (13,000,000 cu ft/d) ကို တိုးမြှင့်ထုတ်လုပ်နိုင်မည် ဖြစ်သည်။ တိုးချဲ့သည့်စီမံကိန်းကို MAGA နှင့်Suez က ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ လုပ်ဆောင်ခဲ့သည်။[၃][၄]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "President to open Biyagama Police Station, Water Treatment Plant today"၊ Daily Mirror၊ 22 July 2013။ 6 June 2019 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ ၂.၂ Kelani Right Bank Water Treatment Plant (27 August 2015)။ 18 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2019 တွင် ပြန်စစ်ပြီး။
  3. SUEZ wins €108m WTW contract in Sri Lanka (7 June 2016)။ 6 June 2019 တွင် ပြန်စစ်ပြီး။
  4. "Maga completes Rs 6 bn Water Works in 2018"၊ Daily News၊ 30 May 2019။ 6 June 2019 တွင် ပြန်စစ်ပြီး