ဘိဝရေကန် (琵琶湖, Biwa-ko) သည် ဂျပန်နိုင်ငံတွင် တည်ရှိသည့် အကြီးမားဆုံးရေချိုကန် ဖြစ်သည်။ ကန်သည် ရှိဂစီရင်စုအတွင်းတွင် တည်ရှိသည်။ ကျိုတိုမြို့၏ အရှေ့မြောက်ဘက်တွင် ဖြစ်သည်။[] သက်တမ်းသည် နှစ်ပေါင်း ၄ သန်းကျော် ကြာမြင့်ပြီဖြစ်သည့် ရှေးကျသည့်ကန်တစ်ခု ဖြစ်သည်။[] ဤကန်သည် ကမ္ဘာပေါ်ရှိ ၁၃ ခုမြောက် သက်တမ်းအရင့်ဆုံးကန်တစ်ခုဖြစ်သည်ဟု ခန့်မှန်းကြသည်။[] ဂျပန်နိုင်ငံ၏ သမိုင်းဝင်မြို့တော်ဟောင်းဖြစ်သည့် ကျိုတိုမြို့နှင့်ပတ်သက်သည့် စာပေများတွင် ဘိဝရေကန်သည် မကြာခဏဆိုသလို ပါရှိလေ့ရှိသည့်အတွက် ဖြစ်သည်။ အထူးသဖြင့် ကဗျာများနှင့် သမိုင်းဝင်စစ်ပွဲအချက်အလက်များတွင် ဤရေကန်အကြောင်းသည် ပါဝင်လေ့ရှိသည်။

ဘိဝရေကန်
တမ်းပလိတ်:Native name list
အာကာသမှမြင်ရသည့် ဘိဝရေကန်
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Japan Shiga Prefecture" သည် မတည်ရှိနေပါ.
တည်နေရာShiga Prefecture, Japan
ကိုဩဒိနိတ်35°15′18″N 136°04′48″E / 35.25500°N 136.08000°E / 35.25500; 136.08000ကိုဩဒိနိတ်: 35°15′18″N 136°04′48″E / 35.25500°N 136.08000°E / 35.25500; 136.08000
အမျိုးအစားAncient lake, tectonic, freshwater
ပင်မ ရေဝင်စီးကြောင်း118 rivers
ပင်မ ရေထွက်စီးကြောင်းSeta River
ရေစုဝေးရာ နေရာ၃,၁၇၄ km2 (၁,၂၂၅ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများJapan
အကျယ်ဆုံး အလျား၆၃.၄၉ km (၃၉.၄၅ mi)
အကျယ်ဆုံး အနံ၂၂.၈ km (၁၄.၂ mi)
မျက်နှာပြင် ဧရိယာ၆၇၀.၃ km2 (၂၅၈.၈ sq mi)[]
ပျမ်းမျှအနက်၄၁ m (၁၃၅ ft)
အနက်ဆုံး အနက်အရှိုင်း၁၀၄ m (၃၄၁ ft)[]
ရေထုထည်၂၇.၅ km3 (၆.၆ cu mi)[]
Residence time5.5 years
ကမ်းခြေအလျား၂၃၅.၂ km (၁၄၆.၁ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈၅.၆ m (၂၈၁ ft)
ကျွန်းများChikubu, Takeshima, Okishima (inhabited)
အနီးရှိမြို့များHigashiōmi, Hikone, Kusatsu, Maibara, Moriyama, Nagahama, Ōmihachiman, Ōtsu, Takashima, Yasu
တရားဝင်အမည်Biwa-ko
ရွေးချယ်ခြင်းJune 10, 1993
ရည်ညွှန်းနံပါတ်617[]
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။
Lake Biwa aerial view

"ဘိဝခို" ဟုသည့် အမည်ကို အဲဒိုခေတ်တွင် အသုံးပြုမှုတွင်ကျယ်နေပြီ ဖြစ်သည်။ ကန်၏ အမည်နှင့်ပတ်သက်သည့် ယူဆချက်အမျိုးမျိုးကွဲပြားလျက်ရှိသော်လည်း ကန်၏ ပုံသဏ္ဌာန်သည် ကြိုးတပ်တူရိယာတစ်မျိုးဖြစ်သည့် "ဘိဝ" နှင့် ဆင်တူသည့်အတွက် "ဘိဝခို" ဟူသည့်အမည်ကို ပေးခဲ့သည်ဟု ယုံကြည်ကြသည်။ အန်းရခုဂျိကျောင်းတော်၏ ရဟန်းတစ်ပါးဖြစ်သည့် ခိုးဆိုး (Kōsō) သည် ၁၄ ရာစုတွင် သူ၏ ရေးသားထားသည့်စာတွင် "ကန်သည် နတ်ဘုရားမဖြစ်သည့် ဘန်းဇိုင်းတန်း၏ မွေးဖွားရာနေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမနှစ်သက်သည့် တူရိယာဖြစ်သည့် ဘိဝ နှင့်ဆင်တူသည့် ကန်နှင့် ချိခုဘုကျွန်းတွင် နေထိုင်သည်။" ဟု ရေးသားထားသည်။[] ကန်ကို ယခင်ကာ အဝအုမိ (淡海, ရေချိုပင်လယ်) သို့မဟုတ် ချိခဆွတ်အဝအုမိ (近淡海, မြို့တော်အနီး ရေချိုပင်လယ်) ဟု ခေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် အဝအုမိ ဟုသည့် စာလုံးပေါင်းသည် ပြောင်းလဲလာခဲ့ရာ လက်ရှိအချိန်တွင် "အိုးမိ" ဟုသည့် အမည်သို့ ပြောင်းလဲသွားပြီး "အိုးမိစီရင်စု" ဟူ၍ ဖြစ်လာသည်။ ဤကန်ကို "နိအိုနော့အုမိ (鳰の海)" ဟုလည်း စာများတွင် ရေးသားကြသေးသည်။

ဧရိယာနှင့် အသုံးချမှု

ပြင်ဆင်ရန်

ကန်၏ ဧရိယာသည် ၆၇၀ စတုရန်းကီလိုမီတာခန့် (၂၆၀ စတုရန်းမိုင်) ရှိသည်။ ပတ်ဝန်းကျင်ရှိ တောင်များမှ စီးဆင်းလာသည့် မြစ်ငယ်များ၏ ရေများသည် ကန်အတွင်းသို့ စီးဝင်သည်။ ကန်၏ အဓိကရေထွက်ပေါက်သည် ဆဲတမြစ် ဖြစ်သည်။ ဆဲတမြစ်သည် နောက်ပိုင်းတွင် အုဂျိမြစ် အဖြစ်သို့ပြောင်းလဲသွားပြီး ခဆွတ်ရမြစ်နှင့် ခိဇုမြစ်တို့ဖြင့် ပေါင်းစပ်သွားကာ ယောဒိုမြစ်ဖြစ်ပေါ်လာသည်။ ယောဒိုမြစ်သည် အိုဆာကာပင်လယ်အော်နေရာတွင် ဆဲတိုကုန်းတွင်းပိုင်းပင်လယ်သို့ စီးဝင်သွားသည်။

ဤကန်ကို ကျိုတိုမြို့နှင့် အိုးဆွတ်မြို့များအတွက် ရေသိုလှောင်ရာနေရာတစ်ခုအဖြစ် အသုံးပြုလျက်ရှိသည်။ ထို့အပြင် ဤကန်သည် အနီးအနားရှိ အထည်အလိပ်စက်ရုံများအတွက်လည်း အရေးပါသည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။ ဤကန်သည် ခန်ဆိုင်းဒေသရှိ လူပေါင်း ၁၅ သန်းခန့်အတွက် သောက်ရေကို ထောက်ပံ့ပေးလျက်ရှိသည်။ ဘိဝခိုသည် ရေချိုငါးများအတွက် နေထိုင်ကျက်စားရာနေရာတစ်ခု ဖြစ်သည်။

ဘိဝရေကန်မှ ရေကို သွယ်ယူထားသည့် ဘိဝရေကန်တူးမြောင်းကို ၁၈၉၀ ခုနှစ်တွင် တူးဖော်ခဲ့သည်။ ဤတူးမြောင်းသည် ကျိုတိုမြို့ရှိ စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ဘိဝရေကန်၏ အနောက်မြောက်ဘက် ကမ်းခြေတွင် ထင်ရှားသည့်ကမ်းမြေများ များစွာတည်ရှိသည်။ ဥပမာအနေဖြင့် ရှိဂကမ်းခြေ၊ အိုမိ-မိုင်ခိုကမ်းခြေတို့ ဖြစ်ကြသည်။ မိဇုနိုမိုရိအဏ္ဏဝါရုက္ခဗေဒဥယျာဉ်နှင့် ဘိဝခိုပြတိုက်တို့သည် ခဆဆွတ်မြို့တွင် တည်ရှိပြီး စိတ်ဝင်စားဖွယ်ရာနေရာများ ဖြစ်ကြသည်။

နှစ်စဉ် အိုးဆွတ်မြို့တွင် ဘိဝရေကန်မာရသွန်ကို ကန်၏ တောင်ဘက်အဆုံးပိုင်းတွင် ကျင်းပသည်။ ဤပြိုင်ပွဲကို ၁၉၆၂ ခုနှစ်မှ ၂၀၂၁ ခုနှစ် မတိုင်မီအထိ ကျင်းပခဲ့သည်။

သဘာဝနှင့်သက်ဆိုင်သည့် သမိုင်းကြောင်း

ပြင်ဆင်ရန်

ဘိဝရေကန်သည် ကမ္ဘာ့မြေပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာပြီး ကမ္ဘာပေါ်ရှိ သက်တမ်းအရင့်ဆုံးရေကန်တစ်ခု ဖြစ်သည်။ ဘိဝရေကန်သည် အနည်းဆုံး သက်တမ်း ၄ သန်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤကြာညောင်းလှပြီဖြစ်သည့် သက်တမ်းကြောင့် ရေကန်သည် ထင်ရှားလှသည့် သဘာဝဂေဟစနစ်များဖြင့် ပြည့်နေသည်။ သဘာဝတရားကို လေ့လာနေကြသည့် ပညာရှင်များက ဘိဝရေကန်တွင် သက်ရှိမျိုးစိတ်နှင့် မျိုးစိတ်ခွဲပေါင်း ၁၀၀၀ ကျော် နေထိုင်ကျက်စားလျက်ရှိသည်ဟု ဆိုကြသည်။ ထိုအထဲတွင် ၆၀ ခန့်သည် ထိုဒေသတွင်တွေ့ရှိရသည့် မျိုးစိတ်များ ဖြစ်ကြသည်။ ဘိဝရေကန်သည် ရေနေငှက်များအတွက်လည်း အရေးပါသည့်နေရာဖြစ်သည်။ နှစ်စဉ် ဘိဝရေကန်သို့ ရေနေငှက်များ ၅,၀၀၀ ခန့် လာရောက်ကြသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ

ပြင်ဆင်ရန်

ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပြဌာန်းမှု

ပြင်ဆင်ရန်

ရုပ်ပုံများ

ပြင်ဆင်ရန်

ပြင်ပလင့်များ

ပြင်ဆင်ရန်

တမ်းပလိတ်:NIE Poster

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Tabata2016
  2. Biwa-ko။ 25 April 2018 တွင် ပြန်စစ်ပြီး။
  3. "Biwa, Lake"Academic Dictionaries and Encyclopedias
  4. Ancient lakes of the world (website)။ Christopher M. Free။ February 9, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2020 တွင် ပြန်စစ်ပြီး။
  5. Yoshihiro Kimura (2001). Biwako -sono koshō no yurai- [Lake Biwa, the origin of its name]. Hikone: Sunrise Publishing. ISBN 4-88325-129-2