အရှင်ဘိသဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ဝေဿဘူမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ဝေဿဘူမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်ဘိသဒါယကထေရ် သည် တောထဲတွင် သီတင်းသုံးနေတော်မူသည့် မြတ်စွာဘုရားအား မိမိ၏ လက်(နှာမောင်း) တို့ဖြင့် ကြာစွယ်ကြာရင်းတို့ကို လှူဒါန်းခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ကြာစွယ်ကြာရင်းတို့ လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးပါးသို့ မကျရောက်ခဲ့ရပေ။ တစ်ဆယ့်လေးကမ္ဘာထက်တွင် “သမောဓာန” အမည်ရှိသည့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဘိသဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗီဇနိဝဂ်