ဘိသေကမုနိဆင်းတုတော်ကို မဟာကျိန်ဘုရားဟုလည်း ခေါ်ဝေါ်ပြီး၊ ရှင်ဘုရင်များက မိမိတို့ ကိုယ်တိုင်ကိုယ်ကျ ကိုးကွယ်နိုင်ရန် ရည်သန်၍ ကိုးရက်အတွင်း သွန်းလုပ်ပြီးနောက် ကိုးကွယ်ကြည်ညိုသော ဘုရားဆင်းတုတော် ဖြစ်သည်။ [၁] ဘိသေက (ဘိသိက်သွန်းခြင်း)၊ မုနိ (ရှင်တော်မြတ်ဘုရား) ဖြစ်၍ ဘိသိက်သွန်းထားသည့် ရုပ်ပွားတော်ဟု ဆိုလိုသည်။

ကျိန်စာ ပြင်ဆင်ရန်

သွန်းလုပ်ပြီးသော ဆင်းတုတော် ကို အနေကဇာ တင်၊ တင်ပြီးသော် ဆရာတော်များ ရှေ့မှောက်၌

  1. ဘုရားတပည့်တော်သည် မင်းကျင့်တရား ၁၀ ပါးကို စောင့်ထိန်းပါမည်။
  2. ဘုရားတပည့်တော်သည် သင်္ဂဟတရား ၄ ပါးကို စောင့်ထိန်းပါမည်။
  3. ဘုရားတပည့်တော်သည် အပရိဟာနိယတရား ၇ ပါးကို စောင့်ထိန်းပါမည်။
  4. ဘုရားတပည့်တော်သည် ဘိုးဘေးစဉ်ဆက် စောင့်ထိန်းလာသော ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းပါမည်။
  5. ဘုရားတပည့်တော်သည် သာသနာတော်၏ ရန်စူးခလုတ်များကို ရှင်းလင်းပါမည်။
  6. ဤသစ္စာများ ပျက်ကွက်ခဲ့ပါက ဘုရားတပည့်တော်သည် သွေးအန်၍ သေပါစေ။
  7. မြွေကိုက်၍ သေပါစေ။
  8. ကျားကိုက်၍ သေပါစေ။

စသည်စသည်ဖြင့် ကျိန်ရသတည်း။[၁]

ဖူးရန် ပြင်ဆင်ရန်

စေတီပုထိုး ပြိုပျက်ရာမှ ရရှိလာတတ်သော ၎င်းဆင်းတုတော်ကို အိမ်၌ ထားမကိုးကွယ်ကောင်း။ ခိုက်၏။ ဖူးတွေ့နိုင်သော ဘုန်းတော်ကြီးကျောင်းတိုက်များမှာ သိရှိရသလောက် -

  1. မဟာပညာသီဟာရာမ ဝါ လက်ကောက်ဈေးကျောင်းတိုက် (မြောက်ဦး)
  2. ဗန္ဓုလကျောင်းတိုက်
  3. ညောင်ပင်ဈေးကျောင်းတိုက်
  4. ဘုရားပေါ်ကျောင်းဟောင်း[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ရွှေခိုင်ကျော်(မြောက်ဦး) (ဇူလိုင်လ၊ ၂၀၀၂)။ ဘိသေကမုနိဆင်းတုတော်၁၉၂။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း။ p. ၁၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)