ဘိုဂမ်ဘရာထောင် သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် တည်ရှိပြီး Welikada ထောင်ပြီးပါက နိုင်ငံအတွင်းတွင် ဒုတိယမြောက် အကြီးဆုံးထောင်တစ်ခုဖြစ်သည်။ လုံခြုံရေးမြင့်မားသည့် ထောင်တစ်ခုလည်း ဖြစ်သည်။ ထောင်ကို နှစ်ပေါင်း ၁၃၈ နှစ်ကြာ အလုပ်လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပိတ်ခဲ့သည်။ ထောင်အတွင်းရှိ အကျဉ်းကျနေသူများကိုမူ Pallekele တွင် တည်ရှိသည့် ထောင်အသစ်ဖြစ်သည့် ဒမ်ဘရာထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အစိုးရက ထောင်အား ယဉ်ကျေးမှုခရီးသွားစင်တာအဖြစ် ပြောင်းလဲခဲ့သည်။ အမည်မှာ ဘိုဂမ်ဘရာယဉ်ကျေးမှုပန်းခြံ ဖြစ်သည်။[၁]

Bogambara Prison
တည်နေရာBogambara, Kandy, Central Province, Sri Lanka
အခြေအနေClosed
လုံခြုံရေးအဆင့်Maximum security
လက်ရှိ အကျဥ်းသားဦးရေ1,450 ခုနှစ် အရ)
စတင်ဖွင့်လှစ်ခဲ့သည့်နှစ်1876
ပိတ်သိမ်းခဲ့သည့်နှစ်1 January 2014
ယခင် အမည်Bogambara Prison
စီမံကွပ်ကဲသူMinistry of Megapolis and Western Development
တည်ရှိရာ မြို့Kandy
စာပို့ကုဒ်20000
တည်ရှိရာ နိုင်ငံSri Lanka
နိုင်ငံကျော် အကျဥ်းသားများ
See list


သမိုင်း ပြင်ဆင်ရန်

အကျဉ်းထောင် ပြင်ဆင်ရန်

၁၈၁၅ ခုနှစ်တွင် ဗြိတိသျှသည် သီရိလင်္ကာနိုင်ငံကို Kandyan သဘောတူစာချုပ်ချုပ်ဆိုကာ သိမ်းပိုက်ခဲ့သည်။ ဗြိတိသျှအစိုးရက အကျဉ်းထောင်များအတွက် ပိုမိုကောင်းမွန်စေရန် အမိန့်စာအမှတ် ၁၈ ကို ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းအမိန့်ပြန်တမ်းတွင် ထောင်များအားလုံး၏ ထိန်းချုပ်မှု၊ အုပ်ချုပ်မှုအားလုံး၏ လုပ်ပိုင်ခွင့်ကို အကျဉ်းထောင်နှင့်ရဲသားစစ်ဆေးရေးအရာရှိချုပ် Sir George William Robert Campbell က ရရှိသည်။ ၁၈၇၀ ခုနှစ် အစောပိုင်းတွင် ဗြိတိသျှသီရိလင်္ကာအစိုးရသည် အကျဉ်းထောင်များနှင့် ရဲအရာရှိချုပ် from Frederick Richard Saunders ၏ လမ်းညွှန်မှုအောက်တွင် ကန်ဒီမြို့၏ အကျဉ်းထောင်အသစ်တစ်ခု ဆောက်လုပ်ရန် ဖြစ်လာခဲ့သည်။

 
ထောင်ရှိ ကြိုးစင်

ထောင်၏ အဆောက်အဦများကို သီရိလင်္ကာနိုင်ငံ ပြည်သူ့လုပ်ငန်းများဌာနက F. Vine က ဒီဇိုင်းရေးဆွဲထားသည်။ Bogambara ရေကန်ကို မြေဖို့ကာ ထောင်၏ အောက်ခံမြေကို ပြုလုပ်ခဲ့သည်။ အဆောက်အဦ၏ အဓိကဂိတ်ပေါက်နှင့် နံရံများကို စပိန်ထောင်များပုံစံ ဆောက်လုပ်ထားသည်။ ထောင်သည် ၄.၃ ဟက်တာ (၁၃ ဧက) ဧရိယာရှိပြီး၊ ၈၅၀၀ စတုရန်းမီတာ (၉၁၀၀၀ စတုရန်းပေ) သုံးထပ်အဆောက်အဦ တစ်ခုပါဝင်ပြီး အခန်းပေါင်း ၃၈၃ ခန်း ပါဝင်သည်။ ၎င်းသည် ထောင်သား ၄၀၈ ဦး ဝင်ဆံ့ပြီး ၎င်း၏ အနောက်ဘက်တွင် ၈၄၀ စတုရန်းမီတာ (၉၀၀၀ စတုရန်းပေ) ရှိသည့် ထောင်ဆေးရုံအဆောက်အဦတစ်ခု ပါဝင်သည်။[၂] ထောင်ကို ၁၈၇၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ သေမိန့်ကျထောင်သားများနှင့် ကြီးမားသည့်ပြစ်မှုကျူးလွန်သူများကို ထားရှိသည်။

ထောင်အတွင်းတွင် ကြိုးစင်များ ပါရှိသည်။ သီရိလင်္ကာရှိ သေဒဏ်ချမှတ်ပေးနိုင်သည့် ထောင်နှစ်ခုထဲမှ တစ်ခုလည်း ဖြစ်သည်။ ၁၈၇၆ ခုနှစ်တွင် ကြိုးစင်များကို Hangman တောင်ကုန်းမှ ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ဘိုဂမ်ဘရာထောင်တွင် ထောင်သား ၅၂၄ ဦးကို ကြိုးမိန့်ပေးခဲ့ပြီး ဖြစ်သည်။ လူသတ်မှုကျူးလွန်သူများဖြစ်ကြသည့် W. A. Richard နှင့် T. M. Jayawardena တို့သည် ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၁, ၂၂ ရက်နေ့များတွင် ကြိုးမိန့်အပေးခံခဲ့ရပြီး နောက်ဆုံးကြိုးမိန့်အပေးခံခဲ့ရသည့်သူနှစ်ဦးလည်း ဖြစ်ခဲ့သည်။[၃] ကြိုးမိန့်အပေးခံရသူများထဲမှ ထင်ရှားသည့်သူတစ်ဦးဖြစ်သည့် D. J. Siripala (aka Maru Sira) ကို ၁၉၇၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် စီရင်ခဲ့သည်။ ဤထောင်ကို အကျဉ်းထောင်များဦးစီးဌာနက စီမံလျက်ရှိသည်။

သီရိလင်္ကာအစိုးရသည် အကျဉ်းထောင်များကွန်ယက်ကို ချဲ့ရန်နှင့် ထောင်များ၏ အခြေအနေများကို တိုးတက်အောင်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဘိုဂမ်ဘရာထောင်ကို အပြီးတိုင်ပိတ်သိမ်းခဲ့သည်။ ကျန်ရှိနေသည့် ထောင်သားများကို Pallekele ရှိ အကျဉ်းထောင်အသစ်သို့ ရွှေ့ပြောင်းခဲ့သည်။ Kandyan ရှိ သမိုင်းဝင်အဆောက်အဦများကို ထိန်းသိမ်းရန်အတွက် လအနည်းငယ်စောသည့်ကာလကပင် အကျဉ်းထောင်များဦးစီးဌာနသည် ဘိုဂမ်ဘရာစစ်ဆေးရေးထောင်ကို ပိတ်သိမ်းခဲ့သည်။[၄] ဘိုဂမ်ဘရာအကျဉ်းထောင်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ပိတ်သိမ်းခဲ့ပြီး ထောင်နှင့်သက်ဆိုင်သည့် အရာများအားလုံးကို သီရိလင်္ကာအစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်။

ယဉ်ကျေးမှုပန်းခြံ ပြင်ဆင်ရန်

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံရဲနှင့်စီးပွားရေးဝန်ကြီးဌာက အကျဉ်းထောင်ကို ပြန်လည်တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် မဟာစီမံကိန်းတစ်ခုကို ဖန်တီးခဲ့သည်။[၁]

၂၀၁၈ခုနှစ်၊ ဇွန်လတွင် အကျဉ်းထောင်နှင့်အတူ ကန်ဒီမြူနီစီပယ်ကောင်စီအဆောက်အဦဖြစ်သည့် Meda Wasala, Ehelepola Walauwa စသည်တို့ကို အများပြည်သူ လာရောက်နိုင်စေရန်အတွက် ဖွင့်ပေးခဲ့သည်။ ဂျပန်နိုင်ငံနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့်ပူးပေါင်းကာ မြို့ပြဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့က ကန်ဒီမြို့၏ ရှေးဟောင်းနေရာများကို မြှင့်တင်ရန် ရည်ရွယ်ချက်၏ တစ်စိတ်တပိုင်းအနေဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။[၅]

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ဝန်ကြီးချုပ် Ranil Wickramasinghe သည် အကျဉ်းထောင်အား ယဉ်ကျေးမှုဆိုင်ရာခရီးသွားစင်တာအဖြစ် ပြင်ဆင်မြှင့်တင်မှုများဆောင်ရွက်ကာ တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ [၆][၇]အကျဉ်းထောင်ကိုလည်း ဘိုဂမ်ဘရာယဉ်ကျေးမှုပန်းခြံဟု အမည်ပေးခဲ့သည်။ သမိုင်းဝင်နေရာများအတွက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် ဤအကျဉ်းထောင်အား ဘက်စုံအသုံးပြုနိုင်သည့် အဆောက်အဦများ၊ အခန်းများပါဝင်မည်ဖြစ်ပြီး၊ ထိုအခန်းများကို ဈေးဆိုင်များ၊ လုပ်ငန်းဆိုင်ရာနေရာများနှင့် တည်းခိုခန်းများနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၂ ခု ပါဝင်တည်ဆောက်ရန် ဖြစ်သည်။[၈][၉] ဤပထမကာလပြုပြင်မွမ်းမံမှုသည် အကျဉ်းထောင်ပတ်လည်ကို ပြုပြင်မှုဖြစ်ပြီး ခန့်မှန်းကုန်ကျစရိသည် Rs. 125 သန်း ရှိသည်။ ဒုတိယကာလအနေဖြင့် အတွင်းပိုင်းရှိ အဆောက်အဦများကို ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်မည်ဖြစ်ကာ ခန့်မှန်းကုန်ကျစရိတ်သည် Rs. 750 သန်း ရှိသည်။[၁၀]

ထင်ရှားသည့် အကျဉ်းသားများ ပြင်ဆင်ရန်

  • Dr Colvin R. de Silva -• Lanka Sama Samaja ပါတီ၏ ခေါင်းဆောင်၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင်၊ နောင်အခါတွင် ပါလီမန်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။
  • Philip Gunawardena - • Lanka Sama Samaja ပါတီ၏ ခေါင်းဆောင်၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင်၊ နောင်အခါတွင် ပါလီမန်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။
  • William de Silva - Lanka Sama Samaja ပါတီ၏ ခေါင်းဆောင်၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင်၊ နောင်အခါတွင် ပါလီမန်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။
  • Maru Sira - Death row inmate executed amidst great controversy.

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Bogambara Cultural Park project phase 1 opens (28 August 2019)။ 17 November 2019 တွင် ပြန်စစ်ပြီး။
  2. Lugoda၊ Uwin။ "Bogambara: From maximum security prison to multipurpose park"၊ 25 August 2019။ 22 November 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 18 January 2022။ 
  3. "Bogambara gallows to Dumbara"၊ 30 August 2014။ 25 November 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 15 May 2021။ 
  4. Sri Lanka government closes the maximum security prison in World Heritage city။ Colombopage.com။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 December 2013 တွင် ပြန်စစ်ပြီး။
  5. "Event promoting rediscovery of Kandy architectural attractions kicks off today"၊ 14 June 2018။ 
  6. Pradeep၊ Chaturanga။ Bogambara comes under President on Jan. 1။ 17 December 2013 တွင် ပြန်စစ်ပြီး။
  7. "Opening of Bogambara Cultural Park will bring considerable benefits to Kandy"၊ 28 August 2019။ 27 November 2019 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  8. Bogambara prison becomes cultural, tourism centre။ 17 November 2019 တွင် ပြန်စစ်ပြီး။
  9. Bogambara: A prison turned into a tourist attraction။ Republic Next Sri Lanka (27 August 2019)။ 27 November 2019 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  10. Lugoda၊ Uwin။ "Bogambara: From maximum security prison to multipurpose park"၊ 25 August 2019။ 27 November 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 18 January 2022။