ဦးဘိုးဖြူ ကို ၁၂⁠၂၃ ခု၊ ဒုတိယ ဝါဆိုလပြည့် (၁၈၆၁ ခု၊ ဇူလိုင်လ၂၁ ရက်) တနင်္ဂနွေနေ့တွင် အဖ ဝန်စာရေးကြီး ဦးအို၊ အမိဒေါ်မိုးတို့မှဖွားမြင်သည်။ မွေးချင်း ငါးယောက်အနက် အထွေးဆုံးသားဖြစ်သည်။

ကြောင်တရာလမ်း (ခေါ်)၁၄-လမ်းရှိ ဆရာဖဲမြန်မာကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာတတ်ကျွမ်းသည်။ ပါဠိစာပေ၌လည်း နှံ့စပ် ကျွမ်းကျင်သည်။

၁၈⁠၈၆ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် အတွင်းဝန်ရုံး စာတော်ပြန်ဌာနတွင် မြို့အုပ်အဖြစ် စတင်အမှုထမ်းသည်။ ၁၉ဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဝန်ထောက်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည်။ ၁၉၁၈-ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် ဝန်ထောက်ရာထူးမှ အငြိမ်းစားယူသည်။

၁၈၉၄ ခုနှစ်တွင် 'အိန္ဒိယပဋိညာဉ် အက်ဥပဒေ အမေးအဖြေကျမ်း' ကို ရေးသားခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် (အမိန့်တော်ရ ဦးသီးနှင့်တွဲဖက်လျက်) 'လောကသာရပျို့အဖြေ' ကို ရေးသားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ သုတေသနအသင်း၏ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သုတေသနဂျာနယ်တွင် မဲဇာတောင်ခြေရတု (၆) ပုဒ်နှင့် ရှင်ဥတ္တမကျော်တောလား (၉)ပုဒ်ကို အဓိပ္ပာယ်နှင့် တကွ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့ဖူးသည်။ ၁၉၂၅ ခုနှစ် 'ဗုဒ္ဓဓုပ္ပတိကျမ်း' ကို ပြုစုထုတ်ဝေခဲ့သည်။ ဦးဘိုးဖြူသည် မြန်မာနိုင်ငံ သုတေသနအသင်းအတွက် 'သုတသောမပျို့'၊ 'ဥမ္မာဒန္တီပျို့' (ပုဂံဝန်ထောက် ဦးတင်နှင့် တွဲဖက်လျက်)၊ 'ကန်တော်မင်ကျောင်းမေတ္တာစာနှင့်အဖြေ' (ဆရာပွားနှင့် တွဲဖက်လျက်) တည်းဖြတ်ပေးခဲ့သည်။


ထို့နောက် 'လောကုပ္ပတ္တိပကာသနီကျမ်း' ကို ပြုစုထုတ်ဝေရန် စီမံနေဆဲ ၁၉၂၆ ခုနှစ်၊ အောက်တိုဘာ လ (၅)ရက်၊ (မြန်မာသက္ကရာဇ် ၁၂၈၈ ခုနှစ် တော်သလင်းလဆုတ် ၁၄ ရက်) အင်္ဂါနေ့တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်အေးမေ (ကဝိ မျက်မှန်ပုံနှိပ်တိုက်ပိုင်ရှင်)နှင့် သားသမီးများ ကျန်ရစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံ သုတေသနအသင်းနှစ် (၆၀) ပြည့် အထိမ်း အမှတ် စာစောင်၊ (၁၉၇၀ ခု ၊ ဧပြီ) စာ-၄၉