ဘိုးဘိုးကြီး သည် သည် မြန်မာဗုဒ္ဓဘာသာဘုရားစေတီပုထိုးများတွင် တွေ့ရလေ့ရှိသည့် နတ်ကို ဆိုလိုသည်။ ဘိုးဘိုးကြီးရုပ်တုကို ထုလုပ်ရာတွင် အသက်အရွယ်ကြီးရင့်သူပုံစံ ထုလုပ်ကြသည်။[၁] ရုပ်တုတွင် ခေါင်းပေါင်းကို ဝတ်ဆင်ပေးထားပြီး တစ်ခါတစ်ရံ ကြိမ်လုံးကို ကိုင်ဆောင်ထားကြသည်။ လည်စည်းပဝါနှင့် လုံချည်များကို ကိုးကွယ်ယုံကြည်သူများက လှူဒါန်းကြသည်။ မြန်မာနိုင်ငံအဝှမ်းတွင် ကိုးကွယ်ယုံကြည်မှုအလျောက် ဘိုးဘိုးကြီးများစွာရှိရာ အချို့ဘိုးဘိုးကြီးများသည် ထင်ရှားကြသည်။ ပဲခူးနှင့် ရန်ကုန်အကြားရှိ ရွှေညောင်ပင်ဘိုးဘိုးကြီးထံသို့ ကားပိုင်ရှင်များသည် ၎င်းတို့ကားအား ဘေးအန္တရာယ်မှ ကင်းရှင်းစေရန် သွားရောက်ကာ ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။[၂][၃]

ဗိုလ်တစ်ထောင်ဘုရားရှိ ရောဟဏီဘိုးဘိုးကြီး

ရုပ်ပုံများ ပြင်ဆင်ရန်

ပိုမိုကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Sadan၊ Mandy (2005)။ Monique Skidmore (ed.)။ Burma at the turn of the twenty-first century။ Hawaii: University of Hawaii Press။ pp. 90–111။ ISBN 978-0-8248-2897-4
  2. "Myanmar's Belief in the Dead"၊ The Wall Street Journal၊ 29 June 2008။ (အသင်းဝင်ရန် လိုအပ်သည်။)
  3. Verlag၊ Nelles (1998)။ Myanmar (Burma)။ Hunter Publishing။ pp. 100ISBN 978-3-88618-415-6