ဘီတီဘရားသား
၁၉၃၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံးသို့ ကော်ဖီဖြန့်ဖြူးရောင်းချနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော စီးပွားဖြစ် ကော်ဖီထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းကို ပြင်ဦးလွင်မြို့ ဘီတီဘရားသား ဦးဘတူက ရှေးဦးစွာ ဆောင်ရွက်ခဲ့ပါသည်။ ဦးဘတူသည် အဆိုတော် ပုလဲ၏ ဖခင်ဖြစ်သည်။ မြန့်မာ့ကော်ဖီသမိုင်းတွင် ဦဘတူ၏ ဆောင်ရွက်ချက်များသည် ယနေ့တိုင် သမိုင်းဝင်ဖြစ်နေဆဲဖြစ်သည်။
ကော်ဖီလုပ်ငန်းစတင်ခြင်း။
ပြင်ဆင်ရန်ဦးဘတူသည် ကော်ဖီလုပ်ငန်းမစတင်မီ ပြင်ဦးလွင် မန္တလေးကားလမ်းပိုင်တွင် အငှားယာဉ်ပြေားဆွဲခဲ့သည်။ ဦးဘတူ၏ကားကို မကြာခဏငှားစီးသူများထဲတွင် ပြင်ဦးလွင်မြို့ အခြေစိုက် ဗြိတိသျှစစ်ဌာနချုပ်မှ အင်္ဂလိပ်ဗိုလ်ချုပ်ကြီး ကံနင်ဟဲမ်း (General Cuninghan) တို့ ဇနီးမောင်နှံလည်းပါဝင်သည်။ ဦးဘတူသည် အင်္ဂလိပ်စကားသွက်လက်ခြင်း၊ အချိန်လေးစားခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတတ်ခြင်းတို့ကြောင့် ဗိုလ်ချုပ်ကြီး ကံနင်ဟဲမ်တို့ ဇနီးမောင်နှံက ဦးဘတူကိုလေးစားခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး၏ ဇနီးက ဦးဘတူအား တက္ကစီမောင်းသည့် အလုပ်ကို ဆက်လက်လုပ်ကိုင်နေပါက ကြီးပွားတိုးတက်နိုင်မည်မဟုတ်ကြောင်း၊ တခြားကြီးပွားမည့် လုပ်ငန်းတစ်ခုခုလုပ်ကိုင်မည်ဆိုပါက မိမိတို့တတ်နိုင်သည့်ဘက်မှ အားပေးမည့်အကြောင်း အကြံပေးခဲ့သည်။
ဦးဘတူက ကော်ဖီလုပ်ငန်းလုပ်ရန်ဆုံးဖြတ်ခဲ့ပြီး ဖခင်၏မိတ်ဆွေဖြစ်သူ တောင်ငူမြို့က မစ္စတာပတ်တလီ (Mr. Petley) ထံသွားရောက်လေ့လာခဲ့သည်။ မစ္စတာပတ်တလီသည် တောင်ငူမြို့၌ 'မီးရထားတံဆိပ် ပတ်တလီကော်ဖီ' အမည်ဖြင့် ဒေသသုံးကော်ဖီမှုန့် ထုတ်လုပ်ရောင်းချနေသူဖြစ်သည်။ မစ္စတာပတ်တလိထံမှ လေ့လာဆည်းပူးခဲ့သည့် အတွေ့အကြုံကိုယူ၍ ၁၉၃၀ ပြည့်နှစ်တွင် 'ဘီတီဘရားသား ကော်ဖီထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း' အမည်ဖြင့် ပြင်ဦးလွင်မြို့ ဈေးကြီးလမ်းရှိ ဝှိုက်ဝေး (White Way) ကုန်ပဒေသာတိုက် (ယခု မေဦးလွင်ရုပ်ရှင်ရုံ၊ ယခင် ဦးဘတူတည်ထောင်ခဲ့သော ဘီတီဘရားသားရုပ်ရှင်ရုံ) နှင့် မျက်နှာချင်းဆိုင်တွင် လုပ်ငန်း စတင်ခဲ့သည်။
ဦးဘတူ ဘီတီဘရားသား ကော်ဖီထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း စတင်နေသည့်အချိန်နှင့် မရှေးမနှောင်းမှာပင် ချောင်းကွေ့ကော်ဖီခြံမှာလည်း စတင်တည်ထောင်နေပြီဖြစ်သည်။ နောင်အခါ ချောင်းကွေ့ကော်ဖီခြံမှ ထွက်သမျှ ဦးဘတူကသာ အများဆုံးဝယ်ယူ၍ ဘီတီဘရားသား ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့သည်။
စစ်ကိုခေတ်တစ်ခေတ်လုံး ဘီတီဘရားသားမှ ကော်ဖီအတန်းအစား ၅ မျိုး ထုတ်လုပ်ရောင်းချခဲ့သည်။
- မိုးကားကော်ဖီ ( Mocha Coffee) တစ်ပေါင် ၅ မတ်။
- တောင်ငူကော်ဖီ (Toungoo Coffee) တစ်ပေါင် ၁ ကျပ်။
- နီလ်ဂရီကော်ဖီ (Nilgira Coffee) တစ်ပေါင် ၁ ကျပ်။
- ဟော်လန်နိုင်ငံမှတင်သွင်းသော "ချီကိုရီ"မှုန့် ၃၀% နှင့် ရောစပ်ထားသော ပြင်သစ်ကော်ဖီ (French Coffee) တစ်ပေါင် ၃ မတ်။
- ချီကိုရီအမှုန့် ၅၀% ရောစပ်ထားသော လက်ဘက်ရည်ဆိုင်သုံ ပြင်သစ်ကော်ဖီ (Bazaar Blend) တစ်ပေါင် ၆ မူး။
စစ်ကြိုခေတ်နှင့် စစ်ဖြစ်ကာနီးအချိန်အထိ ဘီတီဘရားသားကော်ဖီဆိုင်ခွဲများကို မန္တလေး၊ ရွှေဘို၊ ရေနံချောင်း၊ နမ္မတူဘော်တွင်းနှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်ရောင်းချနိုင်ခဲ့သည်အထိ ဈေးကွက် ကျယ်ပြန့်ခြံသည်။
ဘီတီဘရားသား (အထက်မြန်မာပြည်) ကုမ္ပဏီ
ပြင်ဆင်ရန်ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၄၈ တွင် ချောင်းကွေ့ကော်ဖီခြံကို ဦးဘတူက အပြီးတိုင်ဝယ်ယူခဲ့သည်။ ၁၉၅၃ တွင် ပြင်ဦးလွင်အနီး ပွေးတောင်ကော်ဖီခြံကို တည်ထောင်ခဲ့သည်။ ထို့နောက် ဦးဘတူသည် ဘီတီဘရားသား (အထက်မြန်မာပြည်) ကုမ္ပဏီ အမည်ဖြင့် စက်မှုလက်မှု မှတ်ပုံတင်အမှတ် ဘီအမ်အေ(၁၁/၂၀၉/၁/၃) ဖြင့် မှတ်ပုံတင်ခဲ့သည်။
ရင်းနှီးမတည်ငွေမျာ ၅၆၀၀၀၀ ကျပ်ဖြစ်ပြီး အလုပ်သမား ၁၀ ဦး အပါအဝင် မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ရာမှ အထက်မြန်မာပြည် ကော်ဖီဈေးကွက်ကို ကြီးစိုးနိုင်ခဲ့သည်။
၁၉၆၄ တွင် ဦးဘတူသည် ဂျာမနီနိုင်ငံလုပ် ပရိုဘတ် (Probat) အမျိုးအစား ကော်ဖီလှော်စက်နှစ်လုံးကို တပ်ဆင် အသုံးပြုခဲ့သည်။ စက်ရုံတည်နေရာမှာ အမှတ် ၁၅၇ (ခ)၊ မန္တလေး-လားရှိုးလမ်း၊ (၅)ရပ်ကွက်၊ ပြင်ဦးလွင်မြို့ ဖြစ်သည်။
ဘီတီဘရားသား (အောက်မြန်မာပြည်) ကုမ္ပဏီ
ပြင်ဆင်ရန်၁၉၄၉ ခု စက်တင်ဘာလတွင် ဦးဘတူနှင့် အတူတကွ လုပ်ကိုင်နေကြသော ဘီတီဘရားသား ညီအစ်ကို မောင်နှမများဖြစ်သည့် ဦးဘဖြူ၊ ဦးအံ့ကြီး၊ ဦးဘသိန်း၊ ဒေါ်မြခင် နှင့် ခင်ပွန်းဖြစ်သူ ဦးဘဦးတို့သည့် အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဗဟိုပြု၍ ကော်ဖီမှုန့် ထုတ်လုပ်ဖြန့်ဖြူးရန် ရန်ကုန်သို့ စုန်ဆင်းခဲ့ကြသည်။ ဦးဘဖြူသည် အဆိုတော် စိန်လွင်၊ ပလေးဘွိုင်းသန်းနိုင်၊ မြသီတာတို့၏ ဖခင်ဖြစ်သည်။ ဦးဘသိန်းသည် မြန်မာနိုင်ငံတွင် အသံဖမ်းစတူဒီယိုလုပ်ငန်းကို ပထမဆုံး စတင်တည်ထောင်ခဲ့သူဖြစ်ပြီး အဆိုတော် ပီတာဘသိန်း၊ သန်းသန်းနွယ်၊ ခင်မြမူ၊ နှင်းနှင်းအေးတို့၏ ဖခင်ဖြစ်သည်။
ဘီတီဘရားသား (အောက်မြန်မာပြည်) ကုမ္ပဏီ အမည်ဖြင့် မှတ်ပုံတင်ခဲ့ပြီး ၁၉၅၀ ပြည့် ဇန်နဝါရီလ ၅ ရက်နေ့မှစတင်ကာ ကော်ဖီမှုန့်များကို ဖြန့်ဖြူးရောင်းချခဲ့သည်။ ကော်ဖီစက်ရုံကို အမှတ် ၁၅၊ နက်မောက်ရိပ်သာလမ်းတွင် ယာယီတည်ဆောက်ခဲ့သည်။
ဘီတီဘရားသား အပျော်တမ်းတေးဂီတဖျော်ဖြေရေး နှင့် အပျော်တမ်း ရုပ်ရှင် ပြသရေးအစီအစဉ်
ပြင်ဆင်ရန်၁၉၅၀ ပြည့်နှစ်တွင် ဘီတီဘရားသား အပျော်တမ်းရုပ်ရှင်ပြသရေးအစီအစဉ်နှင့် ဘီတီဘရားသား အပျော်တမ်းတေးဂီတ ဖျော်ဖြေရေးအစီအစဉ်နှစ်ရပ်ပေါင်းပြီး ရန်ကုန်မြို့ လူစည်ကားရာ ရပ်ကွက်အသီးသီးတွင် ရပ်ကွက်လူများအဖွဲ့များ၏ အကူအညီဖြင့် ပွဲပေါင်းမြောက်များစွာ ပြသဖျော်ဖြေပေးခဲ့သည်။
ရုပ်ရှင်ပြသရေးအစီအစဉ်တွင် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးဆင်နွှဲခဲ့သည့် ရွှေမန်းရေသဘင် ဆေးရောင်စုံရုပ်ရှင်ကား၊ ပြင်ဦးလွင်ရှိ ဘီတီဘရားသား ရေကူးကန်၊ ချောင်းကွေ့ရှိ ဘီတီဘရားသား ကော်ဖီခြံနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ပုံ ဆေးရောင်စုံရုပ်ရှင်ကားများကို နောက်ခံစကားပြောများထည့်သွင်းကာ အခမဲ့ ပြသခဲ့သည်။
ပြည်ထောင်စုရေသဘင်ပွဲတော်
ပြင်ဆင်ရန်ရွှေမန်းရေသဘင် ဆေးရောင်စုံရုပ်ရှင်ကားကို ပြသလိုက်သည့်အတွက် ၁၉၅၀ ရန်ကုန်မြို့တော်ရေသဘင် ဆင်နွှဲကြရာတွင် ယခင်နှစ်များနှင့် လုံးဝမတူတော့ဘဲ ရိုးရာမပျက် အလှပြယာဉ်အမျိုးပေါင်းစုံလင်စွာဖြင့် ဆုပေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များအသီးသီးသို့ လှည့်လည် သီဆိုတီးမှုတ်ကာ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ ဘီတီဘရားသားညီအစ်ကိုတို့၏ ပြည်များကို အခမဲ့ ပြသဖျော်ဖြေခဲ့ခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ရန်ကုန်ရဲမင်းကြီး ဦးကျော်မြင့်က ဘီတီဘရားသား ညီအစ်ကိုမောင်နှမတစ်စုကို ပတ်ကား၅၁ ဖောင်တိန်တစ်ချောင်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့သည်။
ဤအောင်မြင်မှုကို အကြောင်းပြုပြီး နိုင်ငံတော်အစိုးရက ၁၉၅၁ ရွှေမန်းရေသဘင်ကို "ပြည်ထောင်စုရေသဘင်ပွဲတော်" အဖြစ် သတ်မှတ်ကာ တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုမောင်နှမများအား အထူးဧည့်သည်တော်များအဖြစ် ဖိတ်ကြားကာ ဆင်နွှဲရန် စီစည်ခဲ့သည်။ ၁၉၅၁ ပြည်ထောင်စုရေသဘင်ပွဲတော်သုိ့ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးတချို့နှင့် ဖိတ်ကြားထားသော တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်အဖွဲ့များအပြင် နာမည်ကျော် မြို့မအပျော်တမ်းတူရိယာအဖွဲ့ အပါအဝင် ရွှေမန်းမြို့သူမြို့သားအပေါင်းတို့က တစ်ခဲနက် ဝိုင်းဝန်းဆင်နွှဲခဲ့ကြသည်။
ပြည်ထောင်စုရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပုံကိုလဲ ဘီတီဘရားသားက ဆေးရောင်စုံမှတ်တမ်းရုပ်ရှင်ရိုက်ကူး၍ မြနန္ဒာ၊ မန်းတောင်ရိပ်ခို့ အစရှိသော တေးသီချင်းများနှင့ နောက်ခံစကားပြောပေါင်းစပ်ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အခမဲ့ပြပေးခဲ့ရာ ပရိသတ်များ အထူးနှစ်ခြိုက်ကြသည်။
ဘီတီဘရားသား (အောက်မြန်မာပြည်) ကုမ္ပဏီပိုင် လုပ်ငန်းများ ပြည်သူပိုင်သိမ်းခံရခြင်း
ပြင်ဆင်ရန်၁၉၆၈ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရာအချိန်တွင် တော်လှန်ရေးကောင်စီအစိုရ အမိန့်ကြော်ငြာစာအမှတ် ၁၁၅ အရ ဘီတီဘရားသား (အောက်မြန်မာပြည်) ကုမ္ပဏီပိုင် ကော်ဖီလုပ်ငန်းများကို စက်မှုဝန်ကြီးဌာန စာသောက်ကုန်လုပ်ငန်းအဖွဲ့ စီမံခန့်ခွဲရေးကော်မတီ အမှတ် ၂၃ က ပြည်သူပိုင်သိမ်းယူလိုက်ကြောင်း ကြေငြာခဲ့သည်။
ဘီတီဘရားသား (အထက်မြန်မာပြည်) ကုမ္ပဏီပိုင် လုပ်ငန်းများ ပြည်သူပိုင်သိမ်းခံရခြင်း
ပြင်ဆင်ရန်ဘီတီဘရားသား (အောက်မြန်မာပြည်) ကုမ္ပဏီ လုပ်ငန်းများ ပြည်သူပိုင်သိမ်းခံရသည်နှင့် တချိန်တည်းတွင် အထက်မြန်မာပြည်ကုမ္ပဏီကိုလည်း ပြည်သူပိုင် သိမ်းခံခဲ့ရသည်။
၁၉၆၄ တွင် ဂျာမဏီနိုင်ငံမှ မှာယူတင်သွင်းထားသော ကီလို ၂၀ စီလှော်နိုင်သည့် နောက်ဆုံးပေါ် လေပူနှင့် လှော်နိုင်သော ခေတ်မီ ပရိုဘတ် ကော်ဖီလှော်စက်နှစ်လုံးအပါအဝင် အခြား ထုတ်လုပ်ရေးစက်ကိရိယာများနှင့်အတူ ဦးဘတူထည့်သွင်းခဲ့သော ကျပ်ငွေ ၃၀၀၀ နှင့် တန်ဖိုးနည်း နေ့ချင်းပြီး ဆောက်လုပ်ပေးနိုင်သော အိမ်ရာစီမံကိန်းနှင့် သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ခေတ်မီ ရေလောင်းအိမ်သားများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ခေတ်မီ စက်သစ်ကြီးများ တစ်စုံနှင့် ဆက်စပ်ပစ္စည်းများကိုပါ ကော်ဖီလုပ်ငန်းနှင့် မသက်ဆိုင်ဘဲ ပြည်သူပိုင် သိမ်းယူခြင်းခံခဲ့ရသဖြင့် ဦးဘတူအဖို့ များစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။
ဤသို့နှင့် မြန်မာ့ကော်ဖီသမိုင်းတွင် ထင်ရှားခဲ့သော ဘီတီဘရားသားညီအစ်ကိုများ၏ ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းနှင့် ကော်ဖီမှုန့် ထုတ်လုပ်ရေးလုပ်ငန်းမှာ နိဂုံးချုပ်ခဲ့ရသည်။
အကိုးအကား
ပြင်ဆင်ရန်ပြင်ဦးလွင်ချစ်ဆွေ။ မြန်မာ့ကော်ဖီ။ ဒီဇင်ဘာ၊ ၂၀၀၀။ ပကြိမ်။ ရန်ကုန်။