ဘီလ်ဘော့ဒ်ဇယား

ဘေလ်ဘုတ်ဇယားများ ကုန်သွယ်မှု မဂ္ဂဇင်း Billboard မှ ဂီတရောင်းအား အဆင့်များ Billboard ဇယားများသည် အမေရိကန

ဘီလ်ဘော့ဒ်ဇယား (အင်္ဂလိပ်: Billboard charts) သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက တေးသီချင်းများ၊ တေးအခွေများ၏ လူကြိုက်များရေပန်းစားမှုကို အပတ်စဉ် စာရင်းဇယားရေးဆွဲ၍ ပြသသည်။ ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)က ထိုရလဒ်များကို ထုတ်ဝေသည်။ ဘီလ်ဘော့ဒ် စီးပွားရေးလုပ်ငန်း (Billboard biz)သည် ဘီလ်ဘော့ဒ်ဇယား၏ အွန်လိုင်းနောက်တိုးလုပ်ငန်းခွဲဖြစ်ကာ ထပ်တိုးအပတ်စဉ်ဇယားများကို ထောက်ပံ့ပြသသည်။[၁] နှစ်ကုန်ဇယားများကိုလည်း ပြသ၏ ။[၂] ဇယားများသည် သီးသန့်ဂီတအမျိုးအစားများဖြစ်သော အာအန်ဘီ၊ ကန်းထရီး၊ ရော့ခ် နှင့် (လုပ်ကိုင်ရေးသားနိုင်သော)ဂီတအမျိုးအစားပုံစံအားလုံးကို ရည်စူးဖော်ပြနိုင်သည်။ သီချင်း/အခွေ ရောင်းအား၊ အင်တာနက်ပေါ်တွင်တိုက်ရိုက်နားဆင်မှုများ (streams) အသံလွှင့်ခြင်း (airplay) အရ ဇယားများကို အဆင့်အတန်းခွဲနိုင်ပါ၏ ။ အဓိကသီချင်းဇယားများဖြစ်သော ရေပန်းစားသီချင်း (၁၀၀) (Hot 100)မျိုးတွင် အထက်ပါအချက်အလက်သုံးခုကို ထည့်သွင်းတွက်ချက်၍ ဇယားပြုစုသည်။[၃] ဘီလ်ဘော့ဒ် (၂၀၀) အခွေဇယား (Billboard 200) အတွက် အခွေရောင်းအားအပြင် အင်တာနက်ပေါ်တွင်တိုက်ရိုက်နားဆင်မှုနှင့် သီချင်းတစ်ပုဒ်ချင်းစီ၏ရောင်းအားကိုလည်း ထည့်သွင်းစဉ်းစားသည်။ [၄]

ဘီလ်ဘော့ဒ် လိုဂိုတံဆိပ်

အပတ်စဉ်ရောင်းအား နှင့် အပတ်စဉ်အင်တာနက်၌တိုက်ရိုက်နားဆင်မှု ဇယားကို သောကြာ-ကြာသပတေး အချိန်ဇယားစက်ဝန်းတစ်ခု၌ ၂၀၁၅ ဇူလိုင်လကတည်းက ထောက်လှမ်းစစ်ဆေးခဲ့ကြသည်။ ရေဒီယိုအသံလွှင့်သီချင်းဇယားကို တနင်္လာ-တနင်္ဂနွေ အချိန်ဇယားစက်ဝန်းတစ်ခုဖြင့် စစ်ဆေးပြုစုကြ၍ ဤဇယားများကို အင်္ဂါနေ့တိုင်း၌ ထုတ်ဝေဖော်ပြသည်။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. Billboard biz charts Archived 17 September 2018 at the Wayback Machine., Billboard's online reference for the music community, retrieved on December 6, 2014
  2. Charts – Year EndBillboard
  3. Billboard Charts LegendBillboard
  4. Billboard 200 Makeover: Album Chart to Incorporate Streams & Track SalesBillboard။ Billboard (19 November 2014)။ 28 April 2016 တွင် ပြန်စစ်ပြီး။
  5. "Billboard to Alter Chart Tracking Week for Global Release Date" from Billboard (June 24, 2015)