ဘုရားကျွန်

shwehmoneaလေမောင်ပြုံးsoeLinနူိင်ငံတိုင်ကုမဏီပိုင်ရှင်

ဘုရားကျွန်ကို ခွါဟူလည်း ခေါ်သည်။ ခွါဟူသည် မည်သည့်ဘာသာစကားမျိုး ဖြစ်သည်ကို မသိရ။ ရှေးက ဘုရားကျွန်ဆိုလျှင် အလွန်နာကျည်းကြသည်။ ကျက်သရေယုတ်သည်။ ဆတ်ဆတ်တုန်အောင် နာကြသည်။ ၎င်းလူမျိုးကို ဘက်သေမတည် ထိုက်ကြောင်း တရားရုံးတော်က ပယ်သည်။ အရပ်ထဲ မြို့ထဲမှာ မနေကြခေျေ။ဘုရားကျွန်စုဟူ၍ သီးသန့်ခွဲခွါနေကြရလေသည်။ [၁]

ပုဂံခေတ်တွင် ဘုရားကျွန်၊ကျောင်းကျွန်၊ ပိဋကတ်ကျွန်ဟူ၍သုံးမျိုးသုံးစားကွဲပြားကြသည်။ အဆင့်နိမ့်သောလူတန်းစားအဖြစ်သတ်မှတ်ခံခဲ့ကြရသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. မှော်ပီဆရာသိန်းကြီး ရှေးဖြစ်စာတမ်း။ ၁၉၆၈-ခု၊ ဇွန်လ
  2. မြန်မာစာပေသမိုင်းစာအုပ် (ပဉ္စမအကြိမ်)၊ ဆရာကြီးဦးဖေမောင်တင် ၂၀၀၃။