ဘုရားကြီးစေတီတော် သည် သရေခေတ္တရာမြို့ဟောင်းတွင် တည်ရှိသည့် ရှေးဟောင်းစေတီတော်တစ်ဆူ ဖြစ်သည်။[၁]

တည်နေရာ ပြင်ဆင်ရန်

စေတီတော်သည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်မြောက်ဘက် ပြည် - အောင်လံ ကားလမ်းဘေးတွင် တည်ရှိသည်။[၁]

တည်ထားကိုးကွယ်ခြင်း ပြင်ဆင်ရန်

စေတီတော်ကို ဒွတ္တပေါင်မင်းကြီးသည် အေဒီ ၆ - ၇ ရာစုတွင် တည်ထားခဲ့သည်။ မင်းကြီး တည်ထားခဲ့သည့် စေတီကိုးဆူတွင် တစ်ဆူအပါအဝင် ဖြစ်သည်။

စေတီတော်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်စစ်တစ်ဆူ၊ လက်ယာခြေမတော်မှ ခြေသည်းတော်တို့ကို ထည့်သွင်းဌာပနာထားသည်။

စေတီတော်သည် အလွန်ကြီးမားသဖြင့် "မဟာစေတီ" ဟု ခေါ်ဝေါ်သမုတ်ကြသည်။ စေတီတော်သည် မြန်မာနိုင်ငံတွင် ရှေးအကျဆုံးစေတီတော်တစ်ဆူလည်း ဖြစ်သည်။[၁]

အတိုင်းအတာများ ပြင်ဆင်ရန်

ဉာဏ်တော် ၄၂.၃၆၇ မီတာ ရှိသည်။ အောက်ခြေလုံးပတ်တော်သည် ၉၃.၅၇၄ မီတာ ရှိသည်။[၁]

ပုံသဏ္ဌာန် ပြင်ဆင်ရန်

စေတီတော်သည် ပစ္စယံသုံးဆင့်ပါရှိသည်။ စေတီတော်သည် ယခုခေတ်မြန်မာစေတီတော်များ၏ ပုံစံသို့ စတင်ပြောင်းလဲလာသော အဆောက်အအုံပုံစံ ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ပျူမြို့ဟောင်း သုံးမြို့တွင်အကြီးဆုံး သရေခေတ္တရာမြို့ဟောင်း | NPE။ 26 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2020 တွင် ပြန်စစ်ပြီး။