ဘုရားကြီးဆရာတော်
မန္တလေးမြို့၊ ဘုရားကြီး ဆရာတော်ဘုရားသည် မိတ္ထီလာမြို့ ရွှေပြည်ရန်အောင် အရှေ့လက်တာ ၂ ထောင်ကျော်ကွာ ကဖြူရွာ၌ သက္ကရာဇ် ၁၁၇၂ ခုနှစ်တွင် ဖွားမြင်တော် မူသည်။ ငယ်မည်တော် ဦးညိုဖြစ်သည်။ ဘွဲ့အမည်တော်ကား ဦးဇာဂရ ဖြစ်သည်။ ဆရာတော်၏ ငယ်ဆရာရင်းကို မသိရချေ။ မှတ်တမ်းတစ်ခု အဆိုအရ ဘုရားကြီးဆရာတော်သည် ရှင်သာမဏေ အဖြစ်ကပင် အမရပူရ နေပြည်တော်သို့ ရောက်ရှိကာ စရပ်တစ်ခုတွင် ဆင်းရဲငြိုငြင်စွာနေပြီးလျှင် ထင်ရှားကျော်ကြားသော ဆရာများထံတွင် နည်းခံသင်ယူ သည်းဟု သိရသည်။ ရဟန်း ၃ ဝါအရတွင် ပုဂံမင်း၏ဆရာ ဗားကရာသာသနာပိုင် ဆရာတော် ဘုရားကြီးရေးသား ဖွဲ့စည်းသည့် ဂါထာများ မှားနေကြောင်း သံဃာပရိသတ် အလယ်တွင် ရဲရဲတောက် လျှောက်ထားသည်ဟူ၍ ထိုမှတ်တမ်းက ဆိုလေသည်။ ဘုရားကြီး ဆရာတော်သည် သာသနာပိုင် ဒုတိယ ဗားကရာ ဆရာတော် ဘုရားကြီးထံတွင် နည်းခံသင်ကြား၍ မိမိကလည်း တစ်ဆင့် စာပေပို့ချတော်မူလေ သည်။ သာသနာပိုင် ဗားကရာဆရာတော် ဘုရား၏ ထင်ရှား သော တပည့်ကြီးတို့တွင် တစ်ပါးအပါအဝင် ဖြစ်သည်။
သာသနာပိုင် ဗားကရာ ဆရာတော်ကြီးက အသောကာရာမ တိုက်အတွင်း စနေထောင့် သုံးထပ်ကျောင်းတွင် ဦးဇာဂရကို နေထိုင်စေပြီး စာချပို့စေသည်။ ပိန္ထကတ်စာပေ ကျွမ်းကျင် နိုင်နင်းတော်မူလှသဖြင့် စာလိုက်သော သံဃာ ၄ဝဝ နီးပါးခန် ရှိသည်ဟု အဆိုရှိလေသည်။
ဘုရားကြီး ဆရာတော် ဦးဇာဂရသည် ရဟန်းပျို ဘဝ ငယ်ရွယ်စဉ်ကပင် ပရိယတ္တိအရာ စာပေကျမ်းဂန် တတ်ကျွမ်း တော်မူခဲ့သော ပုဂ္ဂိုလ်ထူး တစ်ပါးဖြစ်သည်။ သက်တော် ၂၅၊ ၂၆၊ ရဟန်း ၆ ဝါရတော်မူစဉ်ကပင် သဒ္ဒဝုတ္တိန္ထီကာနှင့် ဂန္တာဘရဏန္ထီကာများကို ရေးသားတော်မူခဲ့သည်။ ယင်းကျမ်း များမှာ ပါမ္ဗိဘာသာဖြင့်ရှိသည့် သဒ္ဒဝုတ္တိကျမ်းနှင့် ဂန္တာဘရဏ ကျမ်းကို ပါမ္ဗိဘာသာဖြင့် ဖွင့်ဆိုရေးသားသည့် န္ထီကာကျမ်းများ ဖြစ်သည်။ ယင်းကျမ်း များ၏ နိဂုံး၌ ၆ ဝါရစဉ်က ရေး ကြောင်း ကိုယ်တိုင်ရေးသားထားလေသည်။ ထို့ပြင် ယင်းန္ထီကာ ကျမ်း နှစ်ကျမ်း အနက် သဒ္ဒဝုတ္တိန္ထီကာ ကျမ်းကို ၁၁၉၇ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့က ပြီးသည်။ ဂန္ထာဘရဏန္ထီ ကျမ်းကို ၁၁၉၇ ခုနှစ် နတ်တော်လဆန်း ၈ ရက်နေ့ပြီး သည်ဟု ပါရှိသဖြင့် ဆရာတော် ဦးဇာဂရသည် ဒုတိယ န္ထီကာကျမ်းကို ၂၃ ရက်ဖြင့် အပြီးရေးသားတော်မူကြောင်း သိရသည်။
ဘုရားကြီး ဆရာတော်သည် ငယ်စဉ်ကပင် စာပေ ပိန္ထကတ်ဘက်၌ ထက်မြက်ထူးချွန်တော်မူသည့် ပုဂ္ဂိုလ်ထူး တစ်ပါး ဖြစ်သော်လည်း ပညာဘက်က သန်သောကြောင့် ဘုန်းကြီးသည့် ဘက်က ညံ့ခဲ့လေသည်။
သက္ကရာဇ် ၁၂ဝ၅ ခုနှစ် ရဟန်းဝါ ၁၄ ဝါရစဉ်က ရေသားပြီးသည့် သဂြိုဟ်ဂဏ္ဍိသစ် ကျမ်းနိဂုံး၌ ဇာဂရောတိ၊ ဇာဂရဟူ၍။ နာမေန၊ အမည်သညာထင်ရှားစွာထသော။ မေမယာ၊ ငါပဉ္စင်းသည် ဟူ၍ ရေးသား ပါရှိသည်ကို ထောက်၍ ထိုအချိန်အထိ ကိုယ်ပိုင်တိုက်တာ အသီးအခြားဖြင့် ထင်ရှားတော်မမူသေးကြောင်း သိနိုင်သည်။ သက္ကရာဇ် ၁၂ဝ၉ ခုနှစ် တပေါင်းလတွင် မင်းတုန်းမင်းကြီး ကိုယ်တော်တိုင် ကျောင်းတင် လှူဒါန်းခြင်း ခံတော်မူရသည်။ ထိုအခါမှစ၍ ထင်ရှားကျော်စောတော်မူလာသည်။
ဘုရားကြီး ဆရာတော်သည် မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၁၇ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၁ ရက်နေ့ တွင် ဇာဂရာဘိသိရိပဝရာ လင်္ကာရ မဟာဓမ္မရာဓိ ရာဇဂုရု ဟူသော ဘွဲ့တံဆိပ်တော်ကို ခံယူ တော်မူရသည်။ ထိုနောက် သက္ကရာဇ် ၁၂၁၈ ခုနှစ် တန်ခူးလတွင် မင်းတုန်းမင်းကြီးသည် ပိန္ထကတ်တော်များကို တည်းပြတ်သုတ်သင် ပြင်ဆင်ရေးကူး စေတော်မူသောအခါ ဘုရားကြီး ဆရာတော် အမှူးရှိသော ဆရာတော် သုံးပါးအား ပိန္ထကတ်တော်များကို မှန်ကန် သေချာအောင် အမြဲမပြတ် ကြပ်မပြင်ဆင် ကြည့်ရှုတော်မူရန် လျှောက်ထားပြီးလျှင် တံဆိပ်တော်များ လှူဒါန်းဆက်ကပ် တော်မူသည်။ ထိုအခါက ဘုရားကြီး ဆရာတော်သည် ဇာဂရာ ဘိဝံသ တိပိန္ထကဓရ မဟာဓမ္မ ရာဇာဓိရာဇဂုရု ဟူသော ဒုတိယတံဆိပ်တော်ကို ခံယူတော်မူရသည်။
ဘုရားကြီး ဆရာတော်အား ကပ်လှူသည့် တံဆိပ်တော် တွင်သာ တိပိန္ထကဓရ ဟူသော စကားပါ၍ ကျန်ဆရာ တော် နှစ်ပါးအား ကပ်လှူသည့် တံဆိပ်တော်များတွင် တိပိန္ထကဓရ ဟူသောစကားမပါခေ။ ယင်းကို ထောက်၍ ဘုရားကြီးဆရာတော်သည် ပိန္ထကတ်သုံးပုံဆောင် ဆရာတော် အဖြစ် မင်းတုန်းမင်းကြီး၏ အသိအမှတ်ပြုခြင်းကို ခံရကြောင်း ထင်ရှားသည်။
သက္ကရာဇ် ၁၂၂၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ကစ၍ ပိန္ထကတ်တော်များကို ကျောက်ထက် အက္ခရာ တင်တော်မူသော အခါ၌လည်း ပုဒ်ပါဌ်အက္ခရာ ကျောက်စာ အရေးအသား မချွတ်မယွင်း စေရအောင် သန့်ရှင်းပြင်ဆင်တော် မူရသော ဆရာတော်သုံးပါးတွင် တိပိန္ထကဓရ ဘုရားကြီး ဆရာတော်ပင့် ဦးဆောင် ပုဂ္ဂိုလ်ဖြစ်သည်။ မင်းတုန်းမင်းကြီး သည် သားတော် စကုမင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်း မင်းသာ၊ မိုည|င်း မင်းသား၊ မြင်းခုံတိုင်မင်းသား၊ ငရဲမင်းသား တို့ကို ရှင်ပြုစဉ်က သင်္ကန်းတောင်းသာမဏေ ကျင့်ဝတ်တို့ကို သင်ကြားရန် ဘုရားကြီး ဆရာတော်ဘုရားထံ၌ပင် အပ်နှံတော် မူလေသည်။
ဘုရားကြီး ဆရာတော်သည် အောက်ပါ ကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။ (၁) ဂန္ထာဘရဏန္ထီ ကာသစ်၊ (၂) ဏွာဒိမောဂ္ဂလာန်နိသျသစ်၊ (၃) ဒိပဝင်န္ထီကာ၊ (၄) ဒီပဝိသစာ ကိုယ်နိသျ၊ (၅) ဒီပဝံသန္ထီကာနိသျ၊ (၆) နေတ္တိပါမ္ဗိတော်နိသျ သစ်၊ (၇) ပဒသာဓနမောဂ္ဂလာန် နိသျသစ်၊ (၈) ပါစိတျာဒိ အဋ္ဌကထာယောဇနာ၊ (၉) ပါစိတ်ပါမ္ဗိတော် နိသျသစ်၊ (၁ဝ) ပါရာဇိကဏ်ပါမ္ဗိတော်နိသျသစ်၊ (၁၁) ဘုရားကြီးနိယံသစ်၊ (၁၂) ဝု·ိ မောဂ္ဂလာန်နိသျသစ်၊ (၁၃) သဒ္ဒဝုတ္တိန္ထီကာ သစ်ပါဌ်၊ (၁၄) သင်္ဂြိုဟ်ဂဏ္ဌိသစ်၊ (၁၅) သံပျင်န္ထီကာနိသျ၊ (၁၆) သံဝေဂဝဒီပနီ။
ဘုရားကြီး ဆရာတော်သည် သက်တော် ၆၄ နှစ်၊ သက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် မန္တလေးမြို့ဒက္ခိဏာရာမ ဘုရား ကြီးကျောင်းတိုက်၌ပင် ပျံလွန်တော်မူလေသည်။ [၁][၂]