ဘုရားရှင်၏တစ်နေ့တာလုပ်ငန်းစဉ် အကျဉ်း

ဘုရားရှင်၏တစ်နေ့တာလုပ်ငန်းစဉ် အကျဉ်းချုပ်မှာ

  • ၁။ နံနက်ပိုင်း ဆွမ်းခံဆွမ်းစားခြင်း၊ ဆွမ်းအနုမောဒနာ တရားဟောခြင်း။
  • ၂။ (က) ဆွမ်းစားပြီး နေ့စဉ်ပင် ဒုလ္လဘတရား ငါးပါးကို ခြေဆေးရင်း ဟောပြော သတိပေးပြီးနောက် ရဟန်းတို့အား ကမ္မဋ္ဌာန်းပေးခြင်း။ (ခ) ထို့နောက် ဂန္ဓကုဋိသို့ ဝင်တော်မူလျှက် ရံခါ တစ်မုဟုတ်မျှ လဲလျှောင်းတော်မူ၍ တစ်ကိုယ်တည်း ကိန်းအောင်းကာ လောကဓာတ် တစ်ခုလုံးကို သိမ်းကျုံး ကြည့်တော်မူခြင်း ။ (ဂ) ညနေချမ်းတွင် ကျောင်းတော်သို့ လာရောက်ဖူးမြော်သူ ဒကာ ဒကာမ တို့အား တရားဟောကြားတော်မူခြင်း။
  • ၃။ (လိုအပ်လျှင် ရေသုံးသပ်တော်မူပြီးနောက်) ဂန္ဓကုဋိ ပရိဝုဏ် အတွင်းတွင်ပင် သီတင်းသုံးခိုက် ထိုမှ ဤမှ လာရောက် လျှောက်ထား မေးမြန်း တောင်းပန်သော ရဟန်းတို့အား ညဉ့်ဦးယံ တစ်ချိန်လုံး ဖြေဆို ဟောကြားတော် မူခြင်း။
  • ၄။ ရဟန်း ပရိသတ်များ ပြန်ကြသောအခါ တစ်သောင်းသော လောကဓာတ်မှ လာရောက်မေးမြန်းကြသော နတ်ဗြဟ္မာ အသီးသီးတို့အား ညဉ့်လယ်ယံ (သန်းခေါင်ယံ) တစ်ချိန်လုံး ဖြေဆိုဟောကြားတော်မူခြင်း။
  • ၅။ မိုးသောက်ယံတွင် အချိန်သုံးပိုင်း ပိုင်း၍ - - - (က) တစ်ချိန် စင်္ကြံ ကြွတော်မူခြင်း၊ (ခ) ဂန္ဓကုဋိသို့ ဝင်ရောက်၍ လျှောင်းစက်တော်မူခြင်း ၊ (ဂ) လျှောင်းစက်ရာမှ ထိုင်တော်မူ၍ ကမ္ဘာလောကဓတ် တစ်ခုလုံး ချေချွတ်ထိုက်သော သတ္တဝါတို့ကို ဉာဏ်ကွန်ရက်ဖြင့် ဖြန့်ကျက် ရှုကြည့်တော်မူခြင်း ၊ ( ကျွတ်ထိုက်သော သတ္တဝါရှိလျှင် အခြား စကြ၀ဠာသို့ပင် ကြွရောက် ဟောကြားလေ့ရှိကြောင်း မဟာပရိနိဗ္ဗာနသုတ် တွင် ဟောတော်မူ၏)။

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ဓမ္မာစရိယ ဦးဌေးလှိုင်။ ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများ။ p. ၂၆။