ဘောင်လားကြိုး

ရေးသူ ပြင်ဆင်ရန်

မြဝတီမင်းကြီး ဦးစ

ဘုံဆောင်မြင့် ပြင်ဆင်ရန်

ဘုံဆောင်မြင့်။ စိန်ကြောင်ဖလ်ရှိန်လေ။ ညီးလို့လင်းလင်း။ ။

ကြွားကြွား မိုးဖျား။ သီခေါင်လေ ရီမှောင်လေ ဝေးရရှင်းရှင်း။ ။

ကိုးမျက်မြွာငယ်လေ။ စိုးစကြာငယ်လေ။ လောကလောင်းမင်း။ ။

ဘုန်းတေဇာငယ်လေ။ နှုန်းနေဖြာတယ်လေ။ ထွန်းပဝင်းဝင်း။ ။

ရေနန်းဗိမာန်ငယ်လေ။ ထူးလှ ကောင်းခြင်း။ ။

ရွှန်းရွှန်းလန်းလို့။ လျှပ်ပန်း လျှပ်ပန်း။ ထွေးပင်သာ ထွေးလှသောင်းတွင်း။ ။

သီဟာရွှေဗွေခင်းမှာတဲ့။ ရွေတဲ့ရွေညီလာ။ ။

ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။ ။

ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဘောင်လားကွန့်လေး။ ။

ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။ ။

ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဘောင်လားကွန့်။ များ လှေ ရံလေလေတည့်။ များလှေရံ။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/