ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း

ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်းသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်တည်ရှိကာ လူဦးရေ ၈၀၀၀၀ကျေကာ်ဝင်ဆံ့သည့် အမျိုးသားအားကစားကွင်းဖြစ်သည်။ အရှေ့တောင်အာရှ၏ အကြီးဆုံးကွင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အကြီးဆုံးကွင်းဖြစ်သည်။ ၁၉၉၈ ဓနသဟာယနိုင်ငံများအားကစားပြိုင်ပွဲအတွက် စတင်တည်ဆောက်ခဲ့သည်။ ထိုမှစ၍ ဤအားကစားကွင်းမှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ အပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲများကို လက်ခံကျင်းပရန် အဓိကနေရာဖြစ်လာခဲ့သည်။

ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း
Bukit Jalil National Stadium
Stadium Nasional Bukit Jalil
တည်နေရာဘူကစ်ဂျာလီ၊ ကွာလာလမ်ပူ့မြို့၊ မလေးရှားနိုင်ငံ
ကိုဩဒိနိတ်3°3′16.8″N 101°41′28.2″E / 3.054667°N 101.691167°E / 3.054667; 101.691167
ပိုင်ဆိုင်သူမလေးရှားအစိုးရ
စီမံခန့်ခွဲသူKL Sports City
ဝင်ဆံ့ပမာဏ၈၇၄၁၁[၁]
ကွင်းအရွယ်၁၀၅ by ၆၈ m (၃၄၄ by ၂၂၃ ft)
မျက်နှာပြင်Cow Grass pitch
Track
တည်ဆောက်ခြင်း
တည်ဆောက်၁ ဇန်နဝါရီ ၁၉၉၅; ၂၉ နှစ် အကြာက (၁၉၉၅-၀၁-01)
ဖွင့်လှစ်၁၁ ဇူလိုင် ၁၉၉၈; ၂၅ နှစ် အကြာက (၁၉၉၈-၀၇-11)
ပြင်ဆင်၁ ဇန်နဝါရီ ၁၉၉၈; ၂၆ နှစ် အကြာက (၁၉၉၈-၀၁-01)
ဇူလိုင် ၂၀၁၇; ၆ နှစ် အကြာက (၂၀၁၇-၀၇)
တိုးချဲ့၁ ဇန်နဝါရီ ၁၉၉၈; ၂၆ နှစ် အကြာက (၁၉၉၈-၀၁-01)
ကုန်ကျငွေမလေးရှားရင်းဂစ် သန်း၈၀၀[၂]
ဗိသုကာArkitek FAA
Weidleplan Consulting Gmbh
Schlaich Bergermann Partner
Populous (၂၀၁၇ ပြန်လည်ပြုပြင်ရေး)
ငှားရမ်းသူ
မလေးရှား အမျိုးသားဘောလုံးအသင်း
Malaysia Valke

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၉၈ ဓနသဟာယအားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်အတွက် ၁၉၉၅ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ဇန်နဝါရီလ ၁ရက်နေ့တွင် ပြီးစီးခဲ့သည်။ အားကစားပွဲအပြီးတွင် ဤကွင်းကို မလေးရှားအမျိုးသားဘောလုံးအသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုခဲ့သည်။

ကိုးကား ပြင်ဆင်ရန်