ဘူးသီးကြော်
ဘူးသီးကြော် ဆိုသည်မှာ ဘူးသီးကို အချောင်းလိုက်လေးများလှီးပြီး ဆန်မုန့်နှစ်လူးကာ ကြော်ထားသော သရေစာမုန့်ဖြစ်သည်။ အချဉ်ရည်၊ ဆလတ်ရွက် တို့ဖြင့်လည်း တွဲဖက်သုံးဆောင်ကြသည်။
မြန်မာ့ရိုးရာအစာအစာဖြစ်သော မုန့်ဟင်းခါးတွင် ထည့်ပြီးစားသောက်လေ့ရှိသော ပင်တိုင်အကြော်တခုဖြစ်သည်။
အဓိကအားဖြင့် ဘူးသီးကြော်သည့်ပုံစံ နှစ်မျိုးရှိပါသည်။ ပထမ တစ်မျိုးမှာ တစ်မိုက် ခန့်ရှိ့ ဘူးသီးချောင်း တစ်ချောင်းတည်းကို မုန့်နှစ် လိမ်းပြီး ကြော်သည့်နည်းဖြစ်သည်။ ဒုတိယ နည်းမှာ မုန့်နှစ်တွင် စိမ်ထားသည့် ပိုမိုသေးငယ်သည့် ဗူးသီးအချောင်းသေး ၄ ခု ၅ ခု ခန့်ကို စု၍ အပြားပုံစံ ပြုလုပ်ပြီး ကြော်သည့် နည်းဖြစ်သည်။
ဘူးသီးချောင်း တစ်ချောင်းတည်းကြော်သည့် မုန့်ကို အညာ မြေလတ် စသည့် အချို့ဒေသများတွင် ဘူးသီးပေါက်ချောင်းကြော် ခေါ်ကြသည်။ ဆိုရှယ်လစ်ခေတ်မှာ မိထ္ထီလာမြို့ ပေါက်ချောင်းဈေးရှေ့က နာမည်ကြီး ပေါက်ချောင်းအကြော်ဆိုင်က ကြော်နည်းကို အစွဲပြုပြီး ခေါ်ကြတာပါ။[၁] မုံရွာဘက်မှာ ဖြူးကြော် လို့လည်းခေါ်ပါတယ်။ အချောင်းငယ်များ စုပြီး ကြော်ထားသည့် မုန့်ကို ဘူးသီးငါးပေါင်းကြော် ဟုခေါ်ကြသည်။ [၂]