ဘေဘီလုံ
ဘေဘီလုံ သည် ရှေးခေတ်ကမ္ဘာ၏ ဩဇာအရှိဆုံး ဧကရာဇ်အချို့ အုပ်ချုပ်ခဲ့သည့် ရှေးဟောင်းမြို့ဖြစ်သည်။ ၎င်းသည် ဘေဘီလုံ အင်ပါယာ ၏မြို့တော်ဖြစ်ပြီး ၎င်းသည် ကူးသန်းရောင်းဝယ်ရေး၊ အနုပညာနှင့် သင်ယူမှု ဆိုင်ရာ ဗဟိုချက်အဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးအစောပိုင်းမြို့ ဖြစ်မည်ဟု ခန့်မှန်းရပြီး လူဦးရေ ၂၀၀,၀၀ အထက်သို့ ပထမဆုံးရောက်ရှိသည့် မြို့လည်းဖြစ်သည်။ [၁]
ဘေဘီလုံ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | အီရတ် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | iii,vi |
ကိုးကား | ၂၇၈ |
ဒေသ** | အာရပ်နိုင်ငံများ |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၂၀၁၉ (၄၃ကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
လက်ရှိတွင် ၎င်းသည် ရှေးဟောင်းသုတေသနနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းသုတေသန နယ်နိမိတ်အတွင်း လူဦးရေ ထောင်ဂဏန်း နှင့် ကျေးရွာအနည်းငယ်သာရှိသော်လည်း မကြာသေးမီ နှစ်များအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြင့်လာပြီး အချို့မှာ အပျက်အစီးများ အပေါ်သို့ ကျူးကျော် ဝင်ရောက်လာခြင်းဖြစ်သည်။ [၂] [၃] [၄] ရှေးဟောင်းသုတေသနနေရာသည် ယနေ့ခေတ် အီရတ်နိုင်ငံ ဘာဘေး အုပ်ချုပ်ရေးဒေသ ဟီလာရှိ ဘဂ္ဂဒက်မြို့ နှင့် ၈၅ ကီလိုမီတာ (၅၃ မိုင်) ခန့်အကွာတွင် တည်ရှိပြီး ၎င်း၏ နယ်နိမိတ်များသည် ဧရိယာ ၁၀၅၄.၃ ဟက်တာခန့်ရှိသော ရှေးဟောင်း အပြင်မြို့ရိုးများ၏ ပတ်ဝန်းကျင်ကို အခြေခံထားသည်။ [၅] ဘေဘီလုံ ကို ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စာရင်းသွင်းထားပြီး နှစ်စဉ် ထောင်နှင့်ချီသော ဧည့်သည်များ လာရောက် လည်ပတ်ကြပြီး အားလုံးနီးပါးမှာ အီရတ်လူမျိုးများ ဖြစ်သည်။ [၆] [၇]
ကိုးကား
ပြင်ဆင်ရန်- ↑ Tertius Chandler.
- ↑ Bringing Babylon back from the dead - CNN Video
- ↑ "In Beleaguered Babylon, Doing Battle Against Time, Water and Modern Civilization"။
- ↑ Management Plan of Babylon။
- ↑ Babylon World Heritage Nomination Text။
- ↑ 'It Was Like Magic': Iraqis Visit Babylon And Other Heritage Sites For 1st Time။
- ↑ Ancient city of Babylon heads list of new Unesco world heritage sites။