[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် စည်းစိမ်ဥစ္စာ၏ အပြစ်ငါးပါးနှင့် အကျိုးအာနိသင်ငါးပါးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂]


ဘောဂသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် စည်းစိမ်ဥစ္စာတို့၏ အပြစ်ငါးမျိုးနှင့် အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ဘောဂသုတ် ပြင်ဆင်ရန်

ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၃]

  • စည်းစိမ်ဥစ္စာတို့သည် မီးနှင့်ဆက်ဆံကုန်၏။
  • စည်းစိမ်ဥစ္စာတို့သည် ရေနှင့် ဆက်ဆံကုန်၏။
  • စည်းစိမ်ဥစ္စာတို့သည် မင်းနှင့် ဆက်ဆံကုန်၏။
  • စည်းစိမ်ဥစ္စာတို့သည် ခိုးသူနှင့် ဆက်ဆံကုန်၏။
  • စည်းစိမ်ဥစ္စာတို့သည် မချစ်မနှစ်သက်အပ်သော အမွေခံဆိုးတို့နှင့် ဆက်ဆံကုန်၏။[၃]

ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၃]

ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၃]

  • စည်းစိမ်ဥစ္စာတို့ကို အမှီပြု၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာဆောင်၏။
  • အမိ အဖတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာဆောင်၏။
  • သား သမီး မယား ကျွန်အလုပ်သမားတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာဆောင်၏။
  • မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာဆောင်၏။
  • အထက်ဘုံ၌ ဖြစ်စေတတ်သော ကောင်းမြတ်သော အာရုံကို ပေးတတ်သော ချမ်းသာကျိုးရှိသော နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ ဖြစ်စေ၏။[၃]

ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၂၂၆။ အံ၊မြန်၊၂၊၂၈၇-၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသယ၊ (၂၃) ၃-ဒီဃစာရိကဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃-ဒီဃစာရိကဝဂ်၊ ၇ - ဘောဂသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၇, ၂၈၈။